Unicode Version
" Ge ဆေးသောက်ပြီးပြီလား "
" အင်း သောက်ထားတယ် ...
ခုရက်ပိုင်းခေါင်းကိုက်တာပိုစိတ်စိတ်လာလို့ "Xiao Zhan အဖြေကြောင့်စိတ်ချသွားပုံနှင့်
Wang Yibo ဖိုင်တွဲများစီထပ်နေလိုက်သည်" ညနေ schedule အကုန်ရှင်းပြီမလား Yibo "
" ဟုတ်ကဲ့ Ge "
" ဒါဆိုဒီနေ့အားလုံးပြီးရင်
မင်းဘာသာရုံးဆင်းနှင့်လိုက်နော် ...
ငါ Xuan Lu နဲ့ date ရှိလို့ .. "အပြင်သွားမည့်ပုံနှင့် coat ဝတ်ရင်း
စကားစလာသည့် Ge ကြောင့်
Wang Yibo စိတ်အနှောင့်အယှက်ဖြစ်စွာ
စိုက်ကြည့်မိရင်း" Ge .. "
" ငါ့ရဲ့တကယ့်ချစ်သူကိုငါကိုယ်တိုင်ရှာကြည့်ဖို့ ..
ငါချစ်ရတဲ့သူကငါ့ချစ်သူပဲလို့မင်းပြောခဲ့တယ်နော်
Yibo .. မင်းစကားတွေကိုအမှန်ပါလို့အတည်ပြုဖို့
ငါကြိုးစားကြည့်ချင်တယ် .. "( Ge ရယ် ခေါင်းသိပ်မာပါလား .. )
" ယုံကြည်မှုရှိလား Ge .. "
" ဘာကိုလဲ Yibo .. "
" ဘာအတွက်ပဲဖြစ်ဖြစ်ပေါ့ ...
အဖြေကိုသိရဖို့ Ge ယုံကြည်ချက်ရှိလား "" ငါမင်းကိုယုံချင်ပါတယ် Yibo "
Xiao Zhan ရဲ့ပြတ်သားတဲ့အပြောကြောင့်
Wang Yibo စိတ်လျော့ချလိုက်ရင်း( တားနေရင် Ge စိတ်နဲ့ပိုဆိုးကုန်လိမ့်မယ်
နောက်ကွယ်ကထိန်းထားမှပဲရမှာ ... )" ကောင်းပြီ Ge .. အဖြေကိုကိုယ်တိုင်ရှာကြည့်ပါ
ကျွန်တော်လည်း Ge ကိုယုံထားမယ် ...
Ge စိတ်တစ်မျိုးဖြစ်မှာစိုးလို့
ဒီအကြောင်းတွေဘယ်ကိုမှပြန့်မသွားဖို့လည်း
တာဝန်ယူပေးမယ် .. တစ်ခုပဲမှာချင်တယ် Ge ..
Xuan Lu က Wen Group ကဆိုတာမမေ့ပါနဲ့
ကိစ္စတိုင်းကို Ge ခွဲခြားမြင်တတ်လိမ့်မယ်လို့
ကျွန်တော်ထင်ပါတယ် .. "Xiao Zhan ရှေ့သွားလေးများပေါ်အောင်
ပြုံးရင်းခေါင်းညိတ်ပြလိုက်သည်" Driver တော့ထားခဲ့မယ်နော် ...
မိန်းကလေးတစ်ယောက်နဲ့ date မယ့်
ကိုယ့် boss ကိုတော့မင်းအရှက်မခွဲဘူးမလား "
YOU ARE READING
Just Me and You 💚
RomanceUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...