ZawGyi Version
အလုပ်မှပြန်ရောက်ရောက်ချင်း
အိတ်ကိုချပြီး Xiao Zhan တွေးနေမိသည်က
ဟိုချာတိတ်အကြောင်းအခုဆိုသူအလုပ်ဝင်သည်မှာနှစ်ပတ်ပြည့်ခဲ့ပြီ
အမြဲတမ်းတပြုံးပြုံးနှင့်စကားပြောဖောရွေသောသူက
ရုံးကဝန်ထမ်းတော်တော်များနှင့်ပင်ရင်းနှီးနေပြီကိုယ့်အပေါ်လည်းဂရုစိုက်သလို
လိုအပ်တဲ့အကြံဥာဏ်တွေကိုလည်း
သေချာဂရုတပြုပေးနိုင်သည်ဘေကျင်းရုံးခွဲနဲ့နိုင်ငံခြားကုမ္မဏီတစ်ခုပြဿနာဖြစ်လာတော့
ကိုယ်ကရုတ်တရက်သွေးပူမိတာတောင်
သူကကိုယ့်ကိုအားပေးပြီး
ခေါင်းအေးအေးထားနိုင်အောင်
အကြံဥာဏ်တွေကူပြောပေးခဲ့သေးတာမင်းအရင်ကအဲ့လိုမဟုတ်ဘူးလေ Xiao Zhan
အနည်းဆုံးသွေးအေးအေးမဖြေရှင်းတတ်ပေမယ့်
မင်းတခြားတစ်ယောက်အပေါ်
ဒီလောက်ထိမမှီတွယ်ဖူးဘူးလေကိုယ့်ကိုယ်ကိုအားကိုးပြီးအဖြေရှာလာတဲ့မင်းက
ဒီချာတိတ်ရှေ့မှဘယ်လိုဖြစ်ရတာလဲအရင်ကကိုယ်စွဲစွဲလမ်းလမ်းသောက်တတ်တဲ့
Morning Coffee နေရာမှာ
သူစီစဉ်ပေးတဲ့ Green Tea ကိုပဲတောင့်တနေတတ်တာရုံးပိတ်ရက်မနက်ကိုယ် ကိုယ်တိုင်ဖျော်သောက်တဲ့
Green Tea ကဘယ်လိုဖျော်ဖျော်
မင်းဖျော်တိုက်တတ်တဲ့အရသာနဲ့မတူတတ်တာရုံးကိုနာရီဝက်စောလာပြီးရုံးခန်းသန့်ရှင်းပေးတတ်တာ
သိကတည်းကကိုယ့်စားပွဲကို
မင်းရှင်းပေးထားမှာလိုချင်ခဲ့လို့
ပစ္စည်းစာရွက်အနည်းငယ်ရှုပ်ထားခဲ့ပြီး
ရုံးဆင်းဆင်းသွားတတ်တာကိုယ်ပိုင်ထမင်းစားခန်းထဲ Lunch box ယူစားတတ်တဲ့
ကိုယ်နဲ့အတူတူမင်းကိုထမင်းစားစေတတ်တာ
မင်းစိတ်အရမ်းကျဉ်းကြပ်နေမှာစိုးရိမ်လို့
Dining room ကိုလည်းကိုယ်တစ်ခါတစ်လေ
အတူဆင်းစားတတ်တာအရင်ကမင်းပြုံးရင်လူတကာကိုမျက်နှာချိုသွေးသလိုမို့
မကြိုက်တဲ့ကိုယ်ကအခုမင်းပြုံးရင်
တခြားသူတွေမြင်မှာစိုးလို့မကြိုက်တာမျိုးတွေကဘာလို့လဲကိုယ်မင်းနဲ့ပတ်သက်ပြီးဘာတွေခံစားနေရတာလဲ
မင်းကတော့ကိုယ်ဘာလုပ်လုပ်ဘာပြောပြော
အမြဲပြုံးပြီးကိုယ့်လုပ်ရပ်တွေကိုမသိတာလား
မသိချင်ယောင်ဆောင်နေတာလား

YOU ARE READING
Just Me and You 💚
RomanceUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...