Unicode Version
" ဟာ .... "
လမ်းအစွန်မှရုတ်တရက်ထွက်လာတဲ့ကားကြောင့်
Xuan Lu လက်ထဲမှ coffee ခွက်လေး
လွတ်ကျပြီးလန့်သွားတဲ့အရှိန်ကလူကိုပါကားရှေ့
လဲကျစေမိတဲ့အထိ ..." အရမ်းအရမ်းလုပ်ရလားဟ ..
တိုက်မိသွားလား ... "" မတိုက်ဘူးသခင်လေး ...
မိန်းကလေးလန့်ပြီးလဲသွားတာပါ "Driver စကားကြောင့် Xiao Zhan
သက်ပြင်းအသာချရင်းကားပေါ်မှဆင်းသည်ဒီဇာတ်လမ်းမျိုးရဖို့အတွက် Wang Yibo ကို
ရအောင်ဘတ်ထွက်ခဲ့ရတာမပြောနိုင်ဘူးလေ သူ့အမေဆိုသူနှင့် Wang Yibo
ပေါင်းပြီးသူ့ကိုတစ်ခုခုဖုံးကွယ်ထားနိုင်တယ်မလားအဲ့ချာတိတ်ကသူလက်စွပ်အကြောင်း
ပြောမယ်လုပ်ရင်စကားစကိုမခံတာ
ထူးဆန်းလွန်းတယ်မဟုတ်လား ..ကား accident ဖြစ်ပြီးကတည်းက
Driver မပါရင်အပြင်ထွက်မရတာမို့
Driver ကိုတော့ဖုံးထားလို့မရခဲ့ ....Xuan Lu ဆိုတဲ့မိန်းကလေးလမ်းထောင့်က
ထွက်လာတာနဲ့ကားအရှိန်နဲ့ကွေ့ချပစ်ဖို့
Driver ကို Xiao Zhan မှာထားခဲ့တာ ..ဒီမိန်းကလေးဘယ်သူလဲသိရဖို့က
သူအတွက်အရေးကြီးသည်လေ ...သူဆွဲထားတဲ့ဇာတ်အဆင်ပြေပါ့မလားမသိပေမယ့်
စပြီးမှတော့ဆုံးရပေလိမ့်ဦးမည်Xiao Zhan လုံးဝအပြစ်ကင်းစင်သည့်
မျက်နှာလေးကိုလုပ်ယူလိုက်ပြီးမှ" မိန်းကလေး ... ဘာဖြစ်သွားသေးလဲ "
ကားပေါ်မှလူတစ်ယောက်ဆင်းလာပြီးနောက်
မေးလာသည့်အသံကြောင့် Xuan Lu
ခေါင်းမော့ကြည့်မိတော့( ဟင် CEO Xiao Zhan .... )
မျက်လုံးများပြူးကာအံ့သြသလိုစိုက်ကြည့်နေသော
မိန်းကလေးကြောင့် Xiao Zhan စိတ်ထဲ
ပိုသေချာသွားသလိုလို ..( သေချာတယ် သူငါ့ကိုသိတယ် ..
ငါ့ကိုဖုံးထားကြတာတစ်ခုခုတော့ရှိနေပြီ )" မင်းအဆင်ပြေရဲ့လား ...
ကိုယ့် Driver အသုံးမကျလို့ပါ Sorry ..
မင်းထနိုင်ရဲ့လား .. "

YOU ARE READING
Just Me and You 💚
Lãng mạnUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...