Black God (or) ဝိညာဉ်မဲ့ နှလုံးသား P.24

86 4 0
                                    


ဝိညာဉ်မဲ့လည်းထမင်းစားဆောင်ထဲကိုရောက်တော့
ထမင်းစားပွဲထိုင်ခုံမှာဝင်ထိုင်လိုက်ပြီးတော့သူ့ညာ
ဘက်မှာထိုင်နေတဲ့မိုးကြိုးသွားကို

    “ မိုးကြိုးသွား…ငါလည်းမင်းကိုတိမ်နက်ရှင်ရဲ့ဘဝအကြောင်းတွေပြောပြထားပြီးပြီဆိုတော့ခဏနေကျလို့တိမ်နက်ရှင်ထမင်းစားခန်းထဲကိုရောက်လာတဲ့အခါကျရင်မင်းသူ့ကိုကောင်းကောင်းမွန်ဆက်ဆံလိုက်အုံး
နော်၊ဘာပဲဖြစ်ဖြစ်တိမ်နက်ရှင်နဲ့မင်းယောက်ဖတော်ရမှာဆိုတော့အခုကတည်းကမင်းယောက်ဖလောင်း
လေးကိုကောင်းကောင်းမွန်မွန်ဆက်ဆံထားလိုက်ပါကွာ”

ဟုစချင်တဲ့သဘောနဲ့ပြောလိုက်လေသည်။

အစ်ကိုဝိညာဉ်မဲ့ရဲ့စကားကြောင့်မြေဝသုန်လည်းသူ့
အစ်ကိုကြီးမိုးကြိုးကိုစချင်သောကြောင့်

    “ ဟုတ်တယ်…ဟုတ်တယ်၊အစ်ကိုကြီးမိုးကြိုး…
အစ်ကိုဝိညာဉ်မဲ့ပြောသလိုဟိုမှာလာနေတဲ့
ယောက်ဖလောင်းလေးတိမ်နက်ရှင်ကိုအစ်ကိုကြီးရဲ့မျက်နှာလေးကိုပြုံးပြပြီးတော့ကြိုဆိုလိုက်ပါနော်”

ဟုအသံအကျယ်ကြီးနဲ့သူ့ကိုစနေသောသူ့ညီ
ဝသုန်ရဲ့စကားကြောင့်မိုးကြိုးသွား
လည်းထမင်းစားဆောင်ဘက်ကိုဝင်လာတော့မယ့်
သူ့ညီမလေးနဲ့တိမ်နက်ရှင်ကိုလှမ်းကြည့်လိုက်ပြီးတော့

    “ ဝသုန်…မင်းအသံတိုးတိုးပြောမတတ်ဘူးလား၊
ငါတော့တိမ်နက်ရှင်ကိုပြုံးပြီးတော့မကြိုနိုင်ဘူး၊မင်းသာပြုံးပြီးတော့မင်းယောက်ဖလောင်းကိုသွားကြို”

ဟုသူ့အသံကိုနှိပ်ချကာပြောလိုက်လေသည်။

ထို့နောက်ဝိညာဉ်မဲ့လည်းထမင်းစားဆောင်ဘက်ကို
ဝင်လာသောတိမ်နက်ရှင်နဲ့မိုးဒေဝီကိုတွေ့လိုက်တော့
သူလည်းထိုင်နေရာမှထလိုက်ပြီးတော့

     “ တိမ်နက်ရှင်…လာလေ၊မင်းတို့နှစ်ယောက်ငါ့မျက်နှာချင်းဆိုင်ထိုင်ခုံမှာဝင်ထိုင်လိုက်ကြနော်”

ဟုပြောလိုက်ပြီးတာနဲ့သူလည်းထိုင်ခုံမှာပြန်ထိုင်လိုက်
လေသည်။

မိုးဒေဝီလည်းထမင်းဆောင်ထဲကိုရောက်တော့
မိစ္ဆာကောင်ရဲ့လက်မောင်းကိုဆွဲကိုင်ထားတဲ့သူ့လက်
ကိုလွှတ်ပေးလိုက်ပြီးတော့

Black God (or) ဝိညာဉ်မဲ့ နှလုံးသားWhere stories live. Discover now