ဝိညာဉ်မဲ့လည်းတစ်ခုခုကိုသတိရမိသွားသောကြောင့်
ဦးလွန်းပိုင်ကိုနှစ်သိမ့်ပေးနေရာမှ“ ဦးလွန်းပိုင်…ခင်ဗျားကိုမြေခွေးမင်းသားလေး
သတ်ဖို့လုပ်တယ်ဆိုတာဟုတ်လား”ဟုမေးလိုက်လေသည်။
“ သခင်လေး…ကျွန်တော်မျိုးလည်းကြောက်နေ
တာဆိုတော့လေမြေခွေးမင်းသားလား၊ဘာလားတော့မသိပါဘူးဗျာ၊ကျွန်တော်မျိုးသိတာကတော့အဲဒီမြေခွေးရဲ့လက်သည်းချွန်ကြီးတွေကကျွန်တော်မျိုးရဲ့
ရင်ဘတ်ကိုထိုးစိုက်ဖို့အတွက်လက်ရွယ်လိုက်တာကိုပဲမှတ်မိပြီးတော့ကျွန်တော်မျိုးလည်းအကြောက်လွန်နေ
သည့်အတွက်ကြောင့်နောက်ပိုင်းဘာဆက်ဖြစ်
တယ်ဆိုတာမသိတော့ပါဘူးဗျာ”ဟုဦးလွန်းပိုင်ရှင်းပြလိုက်လေသည်။
“ ဦးလေးကြီးအကြောက်လွန်ပြီးတော့သတိမေ့
သွားတာပါ၊အဲဒီအချိန်မှာမြေခွေးမင်းသားတိမ်နက်ရှင်
ရဲ့လက်ကဦးလေးကြီးရဲ့ရင်ဘတ်ကိုဖောက်ထုတ်ပစ်
ဖို့လုပ်နေတော့ကျွန်မလည်းအဲဒီလူဆိုးလက်ကနေ
ဦးလေးကြီးကိုကယ်လာခဲ့ပေးတာပါ”ဟုဝတ်စုံဖြူနဲ့မိန်းကလေးပြောလိုက်လေသည်။
ဝိညာဉ်မဲ့မြေကြီးပေါ်တွင်ထိုင်နေရာမှထလိုက်ကာထို
ကောင်မလေးအနားကိုသွားပြီးတော့သူမ၏မျက်နှာကိုစိုက်ကြည့်လိုက်ကာ“ မင်း…တိမ်နက်ရှင်ရဲ့တပည့်လား၊ငါ့လူကိုကယ်
ဟန်ဆောင်ပြီးတော့ငါ့နဲ့ခင်အောင်လုပ်ပြီးတာနဲ့ငါ့ကို
ရှင်းပစ်ဖို့အတွက်မင်းသခင်ရဲ့စေခိုင်းချက်တွေအတိုင်း
ဇာတ်လမ်းလာရိုက်နေတာလား”ဟုသံသယစိတ်ဖြင့်မေးလိုက်လေသည်။
“ ရှင်…ရှင်…ဘာကိစ္စနဲ့ကျွန်မကိုအဲဒီမိစ္ဆာရဲ့တပည့်
လို့စွပ်စွဲပြောဆိုရတာလဲ၊ရှင့်လူကိုအဲဒီမိစ္ဆာရဲ့လက်
ချက်နဲ့သေသွားမှာကိုစိုးရိမ်လို့စေတနာနဲ့ကယ်ပေးထားတာကိုရှင်ကျွန်မရဲ့စေတနာကိုစော်ကားတာတော့မ
ကောင်းဘူးပေါ့ရှင်”ဟုပြောနေသောသူမကို
“ အဟက်…စေတနာနဲ့ကယ်တာတဲ့ ရယ်ချင်
လိုက်တာမနည်းထိန်းထားရတယ်၊ဒီမှာမိန်းကလေး…
လူတိုင်းကလေကိုယ့်အတွက်အကျိုးရှိမယ့်အလုပ်ကိုပဲလုပ်တတ်ကြတယ်၊ဘယ်သူမှကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်ကိုမလုပ်ချင်ကြဘူးလေ၊ဟိုစကားပုံကို
တော့ကြားဘူးမှာပေါ့၊
“အကျိုးလိုမှ ညောင်ရေလောင်းတယ် ” ဆိုတဲ့
စကားပုံလေ၊မင်းလည်းငါ့ဆီကနေအကျိုးတစ်ခုခုကို
လိုလားလို့သူ့ကိုမင်းတမင်ဝင်ကယ်တာမဟုတ်လား၊
ပြော…မင်းငါ့ဆီကနေဘာလိုချင်လဲ”