part-9

3.1K 352 39
                                    


(zawgyi)

ချန်းရဲ့ ဆန္ဒအရ ကျ​တော်​တို့ မင်္ဂလာပွဲကို
အသိမိတ်​​ဆွေအနည်းငယ်​နဲ့သာအကျဉ်းရုံး
သာလုပ်​လိုက်​ရသည်​....

မင်​​ဆော့က​တောင်​အံသြ​နေ​လေရဲ့
ကျ​တော်​က​တော့ အားလုံးချန်းရဲ့သ​ဘော
အတိုင်းဖြစ်​​စေခဲ့တယ်​.....

လက်​ထက်​ပြီး​တော့လည်း အိမ်​ခွဲ​နေချင်​တယ်​ဆိုတဲ့သူ့အလိုအရ ကုမ္ပဏီနဲ့သိပ်​မလှမ်းမ​ဝေးမှာ
အန်​ကယ်​က အိမ်​ဝယ်​​ပေးခဲ့တယ်​..

ပြီး​တော့ ချန်းက အကသင်​တန်းမှာပဲ
ဂီတနဲ့ပတ်​သတ်​တဲ့အပိုင်းမှာဆရာဝင်​လုပ်​​နေ​တယ်​.......

ကျ​တော်​က​တော့ အရင်​အတိုင်းကုမ္ပဏီမှာပဲ
ဆက်​လုပ်​ဖြစ်​​နေတယ်​ လက်​ထက်​လိုက်​တာကလွဲလို့ချန်းနဲ့ကျ​တော့ဆက်​ဆံ​ရေးကဘာမှ​မ​ပြောင်းလဲပဲ အရင်​တိုင်း​လေးသာ.....

တစ်​ခုပဲ ချန်းက အန်​ကယ်​ကိုလုံးဝစကားမ​ပြော​တော့သလိုသွားလည်းမ​တွေ့​တော့ဘူး....

"ချန်း~ ညစာစားခဲ့ပြီလား??"

ဒီ​နေ့အိမ်​ပြန်​​နောက်​ကျတာမို့ ဆယ်​ဟွန်း
သူ့အ​ပေါ်ဝတ်​ကိုကူချွတ်​​ပေးရင်း​မေးလိုက်​မိသည်​....

"အင်း စားခဲ့ပြီ ဟွန်း​ရော?"

"စားပြီးပြီ ဒါနဲ့ ချန်း~ အန်​ကယ်
နေမ​ကောင်းဘူး"

သူ့ဒယ်​ဒီအ​ကြောင်းပါလာရင်​ မျက်​နှာက
အော်​တိုတင်းမာသွားပြီး..

"အဲဒါဘာလုပ်​ရမှာလဲ?"

"ချန်းစိတ်​နဲ့​နေမ​ကောင်းဖြစ်​​နေတာ
အန်​ကယ်​ကိုပစ်​မထားပါနဲ့ကွာ"

"ငါမျက်​နှာချင်းဆိုင်​ဖို့အစီစဉ်​မရှိ​သေးဘူး"

ဆယ်​ဟွန်းမျက်​နှာ​လေးညှိုးငယ်​သွား​လေသည်
ချန်းနဲ့အန်​ကယ်​ကိုအရင်​လိုပြန်​အဆင်​​ပြေ​စေချင်​တယ်​.......

"ငါ​ရေချိုးလိုက်​အုံးမယ်​"

"အွန်း အွန်း အင်္ကျီထုတ်​​ပေးထားမယ်​"

ချန်း​ယောလ်​​ရေချိုးခန်းထဲဝင်​သွား​တော့မှ
ဆယ်​ဟွန်းသူ့ဘက်​ဗီရိုဖွင့်​ကာ မိမိနဲ့ဆင်​တူညဝတ်​အင်္ကျီ​လေးကိုကုတင်​​ပေါ်တင်​​ပေးထားလိုက်​သည်​......

အဖြည့်ခံ နှလုံးသား ♡ Where stories live. Discover now