“အိမ်တော်ထိန်းကြီး…ဝိညာဉ်မဲ့ပြောသွားတဲ့
စကားတွေကိုတစ်ခုမှကျွန်တော်တို့သဘောမပေါက်
လို့နားလည်အောင်ပြောပြပေးပါလားဗျာ”ဟုမိုးကြိုးသွားလည်းသိချင်တဲ့စိတ်နဲ့မေးလိုက်လေသည်။
“ လူငယ်လေးနားလည်အောင်ရှင်းပြရမယ်ဆိုရင်
အဲဒီလက်နက်ပုန်းရဲ့အဓိကပစ်မှတ်ဘယ်သူ့ကို
လဲဆိုတာတော့မသိဘူးပေါ့ကွယ်၊ဒါပေမယ့်
အဲဒီလက်နက်ပုန်းအိမ်တော်ထဲကိုမဝင်လာခင်ကတည်းကသခင်လေးရဲ့ညီအစ်ကိုတွေထူးထူးခြားခြား
ခြံအပြင်ဘက်ကိုပြေးထွက်ဖို့လုပ်နေကြတော့
ဦးလေးလည်းသားကောင်တွေလာတယ်လို့ပဲထင်ခဲ့တာလေ၊အရင်ကတည်းကအဲဒီတောအုပ်ဘက်မှသား
ကောင်းကြီးတွေလာကျက်စားနေကြဆိုတော့ကာ
ဦးလေးလည်းသားကောင်တွေအထင်နဲ့ပေါ့လျော့ခဲ့မိ
တာပေါ့ကွယ်၊အဲဒီအချိန်မှာခြံဝဘက်ကိုစုပြုံပြီးတော့
အပြင်ဘက်ကိုထွက်ဖို့ပြင်နေကြတဲ့သခင်လေးရဲ့
ညီအစ်ကိုတွေလည်းအိမ်ထဲဘက်ကိုမျက်နှာပြန်လှည့်
လာပြီးလေထဲကိုခုန်တက်ကြပြီးတော့
တစ်ခုခုကိုလိုက်ဖမ်းနေကြတော့မှဦးလေးလည်း
သူတို့လိုက်ဖမ်းနေတဲ့နေရာကိုကြည့်လိုက်မိတော့မှ
လက်နက်ပုန်းတစ်ခုမှန်းသိလိုက်တော့တယ်၊အဲဒီအချိန်မှာပဲလက်နက်ပုန်းလည်းလျင်မြန်လွန်းတဲ့အရှိန်နဲ့
ဝင်သွားတာကြောင့်ဦးလေးလည်းအိမ်ထဲကိုပြေးဝင်
လာတော့လဲကျနေတဲ့သခင်လေးကိုတွေ့လိုက်ရတော့
သခင်လေးကိုထိခိုက်မိသွားပြီထင်လို့လန့်သွားခဲ့တာ
လေ၊နောက်တော့မှသခင်လေးထလာတာကိုတွေ့
တော့မှရင်အေးသွားရတာပေါ့ဗျာ”ဟုဦးလွန်းပိုင်လည်းသခင်လေးရဲ့ဧည်သည်တွေကို
နားလည်အောင်ရှင်းပြလိုက်ရလေသည်။“ ဒီလက်နက်ပုန်းရဲ့ဦးတည်ချက်ကသခင်လေး
ခေါ်လာခဲ့တဲ့သူတွေဆီကိုဦးတည်လာတာပဲဖြစ်ရမယ်၊
သူတို့ကြောင့်နဲ့ငါ့သခင်လေးကိုထိခိုက်မိတော့မလို့ပဲ၊
သခင်လေးရယ်…ခဏတုန်းကလေသခင်လေးလဲကျ
နေတာကိုတွေ့ရတော့လေသခင်လေးကိုထိခိုက်မိသွားပြီထင်လို့ကျွန်တော်မျိုးမျက်လုံးတွေတောင်ပြာကုန်တယ်ဗျာ၊အခုလည်းသခင်လေးအန္တရာယ်ရှိတဲ့
နေရာဆီကိုသွားနေရပြန်ပြီဗျာ၊သခင်လေးကိုကူညီချင်
ပေမယ့်ကျွန်တော်မျိုးလိုသာမန်လူသားတစ်ယောက်ကူညီနိုင်တဲ့ကိစ္စလည်းမရှိပါလား”