part-13

2.7K 330 45
                                    


(zawgyi)

"အကိုဟွန်း ​ရောက်​လာပြီလား?"

"အွန်း အန်​ကယ်​​ရော?"

"အခန်းထဲမှာ ဝင်​သွားလိုက်​ပါ "

"အင်း မင်​​ဆော့ ခဏထိုင်​အုံး​နော်​"

"​အေးပါ ​အေး​ဆေးစကား​ပြောကြ"

ဆယ်​ဟွန်းအခန်းထဲဝင်​လာ​တော့
အန်​ကယ်​ကကုတင်​​ပေါ်​ကျောမှီကာ
ထိုင်​​နေ၏....

မျက်​နှာလည်းမ​ကောင်းတာ​ကြောင့်
ကျ​တော်​စိတ်​ထဲတစ်​မျိုးဖြစ်​သွားရတယ်

"​ရောက်​လာပြီလား ဟွန်းငယ်​"

"ဟုတ်​ ​နေမ​ကောင်းဘူးလား အန်​ကယ်​"

"​ကောင်းပါတယ်​"

"​ပြောစရာရှိတယ်​ဆို အဲ့ဒါ?"

အန်​ကယ်​ကခဏတိတ်​ဆိတ်​​နေကာ
ပြောဖို့ခက်​​နေပုံပင်​....

"​ပြောပါ အန်​ကယ်​ ဘာအခက်​ခဲဖြစ်​​နေလို့လဲ?"

"​တောင်းပန်​ပါတယ်​ ဟွန်းငယ်​"

"ဘာ ဘာကို???"

"အန်​ကယ်​မှာ ​နောက်​ဆုံးမင်းကိုပဲ
အကူညီ​တောင်းစရာရှိ​တော့လို့ပါ"

"အန်​ကယ်​​ပြောတာ​တွေ တစ်​ခုမှ
နားမလည်​ဘူး "

"အန်​ကယ်​အမှား​တွေပါ "

"အန်​ကယ်​ ကျ​တော်​စိုးရိမ်​လာပြီ
ဘာ​တွေဖြစ်​တာလဲဟင်​??"

"သားချန်းနဲ့ဂျူံအင်​ကိုကွဲ​အောင်​လုပ်​တုန်းက.....

ဂျူံအင်​နာမည်​ပါလာတာမို့ ကျ​တော်
ရင်​​တွေတုန်​ကာ​ချွေး​တွေပျံလာ၏...

"ဂျူံအင်​မှာက​လေးရှိ​နေခဲ့တယ်​....

"ဗျာ!!"

ကျ​တော်​နားကြားမှားသလား?

"ဟုတ်​တယ်​ အန်​ကယ်​တကယ်​မသိခဲ့ပါဘူး
ဂျူံအင်​လည်းသိမ​နေဘူး ဟို​ရောက်​မှသိတာ
ထင်​တယ်​ အန်​ကယ်​လည်းသူတို့
အဆင်​​ပြေလား စုံစမ်းမှသိတာပါ......"

"အဲ့ အဲ့ဆို ချန်းက ဂျူံအင်​နဲ့
က​လေးရှိ​နေတယ်​​ပေါ့ "

အဖြည့်ခံ နှလုံးသား ♡ Where stories live. Discover now