အပိုင်း ( ၅)

7.7K 531 3
                                    

ZawGyi Version

Yibo စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစားပြီး
Xiao Group CEO ရုံးခန်းထဲလျှောက်လာခဲ့လိုက်သည်

" ထိုင်ပါ "

Xiao Zhan အရှေ့မှာချထားသော
ဖောင်တွေကိုလှန်ကြည့်ရင်းရှေ့ကခုံကို
လက်နှင့်ပြတော့

" ဟုတ်ကဲ့ " ဟုဆိုကာ Yibo ဝင်ထိုင်သည်

( ငါဒီနေ့ဝတ်လာတာအဆင်ပြေရဲ့လားမသိဘူး
အလိုက်ဖက်ဆုံးကိုတော့ရွေးလာတာပဲ
ဟင် နေဦး လောလောဆယ်ဒါတွေးနေရမှာမှမဟုတ်တာ
ငါအလုပ်ရဖို့တွေးနေရမှာလေ ဟုတ်တယ်)

သူ့ကိုထိုင်ခိုင်းပြီးဖောင်များသာစိုက်ကြည့်နေသော
Xiao Zhan ကိုကြည့်ရင်း
သူ့နှလုံးသားတွေတုန်ရီလာခဲ့သည်...
ချောရက်လိုက်တာ

" ဟုတ်ပြီ အသက်က ၂၂ နော်
အရင်ကဘာအလုပ်လုပ်ဖူးလဲ
ကျွမ်းကျင်တဲ့အတတ်ပညာ
အားသာချက်ကရော
ဘာဖြစ်ဖြစ်ပြောလို့ရတယ် "

" ဘာအလုပ်မှတော့မလုပ်ဖူးပါဘူး
ကျွန်တော်ကျွမ်းကျင်တာကတော့
ဆိုင်ကယ်စီးတာရယ် စကိတ်စီးတာရယ်ပါ
အားသာချက်ကတော့
လူတွေကိုဆွဲဆောင်နိုင်တဲ့အချက်ထင်ပါတယ်
ရုပ်ရည်နဲ့ပြောတာမဟုတ်ပါဘူး
Personality နဲ့ပါ "

" ဘာကြောင့်အဲ့လိုထင်တာလဲ "

" အပြောနဲ့စကားမကြွယ်ချင်ပါဘူး
ကျွန်တော်နဲ့ပေါင်းသင်းဆက်ဆံကြည့်ရင် CEO သိမှာပါ "

( တော်တော်လာတဲ့ချာတိတ်)

" ဆိုလိုတာကကိုယ်ကမင်းနဲ့တစ်လလောက်
ရင်းနှီးအောင်နေရမှာလား "

" CEO ဆန္ဒရှိရင်ပါ "

Xiao Zhan မျက်ခုံးတစ်ချက်ပင့်သွားတော့မှ

" ကျွန်တော်ဆိုလိုတာကကိုယ့်ကိုယ်ကိုဘယ်လိုလူပါလို့
အမွှမ်းတင်တာတွေမလုပ်ချင်လို့ပါ
လူတိုင်းကိုယ့်ကိုယ်ကိုတော့မြှောက်ပင့်ပြောတတ်ကြပါတယ်
ကျွန်တော်ပြောပြလည်းအပြောပဲနေမှာမို့
လူအကြောင်းပေါင်းမှသိဆိုတဲ့အတိုင်းပြောပြတာပါ "

" သြော် ကောင်းပြီလေ
တကယ်လို့ကိုယ်ကမင်းကိုအလုပ်ခန့်ပါပြီတဲ့
မင်းဘာတာဝန်တွေယူရမယ်ထင်လဲ "

Just Me and You 💚 Where stories live. Discover now