ZawGyi Version
Hotel ရောက်ရောက်ချင်း
အဝတ်များပင်မလဲနိုင်ပဲ Xiao Zhan
ခုတင်ပေါ်ပစ်လဲလိုက်သည်" ပင်ပန်းထားသမျှအညောင်းကိုပြေသွားတာပဲ "
ခဏနေမှ Yibo ကိုသတိရလာပြီးမျက်လုံးကစားမိတော့
အထုပ်တွေနေရာချနေတဲ့ Yibo( အင်း မင်းကတကယ်ကိုကိုယ့်ရဲ့ကိစ္စတိုင်း
အလိုက်တသိဖြေရှင်းပေးတတ်တာပဲကလေး )" Yibo မင်းလဲနားလေကွ ခုမှရောက်တုန်းလေးကို
ငါ့ကိုအားနာမနေနဲ့ ရာထူးတွေလဲတွေးမနေနဲ့ "" တကယ်ပြောတာလား CEO "
" အေးပေါ့ကွ "
" ဒါဆိုကျွန်တော်ရာထူးတွေအဆင့်တွေမကြည့်ပဲ
CEO ကို Zhan Ge လို့ပဲခေါ်ချင်တယ်
ခွင့်ပြုမလား "Xiao Zhan ဘာမှပြန်မပြောနိုင်ပဲကြောင်ငေးနေမိသည်
နှုတ်မှလည်း" Zhan Ge, Zhan Ge
အဆင်ပြေပါတယ်ခေါ်လေ
ပိုရင်းနှီးသလိုခံစားရတယ် "" ဘာကြောင့်မှန်းမသိပေမယ့်
Zhan Ge ကိုတွေ့ရင် အကို ရယ်လို့မဟုတ်ပေမယ့် ကျွန်တော့်ထက်အကြီးတစ်ယောက်အနေနဲ့
အားကိုးဆိုးနွဲ့ချင်တယ် ဂရုစိုက်ပေးချင်မိတယ် "( ဘုရားရေ ကလေး မင်းဘာတွေပြောနေလဲရောမင်းသိရဲ့လား )
ပြုံးပြီးလေအေးလေးနှင့်စိုက်ကြည့်ပြောနေသော Yibo
" မင်းကလည်းတကယ့်ကလေးတစ်ယောက်လိုပါပဲ
ငါအကူညီလိုလာရင်သာမင်းကလူကြီးလေးလို
ပြောပြတတ်ပေမယ့်မင်းတချို့အပြုမူတွေစကားတွေက
တကယ့်ကလေးလေး "တစ်ယောက်ကိုတစ်ယောက်အပြန်လှန်ကြည့်ရီမိသည်
နှုတ်ကသာဟန်မပျက်ပြောနေပေမယ့်
ရင်တွေတုန်စပြုနေတဲ့ Xiao Zhan( ကိုယ်လည်းမင်းကို ကလေး လို့ခေါ်ချင်ပါရဲ့ကွာ
ကိုယ်ပြောလိုက်ရင်မင်းစိတ်ဆိုးမှာကြောက်တယ်
မင်းငြိုငြင်သွားမှာမျိုးမလုပ်ရက်ဘူး
ကိုယ့်အပေါ်တခင်တမင်ဂရုတစိုက်ရှိတဲ့မင်းကို
တစ်မျိုးတစ်မည်မထင်စေရက်ဘူး)" ဒါဆိုမင်းလဲအခန်းပြန်ပြီးရေချိုးပြင်ဆင်လေ
ကိုယ်တို့အပြင်သွားရအောင်
စိတ်ပြေလက်ပျောက်ပေါ့
ညမှအလုပ်ကိစ္စတွေကြိုပြင်ဆင်ကြမယ် "
YOU ARE READING
Just Me and You 💚
RomanceUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...