အာ ဝူး… အာ ဝူး... အူအူ... အူ…
ကြီးမားသောအိမ်တော်ကြီးအတွင်းမှဝံပုလွေများ၏အူ
နေသောအသံများကတောနက်ကြီးတစ်ခုလုံးကိုပျံ့လွင့်နေလေသည်။“ ညီအစ်ကိုတို့… ဘာလဲဗိုက်ဆာနေကြပြီလား”
ဟုပြောကာဆယ်ရှစ်နှစ်အရွယ်လူငယ်လေး
တစ်ယောက်ကသူ့၏ဝံပုလွေအကောင်သုံးဆယ်ကိုတစ်ကောင်ချင်းစီကိုကျောလိုက်ပွတ်သတ်ပေးနေသည်။ထို့နောက်လူငယ်လေးကသူ့၏ဝံပုလွေတွေစား
ဖို့အတွက်အသားစိမ်းတုံးကြီးများကိုအစာခွက်အခုသုံးဆယ်ထဲတွင်လိုက်ထည့်လိုက်ပြီးတော့သူ့၏ဝံပုလွေ
တွေရှေ့မှာတစ်ခွက်ချင်းစီလိုက်ချပေးနေလိုက်လေသည်။“ ကဲ…ညီအစ်ကိုတို့နေ့လည်စာသုံးဆောင်လို့ရပါ
ပြီဗျာ့”ဟုသူကပြောလိုက်သည်နှင့်သူ့ဝံပုလွေအကောင်သုံးဆယ်ကအစာခွက်ထဲတွင်ထည့်ထားပေးသောအသားစိမ်းတုံးကြီးများကိုအိမ်မွေးတိရစ္ဆာန်ငယ်လေးတွေပမာ
စားနေလိုက်ကြလေသည်။ဖြူဖွေးစင်ကြယ်သောအသားအရေ၊စူးရှပြတ်သားသောမျက်ဝန်း၊ဖြောင့်စင်းနေသောနှာတံချွန်၊လကွေးသဏ္ဍန်မဲနက်နေသောမျက်ခုံး၊စွဲမက်ဖွယ်ကောင်းလွန်းလှသည့်နှုတ်ခမ်းတစ်စုံနဲ့သေးသွယ်သောမျက်နှာကျကိုပိုင်ဆိုင်ထားပြီးတော့အရပ်၆ပေ၄လက်မကို
ပိုင်ဆိုင်ထားသည့်ထိုလူငယ်လေး၏အမည်ကတော့
ဝိညာဉ်မဲ့ပင်ဖြစ်လေသည်။ဝိညာဉ်မဲ့သည်
အလင်းရောင်နေနတ်မင်းကြီးနဲ့ညနတ်သမီးတို့
၏တစ်ဦးတည်းသောသားတော်ပင်ဖြစ်လေသည်။
ဝိညာဉ်မဲ့သည်ဖခမည်းတော်နေနတ်မင်း၏စွမ်းအင်
ဖြစ်သည့်ပူလောင်လွန်းလှသည့်မီးစွမ်းအင်ကိုပိုင်
ဆိုင်ထားသလိုမိခင်ညနတ်သမီး၏စွမ်းအင်ဖြစ်သည့်လရဲ့အေးမြလွန်းလှသောရေခဲစွမ်းအင်တို့ကိုပိုင်
ဆိုင်ထားသူတစ်ယောက်လည်းဖြစ်လေသည်။
ဝိညာဉ်မဲ့၏မိဘနှစ်ပါးကသူ့တို့၏သားအတွက်ဆိုပြီး
တော့ကြီးမားသောအိမ်တော်ကြီးတစ်ခုကိုဖန်ဆင်းထားပေးထားပြီးတော့ထိုအိမ်တော်ကြီးထဲကအသုံးအ
ဆောင်မှန်သမျှကိုလည်းရွှေငွေရတနာများဖြင့်စီ
ချယ်ကာဖန်ဆင်းထားပေးလေသည်။ဝိညာဉ်မဲ့ကသူ့၏
