ဦးအသုလလည်းသူခေါ်ဆောင်လို့သူ့ဆီ
ကိုရောက်လာသောအမည်းရောင်မိစ္ဆာမြင်းပျံနှင့်အမည်းရောင်မိစ္ဆာဆင်ရိုင်းပျံအကောင်ခြောက်ဆယ်နဲ့မိစ္ဆာခွေးအကြီးတွေကိုသူ့ကိုရှင်းပစ်ဖို့
အတွက်တိမ်နက်ရှင်နဲ့ပူးပေါင်းထားတဲ့ဝိညာဉ်မဲ့တို့ကိုအသေသတ်ပစ်ဖို့အမိန့်ပေးလိုက်တာနဲ့ထိုအမည်းရောင်မြင်းပျံကြီးတွေနှင့်အမည်းရောင်ဆင်ရိုင်းကြီးတွေလည်းသူ့သခင်စေခိုင်းတဲ့နေရာဆီကိုလေမှာပျံသန်း
ရင်းနဲ့ပြေးဝင်လာကြသလိုမြေပြင်မှာအသင့်စောင့်နေတဲ့မိစ္ဆာခွေးအကြီးများလည်းသူတို့သခင်ရဲ့စေခိုင်းချက်အတိုင်းမြေပြင်မှာရှိနေတဲ့သူတို့တိုက်ခိုက်ရမယ့်နေ
ရာဆီကိုပြေးဝင်လာကြလေသည်။ဝိညာဉ်မဲ့လည်းမိုးကြိုးသွား၊တိမ်နက်ရှင်၊မြေဝသုန်၊
မြူခိုးရှင်၊မိုးဒေဝီတို့ကိုစိတ်ချင်းဆက်သွယ်လိုက်ပြီး
တော့“ အခုငါတို့ဆီကိုပြေးဝင်လာနေတဲ့မိစ္ဆာကောင်
တွေကတကယ်တော့မိစ္ဆာအစွမ်းနဲ့ထိန်းချုပ်ထားလို့သာအရိုင်းစိတ်ဝင်နေတဲ့အတွက်ကြောင့်ငါတို့အားလုံးရဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးတော့တိုက်
ခိုက်ရင်အဲဒီမိစ္ဆာတွေအားလုံးကိုအလွယ်တကူနှိမ်
နင်းနိုင်မယ်ဆိုတာကိုငါတို့အားလုံးရဲ့စိတ်ထဲမှာ
မှတ်ယူပြီးတော့ဒီမိစ္ဆာကောင်ကြီးတွေနှိမ်နင်း
တိုက်ခိုက်လိုက်ကြရအောင်”ဟုစိတ်ဖြင့်ပြောလိုက်ပြီးတာနဲ့တပြိုင်နက်သူကိုယ်
တိုင်လည်းသူ့ဘက်ကိုပြေးဝင်လာတဲ့မိစ္ဆာမြင်းပျံနဲ့မိစ္ဆာဆင်ရိုင်းဆယ်ကောင်ကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့
မှော်သတ္တဝါမီးငှက်ကိုထိုမိစ္ဆာကောင်တွေရဲ့အ
ထက်ဘက်ကောင်းကင်ယံဆီသို့ပျံသန်းတက်ခိုင်းလိုက်ပြီးတော့ထိုမိစ္ဆာမြင်းရိုင်းပျံနဲ့ဆင်ရိုင်းပျံတို့ရဲ့အလယ်ကောင်းကင်ယံမှာရပ်ခိုင်းလိုက်လေသည်။ထို့
နောက်ဝိညာဉ်မဲ့လည်းသူ့ညာဘက်လက်ထဲမှမီးစွမ်းအင်တွေအားလုံးကိုစုစည်းထားတဲ့မီးစွမ်းအင်ဓားကြီးကိုကိုင်ကာမီးငှက်ပေါ်မှာရပ်နေတဲ့သူ့ကိုယ်ကိုဖော့ကာ
လေပေါ်ကိုပျံသန်းတက်လိုက်
ပြီးတော့သူ့ကိုယ်ကိုလေထဲမှာတစ်ပတ်လှည့်လိုက်ကာ
သူ့လက်ထဲမှာကိုင်ဆောင်ထားတဲ့သူ့ရဲ့မီးစွမ်းအင်လေးမျိုးစလုံးကိုစုစည်းထားတဲ့ဓားကြီးကိုမွေ့ယမ်းလိုက်တာနဲ့တပြိုင်နက်တည်းမှာပင်သူ့ဆီကိုပျံသန်းကာပြေးဝင်
လာနေတဲ့မိစ္ဆာမြင်းရိုင်းပျံနှင့်မိစ္ဆာဆင်ရိုင်းပျံဆယ်
ကောင်လည်းသူ့ရဲ့မီးစွမ်းအင်ဓားချက်ကိုထိကာအမည်းရောင်မီးခိုးအငွေ့တွေအဖြစ်ပြောင်းသွားကာ
ဇီဝိန်ချုပ်ငြိမ်းသွားကြရလေတော့သည်။