Unicode Version
" ဒီ Ferris Wheel ကြီးကို
မောင်အရင်ကစီးဖူးတာသေချာပါတယ်နော် ချစ် "Jinjiang Action Park ရဲ့ Night View က
လှပနေသလောက် Xiao Zhan မှာတော့မခံစားနိုင် ...နည်းနည်းနောနောအမြင့်မဟုတ်သည့်
Ferris Wheel ကိုကြည့်ကာ
စီးချင်စိတ်ကပိစိညှောင့်တောင့်လေးတောင်
ပေါ်မလာ ...( တစ်ခုခုတော့မှားနေပြီ ...
ငါ့စိတ်ထဲတကယ့်ကိုအစိမ်းသက်သက်ကြီးလိုပဲ ..
ဒီမထော်မနန်းယာဥ်ကြီးကိုငါကစီးတယ်တဲ့လား ..
ကလေးကလား ... )" ဟုတ်ပါတယ်ဆိုမောင်ကလည်း ..
ဒါနဲ့ဆိုမောင်မေးနေတာ
၁၆၅ ခေါက်လောက်ရှိနေပြီ ... "" အင်း ... ဟင်း ..
မောင့်စိတ်ထဲမစီးဖူးသလိုဖြစ်နေလို့ပါ ... "Beijing ကနေပြန်ရောက်ရောက်ချင်း
Company တန်းဝင်ပြီးနားပင်မနားရသေး
Xuan Lu ကိုပေးထားသည့်ကတိကိုမဖျက်ချင်၍
Night out date ထွက်ခဲ့ရာမှ
ပန်းခြံထဲရောက်နေသည့် Xiao Zhan ရဲ့အဖြစ်" လက်မှတ်လည်းဝယ်ထားပြီးပြီ
သွားမယ် ... လာ .. လာပါဆို .. "သူ့လက်ကိုအတင်းကိုင်ကာ
ဆွဲခေါ်သွားသည့်မိန်းကလေးကိုကြည့်ရင်း
Xiao Zhan စိတ်ကျဥ်းကျပ်သော်လည်း
လိုက်ပါသွားရတော့သည် ...( အင်း ချစ်ရသူကပျော်တယ်ဆိုတော့ ... )
အပေါ်စီးမှလှမ်းမြင်နေရသည့်
Shanghai Night View ကြောင့်
Xiao Zhan ငေးကြည့်နေမိသော်လည်း
စိတ်ထဲမပျော်သလိုပင်အိမ်ပဲပြန်ချင်နေမိသည်လား ...
အိမ်ကကြောင်လေး Jian Gou ကိုပဲ
သတိရနေတာလား ...အရင်ညတွေကလည်း
အိမ်မှာချည်းနေခဲ့ရသည်ပဲကိုလေ ..သူ့အတွက်ပျော်ရွှင်မှုအစစ်ကဘာလဲ ..
Wang Yibo နှင့်အလုပ်ကျန်လေးရှင်းလိုက် ..
ကြောင်နဲ့ဆော့လိုက် ...
စာအုပ်ဖတ်လိုက် သီချင်းနားထောင်လိုက်နှင့်
အိပ်ချိန်ရောက်ရသည်ထက်
ကိုယ်ချစ်ရသူနဲ့အတူတူရှိပြီး
ကြည်နူးစရာအချိန်လေးတွေ
ဖြတ်သန်းပြီးမှအိပ်ယာဝင်ရတာ
ပိုကောင်းသည်မဟုတ်ဘူးလား ...၂၅ မိနစ်ကြာသည့်အချိန်ကိုပျင်းရိစွာဖြတ်သန်းပြီး
ဆင်းလာတော့တတွတ်တွတ်ပြော၍
မဆုံးနိုင်တော့သည်မှာလည်း Xiao Zhan သာ ..

YOU ARE READING
Just Me and You 💚
RomantikUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...