ZawGyi Version
Xiao Group ရဲ့ CEO Xiao Zhan
ချောမော့ခန့်ညားတဲ့မျက်နှာအနေထား
တည်ကြည်လင်းရှင်းတဲ့ပင်ကိုယ် Style နှင့်
ဒိတ်ဒိတ်ကြဲအောင်မြင်နေသည့်လုပ်ငန်းရှင်တစ်ယောက်...စည်းကမ်းကြီးမှု တိကျစေ့စပ်မှုများနှင့်
ဝန်ထမ်းများ၏ချစ်ကြောက်ရိုသေမှုကိုခံရသည့်
အသက် ၂၈ နှစ်အရွယ်ယောက်ျားတစ်ယောက်...မိသားစုဟူ၍
အမေတစ်ယောက်သာရှိတော့သော Xiao Zhan
Xiao Zhan အသက် ၂၃ နှစ်အရွယ်မှာ
ဖေဖေနှလုံးရောဂါနှင့်ဆုံးပါးခဲ့သည်
ကျောင်းတစ်ဖက်နှင့် Xiao Group ရဲ့
လုပ်ငန်းတာဝန်တွေအကုန်ပိခဲ့ရသော
တက္ကသိုလ်ကျောင်းသားလေး...မေမေကတော့ဖေဖေရှိစဉ်ကတည်းက
အိမ်ရှင်မတာဝန်ကိုသာဖိဖိစီးစီးယူခဲ့သူ
Xiao အိမ်တော်တွင် Maid များ
တာဝန်ကိုယ်စီနှင့်ရှိသော်လည်း
မိသားစုအရေးကိစ္စများအတွက်
မေမေကကိုယ်တိုင်တာဝန်ယူသည်ကအများသား...ဖေဖေမဆုံးပါးခင်ထိကျွန်တော်ကျောင်းတစ်ဖက်နှင့်
ကုမ္မဏီကိစ္စများဝင်လေ့လာရန်ဖေဖေပြောစဉ်ကတော့
ကိုယ်တိုင်ကစီးပွားရေးကျောင်းသားမို့
စိတ်ဝင်တစားခေါင်းညိတ်ခဲ့ရုံ
သိသင့်သည်များအတော်တန်နားလည်နေချိန်မှ
ဖေဖေကျန်းမာရေးဆုတ်ယုတ်လာတော့
ဖေဖေ့အတွေးကိုကျွန်တော်သိလိုက်ရသည်...ဖေဖေမရှိတော့သည့်ဘဝမှာ
ကျွန်တော့်အတွက်ခင်တွယ်စရာဆိုလို့
အမေရယ် သူငယ်ချင်းတွေရယ်သာရှိတော့သည်
ဇနီးကောင်းအမေကောင်းပီသခဲ့သောမေမေအတွက်
ကျွန်တော်သားကောင်းပီသရပေမည်
ကုမ္မဏီကိစ္စတာဝန်များအကုန်လမ်းလွှဲယူပြီး
ဦးဆောင်ညွှန်ကြားခဲ့တာအခုဆို ၅ နှစ်ကျော်ကာလ
စတာဝန်ယူစဉ်ကတော့ကိုယ်ကကလေးသာသာမို့
ရှယ်ယာရှင်တွေကမယုံရဲယုံရဲ
ခုတော့လည်းကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်း
ကိုယ်ပိုင်ဥာဏ်စွမ်းနှင့်
ကုမ္မဏီကဥရောပထိပင်ခြေဆန့်ခဲ့ပြီ...
ဖေဖေ့သွေးချွေးများနှင့်ပျိုးထောင်ခဲ့ရသော
Xiao Group ရဲ့အရေးကိစ္စများကို
ကျွန်တော်ဘယ်သောအခါမှပေါ့ပေါ့တန်တန်သဘောမထားအလုပ်များနှင့်သာလုံးလည်ချာလည်လိုက်နေသော
Xiao Zhan အတွက်ရည်းစားထားဖို့မပြောနှင့်
စိတ်အပန်းဖြေရန်အတွက်ပင်အချိန်လုနေရသည်
CEO တစ်ယောက်အနေနှင့်
အလုပ်ချိန်သတ်မှတ်ချက်မရှိသော်လည်း
Xiao Zhan ကတော့ဝန်ထမ်းများနှင့်တန်းတူ
မလစ်ဟင်းစေရ...
ခေါင်းဆောင်ကောင်းမှနောက်လိုက်ကောင်းမည်ဟု
Xiao Zhan အမြဲတွေးကာဘယ်သောအခါမှ
စိတ်လိုက်မာန်ပါ ဖြစ်ကတတ်ဆန်းလုပ်လေ့မရှိ
စိတ်ရင်းကောင်းပြီး
လူတစ်ယောက်တွင်ရှိသင့်ရှိထိုက်သည့်
အားနာစိတ် လိုက်လျောစိတ် သည်းခံစိတ်များရှိသော်လည်း
သဘောမကျသည့်ကိစ္စများတွင်ငြင်းရန်ဝန်မလေး
လုပ်ငန်းအမှားယွင်းဖြစ်လာလျှင်လည်း
သွေးပူဒေါသနှင့်မဆင်မခြင်မလုပ်တတ်သောကြောင့်
CEO Xiao Zhan သည်
စီးပွားရေးလောကတွင်နာမည်ကောင်းတစ်လုံးနှင့်သာ...
YOU ARE READING
Just Me and You 💚
RomanceUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...