အပိုင်း ( ၆)

7.1K 518 1
                                    

ZawGyi Version

အလုပ်ချိန်က ၉ နာရီစတာမို့
၈နာရီ ၃၀မိနစ်မှာရုံးကိုရောက်အောင်
ကျွန်တော်စောစောလာခဲ့တယ်

ဟုတ်သည်လေ
ဒီနေ့ကကျွန်တော့်ရဲ့ပထမဆုံးအလုပ်ဆင်းတဲ့နေ့

Ge ထက်စောအောင်လာရခြင်းမှာ
Ge ရောက်ရောက်ချင်းပြောပြရမည့်
ဒီနေ့ရဲ့ Schedule တွေကို
ကျွန်တော်ကြိုတင်စုံစမ်းထားရမှာမို့ပင်

Ge ကသပ်သပ်ရပ်ရပ်နေတတ်တာသေချာပေမယ့်
ရုံးခန်းထဲမျက်စိရှုပ်နေလောက်မည့်နေရာများကိုလဲ
ရှင်းပေးထားချင်သေးသည်

ဖုန်တွေဘာတွေရှိရင်လည်း Ge ရောဂါရမှာစိုးရိမ်သည်

Reception ကအစ်မတွေကိုပြုံးပြနှုတ်ဆက်ပြီး
ဒီနေ့ Schedule များမေးရသည်
နောက်ရက်တွေများတော့ကိုယ့်ဘာသာစီမံရမည်
ဒီနေ့ကတော့ပထမဆုံးနေ့မို့သာ

Staff Card ID scan ဖတ်ပြီး
ECO ရုံးခန်းထဲကျွန်တော်ဝင်ခဲ့သည်
တော်သေးသည်
Ge မရောက်သေး

စားပွဲပေါ်ရှိစာရွက်များအားသေသပ်စွာစီထပ်ခြင်း
ဖုန်စုပ်စက်နှင့်ရုံးခန်းအားသန့်ရှင်းခြင်း
Air-con ကြိုတင်ဖွင့်ခြင်းများအပြီး
Ge ကရုံးခန်းထဲဝင်လာခဲ့သည်

" သြော် မင်းရောက်နေပြီကို "

ထိုစကားတစ်ခွန်းသာဆိုပြီးအပေါ်ကုတ်ကိုချွတ်ကာ
အဝတ်စင်ပေါ်သို့လှမ်းတင်လိုက်သည့် Ge

ဒီနေ့ဝတ်လာတဲ့ Suit လေးနဲ့သိပ်လိုက်တာပဲ
Ge ကဘာအရောင်ဝတ်ဝတ်ကိုကြည့်ကောင်းနေတာပါ

" CEO Green Tea လေးများ
စီစဉ်ပေးရမလား "

Ge ကအံသြသလိုတစ်ချက်မော့ကြည့်တာကြောင့်

" CEO ကြည့်ရတာစိတ်ပင်ပန်းနေသလိုမို့ပါ
မျက်နှာလည်းမလန်းလို့ Green Tea က
ကျန်းမာရေးအတွက်သိပ်ကောင်းတယ်လေ ခန္ဓာကိုယ်ကိုလည်းကာကွယ်ပေးတယ် "

( စောစောစီးစီး Green Tea ကြော်ငြာနေတဲ့
ချာတိတ်ကတော့)

" ကောင်းသားပဲ ဖျော်ခဲ့လေ "

Wang Yibo ထွက်သွားပြီးသိပ်မကြာ
Green Tea ခွက်လေးနှင့်ပြန်ရောက်လာသည်
တစ်ငုံသောက်ကြည့်တော့မဆိုး
ခံတွင်းလည်းရှင်းသည်

Just Me and You 💚 Where stories live. Discover now