(zawgyi)
"ဟွန်းရေ မြန်မြန်လုပ်ကွ ဒီမယ်
မင်းရဲ့သားကဂျီကျနေပြီ ""ခဏလေးပါ ထမင်းဗူးနဲ့မုန့်
ထည့်နေလို့"မီးဖိုခန်းထဲကနေ ခေါင်းပြူထွက်ကာ
ဧည့်ခန်းဆိုဖာပေါ်ထိုင်နေတဲ့ သားနဲ့
ချန်းကိုစိတ်မချစွာကြည့်ရသေးသည် ..သားကအပြင်ထွက်ချင်နေပြီမို့ သူ့ဒယ်ဒီကို
ဂျီတွေတိုက်နေတယ်..."သားရာ ငြိမ်ငြိမ်နေပါကွာ
သွားကြမယ်လေ...""အဟင့် ဟင့် ပါးပါး"
စကားတစ်လုံးစနှစ်လုံးစပြောတက်နေ
ပြီဖြစ်တဲ့သားကသူ့ပါးပါးကိုပါးစပ်ဖျား
ကမချ.....အေးလေ ဆယ်ဟွန်းနဲ့ပဲအနေများတာကို
ဆယ်ဟွန်းကဘယ်လောက်အလုပ်ရှုပ်ပါစေ
သားကိုခေါ်သွားတက်တယ်...ချန်းယောလ်ဆီတခါတလေမှသာ
ချန်းပင်ပန်းမှာစိုးလို့တဲ့လေ...သားကလည်း ဆယ်ဟွန်းမှဆယ်ဟွန်း
ဆယ်ဟွန်းသိပ်မှအိပ်တယ် ဆယ်ဟွန်း
ခွံကျွေးမှထမင်းစားတယ်...ရေချိုးပြီးအဝတ်စားလဲတာကအစ
ဆယ်ဟွန်းမပါမပြီးဘူး...ဟော် ချန်းယောလ်နဲ့ဆို အမြဲဂျီကျတတ်
သည် ချန်းယောလ်ကအလိုလိုက်တာလဲ
ပါတယ်ဆယ်ဟွန်းကကျ ချစ်တာချစ်တယ်
လုံးဝအလိုမလိုက်ဘူး...."သားရေ ပါးပါးပြီးပြီ လာ လာ"
မီးဖိုခန်းထဲ ထွက်လာတဲ့ဆယ်ဟွန်း
ချီတော့မှာငြိမ်ကျသွားလေ၏..."ချန်း ထမင်းဗူးနဲ့မုန့်တွေကားပေါ်တင်
ထားပေးပါ့လား"."အင်း တင်ထားလိုက်မယ်
မင်ဆော့ရော လိုက်မှာလား""ဟုတ်တယ် သူကားမောင်းမယ်ဆိုလို့"
"ကောင်းတာပေါ့ "
ဒီနေ့ပိတ်ရက်မို့ ပျော်ပွဲစားထွက်ကြမည်..
ဆယ်ဟွန်းလည်းအဝတ်စားလဲပြီးရော
မင်ဆော့လည်းရောက်လာသည်..."ဆယ်ဟွန်း သွားကြတော့မလား"
"အေး ဒါတွေကူသယ်အုံး အဟဲ"
သားတွက်အဝတ်စားပိုထုပ်ကိုပစ်ပေးရင်း
ဆယ်ဟွန်း မင်ဆော့ကိုသွားဖြဲပြလိုက်သည်