(zawgyi)
"ဟွန်း ဒီကောင်က ငါ့လိုပဲ
နားကားကားလေးတွေလည်း
ရှိတယ်ဟ "ချန်းယောလ်စကားကြောင့် နို့ဗူးဖျော်နေတဲ့
ဆယ်ဟွန်းပြုံးလိုက်မိသည်အိပ်ယာပေါ် ခြေထောက်မိုးပေါ်ထောင်ကာ
ဆော့နေတဲ့သားကို တစ်နေရာခြင်းလိုက်
ကြည့်ပြီးပြောနေတာ..."ပြီးတော့ ဟွန်းလိုပဲ နှုတ်ခမ်းသေးသေး
လေးနဲ့နော် ချစ်စရာလေး""ချန်း သဘောကျလား ဆယ်ချန်းလေးကို"
"အင်း ငါက ကလေးချစ်တက်တာ
ဟွန်းသိရဲ့နဲ့ ""ချန်းသဘောကျတယ်ဆိုတာနဲ့တင်
ငါကျေနပ်ပါပြီ ""ဘယ်လိုမိဘကများ ဒီလိုချစ်စရာ
ကောင်းတဲ့ကလေးကိုစွန့်ပစ်ရက်တယ်"ချန်းရယ်.......
အဲ့ဒါ ချန်းရဲ့သားအရင်းပါ
"သူတို့မှာလည်း အကြောင်းတစ်ခုခု
ရှိလို့နေပါလိမ့်မယ် ""ဟုတ်ပါတယ် အပြစ်တင်နေလို့လည်း
မထူးပါဘူး ဘာပဲနေနေ ငါတို့လက်ထဲ
ရောက်လာပြီမို့ အကောင်းဆုံးပြုစု
ပျိုးထောင်ပေးရမယ်.. "ဆယ်ဟွန်း သူ့ကိုသိုင်းဖက်ရင်း
"ချန်းပြောသလို ငါတို့အတူတူပျိုးထောင်
ကြမယ် တသက်လုံးမခွဲအတူနေကြမယ်နော်"ဒါပေါ့ ဟွန်းရ"
ငါ့ရဲ့မိသားစုလေးကို မပြိုကွဲအောင်
ထိန်းသိမ်းမယ်ငါ့ရဲ့မိသားစုလေးနဲ့တသက်လုံး
ပျော်ပျော်ရွှင်ရွှင်နေသွားမယ်...အခုဆို ဆယ်ဟွန်းချစ်ရမဲ့သူ
တစ်ယောက်တိုးလာခဲ့ပြီချန်းနဲ့သားကသာ ဆယ်ဟွန်းဘဝပဲ
သူတို့သာမရှိရင် ဆယ်ဟွန်းဆက်အသက်
မရှင်နိုင်တော့ဘူး....အရမ်းချစ်တယ် ချန်း...ဆယ်ချန်းလေး ❣
.............
"ဖေဖေ ဒါဖေဖေ့မြေးလေးလေ
ပတ်ဆယ်ချန်းတဲ့ ချစ်စရာကောင်းတယ်မလား..."ဖေဖေလက်ကလေးကိုဆုပ်ကိုင်ကာ
သားပါးလေးနဲ့ထိတွေ့ပေးလိုက်၏...