(zawgyi)"အားး ပြီးပြီ "
အလုပ်ဖိုင်တွေကို လက်စသတ်ကာ
အပျင်းကြောဆန့်ပြီး ဆယ်ဟွန်း
ညည်းလိုက်မိသည်..နာရီကိုကြည့်တော့ ၁၁နာရီတောင်
ခွဲတော့မယ်..."သားနဲ့ချန်းအိပ်ပြီလားမသိဘူး"
ခုနစာကြည့်ခန်းထဲဝင်လာတုန်းက
သားဖနှစ်ယောက်ဆော့နေကျတာ...မီးဖိုချောင်ထဲရေဆင်းသောက်ပြီး
အခန်းထဲဝင်ခဲ့တော့ သားဖနှစ်ယောက်
အိပ်ပျော်နေကြပြီ....သားကိုချော့သိပ်ရင်းအိပ်သွားဟန်
ရှိတဲ့ချန်းကလည်း အိပ်ယာပေါ်ကန့်လန့်ကြီးသားကတော့ဖင်ကလေးကိုထောင်လို့
နေအိပ်တာ နှုတ်ခမ်းလေးကဆူသေးတယ်"အိပ်နေတာများ တစ်ပုံစံထဲပဲ.."
ကန့်လန့်ဖြစ်နေတဲ့သားကိုပွေ့ချီက
ခေါင်းအုံးပေါ်တင်ပြီး စောင်သေချာ
ချုံပေးလိုက်သည်....ကုတင်ပေါ်ကနေအောက်ကိုကျနေတဲ့
ချန်းခြေထောက်တွေကို အပေါ်တင်ဖို့
လုပ်နေတုန်း..."ဟင်.. ဟွန်း"
"ဆောရီး နိုးသွားလား "
"အင်းး အခုမှပြီးတာလား"
အိပ်ချင်မူးတူးကြီးနဲ့ထထိုင်ကာ
နံရံကနာရီဆီအကြည့်ပို့ရင်းမေးလာ
တဲ့ချန်း...."ဟုတ်တယ် ပြန်အိပ်လေ ခေါင်း
ကိုက်မယ် ""ဟွန်းကရော မအိပ်သေးဘူးလား"
"အင်း မနက်စာတွက် ပြင်ဆင်
စရာလေးတွေပြင်ထားမလို့""အာ...မနက်မှလုပ်တော့ လာ
အိပ်မယ် "အတင်းဆွဲချနေတာကြောင့်
"ခဏ ခဏလေး မီးပိတ်အုံးမယ်"
အမြန်ပဲမီးပိတ်ပြီး သူ့ရင်ခွင်ထဲ
တိုးဝင်ကာအိပ်ပစ်လိုက်သည်...ချန်းက ဆယ်ဟွန်းခေါင်းကို
အသာပွတ်ပေးရင်း..."မပင်ပန်းဘူးလား ဟွန်း"
"ဘာကိုလဲ အလုပ်လား "
"အင်း အလုပ်ရော သားကိစ္စတွေရော
အိမ်မူကိစ္စထိပါလေ"