(zawgyi)
တိတ်ဆိတ်နေတဲ့ ကော်ဖီဆိုင်အတွင်း
ကောင်လေးနှစ်ယောက် မျက်နှာခြင်း
ဆိုင်ထိုင်ကာ ငြိမ်သက်နေကြ၏သူတို့ရှေ့ကကော်ဖီတွေလည်း အငွေ့
ပျောက်ကာအေးစက်လို့ဒီလိုထိုင်နေတာ နာရီဝက်လောက်ရှိပြီ
ဘာစကားမှမဆိုဖြစ်ကြဘူး"ယောလ် "
ဂျုံအင်ဘက်ကနေ စတင်ပြီး
တိတ်ဆိတ်မူကိုဖြိုခွဲလိုက်သည်"အင်း ပြောလေ"
"တောင်းပန်ပါတယ် အဲ့တုန်းက
ထွက်မတွေ့ခဲ့မိလို့ ""မဟုတ်တာ ကိုယ်ဒယ်ဒီကသာ
ခါအီ အာ ဂျုံအင်းရှီအပေါ်ကို
ဆိုးဝါးလွန်းတဲ့လုပ်ရပ်တွေ လုပ်ခဲ့တာပါ"ဂျုံအင် ခေါင်းငုံကာ ပြန်ငြိမ်သွားသည်
"နေကောင်းတယ်မလား ဂျုံအင်"
"ဟုတ် ကောင်းပါတယ် "
"ဒီကို ဘာကိစ္စနဲ့လာတာလဲ အပြီး
ပြန်လာတာလား အခုရောဘယ်မှာ
နေတာလဲ""အပြီးတော့မဟုတ်ပါဘူး အတည်ပြု
စရာလေးရှိလို့ရောက်နေတာ ဟိုတယ်မှာ
ပဲတည်းတယ်""အတည်ပြုစရာ? "
ဂျုံအင်ခေါင်းငြိမ်ပြလိုက်သည်...
"အခုသိသွားပြီ အဲ့ကြောင့် ချန်းယောလ်
ကိုတွေ့ချင်နေတာ သင်တန်းကို လာသေးတယ် အိမ်ပြန်ပြီပြောလို့ "".ကိုယ့်ကို ဘာကိစ္စနဲ့တွေ့ချင်တာလဲ"
ဂျုံအင် အသက်ခပ်ပြင်းပြင်းရှုကာ
"ကျတော်အခုပြောမှာတွေကို သေချာ
နားထောင်ပေးပါ သားကို ကျတော်ပြန်
ခေါ်ချင်တယ်"ထိုစကားကြောင့် ချန်းယောလ်
ကြောင်အသွားသည်..."ဂျုံအင် ဘာကိုပြောတာလဲ ကိုယ်
နားမလည်ဘူး""ပတ်ဆယ်ချန်းဆိုတဲ့ ကျတော်
သားလေးကိုပြန်ခေါ်ချင်တယ်လို့""ဆယ် ဆယ်ချန်းက ဂျုံအင် သား!"
ချန်းယောလ်ရဲ့ မဟာတရားအံသြနေပုံကို
ကြည့်ပြီး ဂျုံအင်ပါကြောင်နေမိတယ်