တိမ်နက်ရှင်လည်းသူ့အစွမ်းနဲ့ခါးမှာနာကျင်နေတဲ့ဒဏ်ရာကိုကုသလို့ပြီးသွားပြီဖြစ်သောကြောင့်ထိုင်နေရာမှထလိုက်လေသည်။ထို့နောက်တိမ်နက်ရှင်လည်း
ထိုကောင်မလေးရဲ့ကုတင်နားကိုသွားကာကုတင်နား
မှာရှိတဲ့ထိုင်ခုံမှာထိုင်နေလိုက်လေသည်။“ ဒေါက်…ဒေါက်…ဒေါက်…”
ဆေးရုံအခန်းတံခါးကိုခေါက်လိုက်တဲ့အသံကြောင့်
“ ဝင်လာခဲ့”
ဟုတိမ်နက်ရှင်ပြောလိုက်ပြီးတာနဲ့ဆေးရုံအခန်းတံခါး
ပွင့်သွားပြီးတော့သူ့အိမ်မှအဒေါ်ကြီးဝင်လာလေသည်။“ ကျွန်တော်မျိုးမ…မင်းသားလေးမှာလိုက်တာ
တွေအားလုံးယူလာခဲ့ပေးပါတယ်”ဟုပြောနေသောအဒေါ်ကြီးကို
“ အဲဒါတွေကိုဟိုနားမှာရှိနေတဲ့စားပွဲပေါ်မှာသွား
တင်ထားလိုက်ပါ”ဟုတိမ်နက်ရှင်ပြောလိုက်လေသည်။
သူ့အိမ်အကူအဒေါ်ကြီးလည်းသူ့ထားခိုင်းတဲ့နေရာမှာ
သွားထားလိုက်ပြီဖြစ်သောကြောင့်“ အဒေါ်ကြီး…ခင်ဗျားပြန်လို့ရပြီ”
ဟုပြောနေသောမင်းသားလေးကို
“ မင်းသားလေး…နေ့လည်ကတည်းကဘာမှမ
စားရသေးဘူးမဟုတ်လား၊အဲဒါကြောင့်မင်းသားလေး
အတွက်ကျွန်တော်မျိုးမယူလာပေးတဲ့စားစရာတွေကို
အရင်သုံးဆောင်လိုက်ပါလားရှင်၊ကျွန်တော်မျိုးမ
ဒီမိန်းကလေးကိုစောင့်ထားပေးပါ့မယ်၊မင်းသားလေး
စားသောက်ဖွယ်ရာတွေသုံးဆောင်ပြီးတော့မှ
ကျွန်တော်မျိုးမပြန်ပါ့မယ်”ဟုပြောနေသောအဒေါ်ကြီးကို
“ ကောင်းပြီလေ၊ဒီကောင်မလေးကိုခင်ဗျား
စောင့်ပေးမယ်ဆိုတော့လဲကျုပ်အေးအေးဆေးဆေးစားလို့ရတာပေါ့ဗျာ”ဟုပြောကာတိမ်နက်ရှင်လည်းထိုင်နေရာမှထလိုက်ပြီး
တော့ခဏတုန်းကအဒေါ်ကြီးကိုသူမှာလိုက်တာတွေကိုသွားထားထားသည့်စားပွဲရှိရာကိုသွားလိုက်ပြီးတော့
စားပွဲရဲ့ထိုင်ခုံမှာထိုင်ကာစားပွဲပေါ်မှာတင်ထားသည့်
ထမင်းချိုင့်ကိုဖွင့်ကာထမင်းချိုင့်တစ်ဆင့်ချင်းစီကိုစားပွဲပေါ်မှာချလိုက်လေသည်။တိမ်နက်ရှင်လည်းထမင်း
ချိုင့်ထဲကအသည်းနဲ့နှလုံးကိုသူ့လက်ထဲမှတူဖြင့်ယူဖို့
လုပ်လိုက်ပြီးတော့မှမစားချင်သောကြောင့်တူကိုချ
လိုက်ပြီးတော့တစ်ခြားတူတစ်ခုကိုယူလိုက်ပြီးတော့
ထမင်းနဲ့အသီးအရွက်ကြော်ကိုသာစားလိုက်လေ
သည်။ထို့နောက်တိမ်နက်ရှင်လည်းစားလို့ပြီးသွား
သောကြောင့်