ဝိညာဉ်မဲ့၊မိုးကြိုးသွား၊မြေဝသုန်နဲ့မိုးဒေဝီတို့လည်းမှာ
ထားသောစားသောက်ဖွယ်ရာများကိုစားသောက်နေ
ရင်းမှ“ အစ်ကိုဝိညာဉ်မဲ့…ဟိုနားစားပွဲဝိုင်းမှာတစ်
ယောက်တည်းထိုင်နေတဲ့အပြာနုရောင်ဝတ်စုံနဲ့မိန်းက
လေးတော်တော်ချောတာပဲနော်”ဟုမြေဝသုန်စားနေရင်းမှပြောနေလေတော့ဝိညာဉ်မဲ့
လည်းလှည့်ကြည့်ကြည့်လိုက်တော့“ ဟာ…ဒီကောင်မလေး၊မနေ့နေ့လည်တုန်းက
ငါ့အိမ်မက်ထဲမှာတွေ့လိုက်တဲ့ကောင်မလေးပါလား၊ဒီ
ကောင်မလေးကိုကြည့်ရတာချမ်းသားတဲ့အသိုင်းအဝိုင်းထဲကလိုပါပဲ၊ဒါပေမယ့်ဘာဖြစ်လို့ငါ့အိမ်မက်ထဲမှာအဲဒီကောင်မလေးငိုနေတာကိုမြင်လိုက်ရတာပါလိမ့်၊ဘယ်လိုစိတ်ဆင်းရဲစရာရှိနေလို့လဲမသိပါဘူးလေ”ဟုစိတ်ထဲမှပြောလိုက်မိလေသည်။
မိုးကြိုးသွားလည်းသူ့အနားခုံမှာထိုင်နေသည့်ဝိညာဉ်မဲ့ထိုကောင်မလေးကိုမျက်တောင်မခတ်ငေးကြည့်နေ
သောကြောင့်သူလည်းဝိညာဉ်မဲ့ရဲ့လက်ကိုပုတ်
လိုက်ပြီးတော့“ ဟေ့ကောင်ဝိညာဉ်မဲ့…ဘာဖြစ်လို့ဒီလောက်
တောင်ကြည့်နေတာလဲ၊ဘာလဲအဲဒီကောင်မလေးကို
မင်းရင်ခုန်သွားပြီလားကွ”ဟုသူ့အားစနေသောကြောင့်
“ မိုးကြိုးသွား…မင်းငါ့ကိုဘာတွေလျှောက်ပြော
နေတာလဲကွာ၊ငါအဲဒီကောင်မလေးကိုမနေ့နေ့
လည်တုန်းကငါ့အိမ်မက်မှာငိုနေတာတယ်လို့အိမ်
မက်မက်ခဲ့တယ်လေ၊အဲဒါကြောင့်ငါလည်းသူ့ကိုအခုလိုအပြင်မှာတွေ့လိုက်ရတော့ချမ်းသာတဲ့မိသားစု
ဖြစ်လျက်နဲ့ဘာကိစ္စနဲ့ငါ့အိမ်မက်ထဲမှာငိုနေရတာပါလိမ့်လို့တွေးမိပြီးတော့ကြည့်နေမိတာပါကွာ”ဟုဝိညာဉ်မဲ့ပြောကာရှင်းပြလိုက်လေသည်။
မိုးကြိုးသွားလည်းဝိညာဉ်မဲ့ရဲ့စကားကိုကြားလိုက်ရ
တော့“ ဒါဆိုရင်မင်းအိမ်မက်ထဲမှာဒီကောင်မလေးကို
တွေ့ရတဲ့အပြင်အခုလိုမျိုးအပြင်မှာတွေ့ရတယ်ဆိုတော့ကာမင်းအဲဒီမိန်းကလေးကိုကယ်ပေးရမယ့်ကိစ္စရှိလို့များလားမသိဘူးနော်”