မိဘများချန်ထားခဲ့သောများပြားလှသောစီးပွားရေး
လုပ်ငန်းများကိုသူ့၏အသက်ဆယ့်ငါးနှစ်အရွယ်ကတည်းကဦးစီးလုပ်ကိုင်နိုင်သူတစ်ဦးလည်းဖြစ်လေသည်။သို့သော်အလိုလောဘကြီးလွန်းလှသည့်လူ
တစ်ချို့ကဝိညာဉ်မဲ့၏ပိုင်ဆိုင်မှုများကိုလိုချင်နေကြသည့်အတွက်အမြဲတမ်းလိုလိုသူ့၏အိမ်တော်ကြီးထဲကိုအလည်လာကြကာအပြန်တွင်တော့အိမ်တော်ကြီးထဲမှာရှိသည့်ရတနာအစစ်များဖြစ်ပြုလုပ်ထားသည့်အသုံးအဆောင်တွေဖြစ်တဲ့ကျောက်မျက်များနဲ့ပြုလုပ်ထားသည့်စားပွဲတင်ပန်းအိုး၊ရွှေသားနဲ့လုပ်ထားတဲ့
ရေနွေးကြမ်းခွက်၊ရွှေသားထမင်းစားပန်းကန်၊
ရွှေဇွန်းစသည်တို့ကိုခိုးယူသွားတတ်ကြလေသည်။
ဝိညာဉ်မဲ့ကသူတို့၏လုပ်ရပ်ကိုမသိလိုက်သည့်အ
ချိန်တွင်တော့အသက်ချမ်းသာရာရကြပေမယ့်သူတို့ရဲ့လုပ်ရပ်များကိုလက်ပူလက်ကြပ်မိသွားခဲ့ရင်တော့တစ်ယောက်မှအသက်ချမ်းသာရာမရကြပေ၊
ဝိညာဉ်မဲ့ကသူ့၏ပိုင်ဆိုင်မှုတွေကိုခိုးယူသွားလို့မိထားတဲ့သူမှန်သမျှကိုသူ့၏စွမ်းအင်ဖြစ်တဲ့မီးနဲ့
အရှင်လတ်လတ်ရှို့သတ်တတ်သလိုသူ့၏နောက်
ထပ်စွမ်းအင်တစ်ခုဖြစ်တဲ့ရေခဲစွမ်အင်းဖြင့်ထိုလူတွေကိုရေခဲတုံးကြီးအဖြစ်လုပ်ကာအရှင်လတ်လတ်အ
အေးလွန်ပြီသေသွားအောင်အပြစ်ပေးတတ်တဲ့
သူဖြစ်လေသည်။ဝိညာဉ်မဲ့ကသူ့ကိုဒုက္ခလာပေး
တတ်တဲ့လူတွေကိုသာမကအပြစ်မရှိတဲ့လူသားတွေကိုသတ်ဖြတ်စားသောက်တတ်သည့်မကောင်းဆိုးဝါး
မှန်သမျှကိုလည်းအသက်ရှင်ခွင့်မပေးပဲရှင်းလင်း
သတ်ဖြတ်တတ်လေသည်။ထို့ကြောင့်သူက
ကယ်တင်ပေးလို့အသက်ရှင်ခွင့်ရသွားသည့်လူအများ
စုကသူ့တို့ကိုရန်ရှာသတ်ဖြတ်တတ်သည့်အမှောင်မိစ္ဆာမှန်သမျှကိုရှင်းလင်းပေးသည့်နတ်ဘုရားဆိုတဲ့
အဓိပ္ပါယ်သဘောမျိုးနဲ့Black Godဟုခေါ်ဆို
တတ်ကြလေသည်။မကောင်းဆိုးဝါးမှန်သမျှတို့ကလည်းဝိညာဉ်မဲ့ရဲ့ရက်စက်စွာသတ်ဖြတ်တတ်တာကို
ကြောက်ကြသဖြင့်Black Godဆိုတဲ့နာမည်ကိုကြားရုံမျှနဲ့ပင်သူရှိနေသည့်နေရာကိုလာပြီးတော့မနှောက်ယှက်ရဲကြပေ၊