ဝသုန်နဲ့မိုးတို့လည်းသူ့အစ်ကို၏စကားကိုကြားလိုက်
ရတော့အစ်ကိုဝိညာဉ်မဲ့ဘက်ကိုလှည့်ကြည့်လိုက်ကြ
ပြီးတော့“ အစ်ကိုဝိညာဉ်မဲ့ အိပ်နေတာတကယ့်ကလေး
လေးလို့ပဲနော်၊ဘာအပူအပင်မှမရှိပဲနဲ့အိပ်နေလိုက်တာ
ချစ်စရာလေးနော်၊ညီမစိတ်ထဲရှိတဲ့အတိုင်းသာဆိုရင်
အစ်ကိုဝိညာဉ်မဲ့ရဲ့ပါးလေးနှစ်ဖက်ကိုခပ်ဖွဖွလေးဆွဲ
ပစ်လိုက်ချင်တယ်”ဟုပြောလိုက်သောသူ့ညီမ၏စကားကြောင့်
“ မိုး…နင့်စကားဘာအဓိပ္ပါယ်လဲ၊အစ်ကို…
ဝိညာဉ်မဲ့ကိုယောက်ဖမတော်နိုင်ဘူးဆိုတာအခုကတည်းကနင့်ကိုအပြီးပြောထားမယ်နော်၊ကောင်မ
လေးနော်အသက်ဖြင့်ဘယ်လောက်မှမရှိသေးဘူး စိတ်ကစားဖို့တော့မစဉ်းစားနဲ့အုံး”ဟုပြောလိုက်သောသူ့အစ်ကိုကြီးမိုးကြိုး၏စကား
ကြောင့်မိုးဒေဝီလည်းအားရပါးရရယ်လိုက်ပြီးတော့မှ“ အမလေး…အစ်ကိုကြီးမိုးကြိုးရယ်၊ဘာတွေ
လျှောက်တွေးပြီးပြောနေတာလဲ၊ညီမလေးပြောတာက
အစ်ကိုဝိညာဉ်မဲ့အိပ်နေတာကလေးလေးနဲ့တူလို့
ညီမရဲ့သားလေးသာဆိုရင်သူ့ပါးကိုခပ်ဖွဖွလေးဆွဲ
ပစ်လိုက်ချင်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ပြောတာလေ၊တို့
အစ်ကိုကြီးများလည်းတွေးချင်တာကိုတွေးပြီးပြောချင်
ရာကိုလျှောက်ပြောဖို့လောက်ပဲတတ်တယ်”ဟုသူ့အားပြောထည့်လိုက်သောကြောင့်
“ အစ်ကိုလည်းညီမလေးကိုစိတ်ပူလို့ပြောမိတာပါ
ကွာ၊အစ်ကို့ကိုစိတ်မဆိုးနဲ့နော်"ဟုပြောနေသောအစ်ကိုကြီးမိုးကြိုးကို
“ အစ်ကိုကြီးမိုးကြိုးကိုညီမလေးစိတ်မဆိုးပါဘူး၊
နောက်ပြီးတော့အစ်ကိုဝိညာဉ်မဲ့ကိုညီမလေးရဲ့အစ်ကို
အရင်းတစ်ယောက်လိုပဲချစ်တာပါ၊အဲဒါကြောင့်
ညီမလေးကိုအစ်ကိုကြီးမိုးကြိုးဘာမှစိတ်မပူပါနဲ့နော်”ဟုမိုးဒေဝီလည်းသူ့အစ်ကိုကိုစိတ်မပူဖို့ပြောလိုက်လေသည်။
“ အေးပါကွာ အစ်ကိုညီမလေးကိုယုံပါတယ်ကွာ၊
အစ်ကိုလည်းဝိညာဉ်မဲ့ကိုသွားနှိုးလိုက်အုံးမယ်နော်”