Black God (or) ဝိညာဉ်မဲ့ နှလုံးသား P.6

169 9 0
                                    


         “ ဟေ့ကောင်နန္ဒ၊ဒီမှာငါတားထားတဲ့စည်းကိုမြင်တယ်နော်၊ငါ့လက်ထဲမှာရှိနေတဲ့မင်းရဲ့သားကိုပြန်လိုချင်ရင်ဆိုရင်မင်းရဲ့မိန်းမဟေမာန်မဒီကိုအဲဒီစည်းမှာရပ်ခိုင်းပြီးတော့ငါ့ကိုပေးရလိမ့်မယ်၊မင်းမိန်းမကိုမပေးဘူးဆိုရင်တော့မင်းရဲ့သားတော်မောင်မိုးကြိုးသွားရဲ့အသည်းနဲ့နှလုံးကိုသူ့ရင်ဘတ်ထဲကနေအရှင်လတ်လတ်ငါဆွဲထုတ်ပြီးတော့ကိုစားပြမယ်၊
ဘယ်လိုလဲ…မင်းရဲ့သားနာကျင်ခံစားရမှာကိုဖအေတစ်ယောက်အနေနဲ့မင်းကြည့်ရက်လို့လား”

ဟုပြောကာမြေခွေးမိစ္ဆာဘုရင်အသုလလည်းနန္ဒ၏သားဖြစ်သူရဲ့ရင်ဘတ်ကိုအရင်ဦးဆုံး
သူ့လက်သည်းချွန်နဲ့အသာလေးထိုးထည့်လိုက်တော့

     “ အား…နာတယ်…အား…နာတယ်၊ဖေဖေ…သားကိုကယ်ပါအုံး၊မေမေ…သားကိုကယ်ပါအုံး၊သားနာလာပြီ”

ဟုပြောကာနှစ်နှစ်သားအရွယ်မိုးကြိုးသွားတစ်ယောက်
အော်ငိုနေလေသည်။

     “ ကိုအသုလရယ်၊ကျွန်မသားလေးကိုနာကျင်
အောင်မလုပ်ပါနဲ့ရှင်၊ရှင်လိုချင်တယ်ဆိုရင်ကျွန်မတို့
တစ်အိမ်လုံးမှာရှိတဲ့ရွှေတွေ၊ငွေတွေကိုအကုန်လုံးပေး
ပါ့မယ်ရှင်၊ကျွန်မရဲ့သားလေးကိုတော့လွှတ်ပေးပါနော်၊ကျွန်မတောင်းပန်ပါတယ်ရှင်၊ရှင့်မှာလဲသားသမီးရှိတာ
ပဲ၊ငယ်ရွယ်တဲ့ကျွန်မသားလေးကိုဒီလောက်ထိတော့နာကျင်အောင်မနှိပ့်စက်သင့်ပါဘူးရှင်”

ဟုလေနတ်သမီးဟေမာန်မဒီပြောကာတောင်းပန်နေ
ပေမယ့်

     “ ဟား…ဟား…ဟား…မဒီကလဲကွာ၊ကိုယ်ရဲ့ဘဝမှာရွှေတွေငွေတွေမလိုဘူးဆိုတာကိုမင်းသိလျက်သား
နဲ့ကွာ၊ကိုယ်လိုအပ်နေတာမင်းလေးကိုလေ၊မင်းသာ
ကိုယ်တားထားတဲ့စည်းမှာရပ်လိုက်တာနဲ့မင်းရဲ့သား
မိုးကြိုးသွားကိုနန္ဒဆီကိုယ်ပြန်ပေးလိုက်ပါ့မယ်၊မင်း
လည်းမင်းရဲ့သားကိုမစွဲလမ်းနေပါနဲ့၊မင်းကိုယ့်ကို
လက်ထပ်ပြီးရင်လည်းဒီလိုချစ်စရာကောင်းတဲ့ကလေး
လေးတွေမွေးလို့ရအောင်ကိုယ်ကူညီပါ့မယ်ကွာ”

ဟုမြေခွေးမိစ္ဆာကြီးအသုလပြောလိုက်လေသည်။

    “ ဟိတ်ကောင်…အသုလ၊မင်းစကားတွေကယုတ်
မာလှချည်လားကွာ၊မင်းဘာကိစ္စနဲ့ငါ့ဇနီးကိုစကားနဲ့
ပစ်မှားနေရတာလဲ၊မင်းသတ္တိရှိရင်ငါ့နဲ့တစ်ယောက်
ချင်းယှဉ်မယ်၊ငါနိုင်ရင်ငါ့သားကိုပြန်ပေး၊ငါရှုံးရင်တော့
ငါ့သားကိုမင်းကြိုက်သလိုသာလုပ်ပစ်လိုက်ကွာ”

Black God (or) ဝိညာဉ်မဲ့ နှလုံးသားWhere stories live. Discover now