အပိုင်း ( ၂၈ )

4.5K 270 2
                                    

Unicode Version

[[ CEO လေးဆေးရုံတင်ထားတာ
သားသွားကြည့်တဲ့နေ့လေ ..
Jiù Jiu လည်းပါတာကိုမှတ်မိတယ်မလား ...

အဲ့နေ့ညနေကအိမ်ကို
Yu Chen ရောက်လာခဲ့တာလေသား ..
သူကသားအခြေအနေကိုလာကြည့်ရင်း
ဆေးရုံလိုက်သွားတာဘာထူးခြားလဲလာမေးတာ ..
အဲ့ဒါနဲ့ Jiù Jiu လည်း CEO လေးရဲ့အခြေအနေကို
ပြောပြလိုက်တာ ...
သူလည်းတော်တော်စိတ်မကောင်းဖြစ်နေရှာတာ ..
အခန်းသန့်ရှင်းရေးအကုန်လုပ်ပေးပြီးမှ
ညနက်လာလို့သူပြန်သွားတာ ...
အဲ့ညသားနောက်ကျမှပြန်လာခဲ့တာမလား ..

သား Xiao အိမ်တော်ကနေ
သတိလစ်ပြီးပြန်လာတော့လည်း
Jiù Jiu ကိုအကုန်သူပဲကူညီတာ ...
သားရဲ့ဝေရဝစ္စ သန့်ရှင်းရေး သူပဲကူညီပေးတာ ..
သားသူငယ်ချင်းကသားကို
တော်တော်ချစ်ရှာပါတယ် ... ]]

* မဟုတ်ပါစေနဲ့ Yu Chen
မင်းမဟုတ်ပါစေနဲ့ ...
ငါသိတဲ့မင်းကဒီလိုလူမျိုးမှမဟုတ်တာ .. *

Wang Yibo တစ်လမ်းလုံးဆုတောင်းလာမိရင်း
Yu Chen ရှိရာအိမ်နားရောက်ခါနီးလေ
သူ့ခြေလှမ်းတွေကပိုပိုနှေးလာလေပင် ..

တူ တူ တူ ....

လက်ကဖုန်းလေးကမြည်လာလို့
သူ screen ကြည့်မိတော့ Ge ခေါ်နေတာ ..

မကိုင်ဖို့ပဲဆုံးဖြတ်လိုက်မိတယ်
ခုချိန်သူဘာစကားမှမပြောချင်သေး ..

ဖုန်းသံဆုံးတဲ့အထိသူ မကိုင်မှ
Sms လေးတစ်စောင်ထပ်ဝင်လာသည်

သူဖွင့်ကြည့်လိုက်တော့

📩 မနက်ဖြန်
Share ရှင်များအစည်းအဝေးရှိတာသိတယ်မလား
အိမ်ကနေ Company ကိုစောစောတန်းလာခဲ့ 📩

သူသက်ပြင်းသာချမိရင်းဖုန်းပြန်ပိတ်ကာ
ခြံတံခါးဆွဲဖွင့်လိုက်ပြီးအိမ်ထဲဝင်မိတော့
Yu Chen အမေကိုအရင်ဆုံးတွေ့ရသည်

Yu Chen အပေါ်ထပ်ကအခန်းထဲမှာဟုဆို၍
သူတက်လာခဲ့မိလိုက်တော့

" ကျွန်တော်အတတ်နိုင်ဆုံး
လုပ်ပေးခဲ့ပြီးပြီ ...
ဒီထက်ပိုမတတ်နိုင်တော့ဘူး ...
ကျွန်တော့်မိသားစုကိုလွှတ်ပေးပါတော့ ..
ခင်များအကုန်အဆင်ပြေနေပြီပဲ .. "

" ..... "

" ခင်များခိုင်းတဲ့အတိုင်းအကုန်မငြင်းပဲ
ကျွန်တော်လုပ်ပေးခဲ့ပြီးပြီပဲ ...
ကျွန်တော့်သူငယ်ချင်းကိုအသုံးချရုံသာမက
သစ္စာပါဖောက်ပေးခဲ့ပြီးပြီ ..
မလုံလောက်သေးဘူးလား .. "

Just Me and You 💚 Where stories live. Discover now