part-31

4.1K 524 108
                                    

(zawgyi)

"သား ပျော်ရဲ့လား "

"ဟုတ် ပါးပါး အဟီး "

သူလိုချင်တဲ့ ကစားစရာတွေ
ဆယ်ဟွန်းကဝယ်ပေးတော့
ပျော်နေတဲ့ ဆယ်ချန်းလေး

မနေ့ကတည်းက ဂျုံအင်ဆီဖုန်းဆက်ကာ
သားကိုလာပို့ခိုင်းလိုက်၏

ချန်းကတော့ ပြန်မရောက်သေးတာမို့
သားဖနှစ်ယောက်ဈေးဝယ်ထွက်ဖြစ်ကြသည်

သားကြိုက်တဲ့ သကြားလုံးတို့
ရေခဲမုန့်တို့ကို ဝယ်ကျွေးဖြစ်တယ်

သားကတော့ သူလိုချင်တာရတယ်
သူစားချင်တာစားရတော့ မျက်လုံးလေး
တွေပိတ်သည်ထိရယ်မောနေသည်

အိမ်ပြန်ရောက်တော့ သားကို ကုတင်ပေါ် ဝယ်လာတဲ့ကစားစရာ
တွေနဲ့ဆော့ခိုင်းပြီး ဆယ်ဟွန်းကတော့ ညနေစာတွက် ပြင်ဆင်နေလိုက်တယ်

ချန်းနဲ့သားကြိုက်တက်တဲ့ ဟင်းတွေ
ပဲရွေးချက်ဖြစ်တယ် နောက်ဆုံးအကြိမ်လေ

ချက်ပြုတ်ပြီးတော့ သားနဲ့ ကုတင်
ပေါ်ဆော့ပေးရတယ်

သားကိုဒီလိုအချိန်မပေးရတာ
အရမ်းကြာခဲ့ပြီ အလုပ်ထဲမှာပဲ
စိတ်နှစ်နေရတော့ အမြဲပစ်ထားသလို
ဖြစ်နေခဲ့တယ်....

"ပါးပါး အဲ့ဒါကို ဒီလိုကိုင်ထား
သားက ဓားနဲ့တိုက်ခိုက်မယ် "

"ဟုတ်ပြီ ကိုင်ထားပြီ "

ဂေါ်ဇီလာအရုပ်ကို ဆယ်ဟွန်းက
ကိုင်ထားပြီး သားကတော့ ပါဝါရိန်းဂျား
အရုပ်ကိုင်ကာ ပါးစပ်ကလည်း ပွစိပွစိနဲ့
ပြောပြီး တိုက်ခိုက်တော့သည်

"ပါးပါး ပြန်ချလေ "

"အေးပါ အေးပါ "

"ရေးးး သားနိုင်ပြီ "

နောက်ဆုံး အလိုက်တသိ ဂေါ်ဇီလာ
ကြီးသေပေးရတော့တယ်

တစစီဖြစ်သွားတဲ့ ဂေါ်ဇီလာကို
ပြန်ဆက်နေတဲ့ သားဆံပင်လေးတွေကို
ပွတ်သတ်ရင်း မြတ်နိုးစွာကြည့်နေမိ၏

သားလေးတောင် တော်တော်ကြီးပြင်း
လာခဲ့ပြီပဲ.... ပါးဖောင်းဖောင်းလေးကို
မွှေးကြူရင်း...

"သား ပါးပါးကို ချစ်လား "

"ချစ်တာပေါ့ ပါးပါးရဲ့ "

အဖြည့်ခံ နှလုံးသား ♡ Where stories live. Discover now