အပိုင်း ( ၁၁)

6.8K 424 2
                                    

ZawGyi Version

Meeting မှပြန်ရောက်သည်နှင့်
စာရွက်စာတမ်းများသိမ်းဆည်းနေသော
Yibo ဆီ Xian Zhan လျှောက်လာရင်း

" ပြန်လာလာချင်းနားပါဦးလားကလေးရယ် "

" အလုပ်ကိုအကြွေးမထားချင်လို့ပါ Zhan Ge "

ပြုံးပြုံးလေးဆိုနေသောကျွန်တော်ချစ်ရသူ
ကျွန်တော်လိုအပ်သမျှဖြည့်ဆည်းရင်း
တစ်ချက်မညီးညူတတ်သောကျွန်တော်ချစ်ရသူ

Yibo ရဲ့အချိုးဆစ်ကျလှပသောလက်လေးများအား
Xiao Zhan ဆုပ်ကိုင်လိုက်ပြီး

" ဝရံတာခဏလေညင်းခံရအောင် "

ဒီလိုဆိုတော့လည်းကိုယ့်ကလေးကအလိမ္မာသား

တစ်မြို့လုံးကိုအပေါ်ဆီးမှမြင်ရသော
ဝရံတာပေါ်လက်တင်ရင်းငေးနေတဲ့ Yibo ခါးလေးကို
Xiao Zhan အနောက်မှသိုင်းဖက်ရင်း

" ကလေး ညက Ge ကိုစိတ်ဆိုးသွားလားဟင် "

Yibo စကားမဆို....

Yibo ပုခုံးလေးပေါ်မေးတင်ရင်း
Xiao Zhan စကားဆက်သည်

" ကိုယ်ဘယ်လိုမှထိန်းမရလို့ပါကလေးရယ်
ကလေးကကိုယ့်ကိုပြန်နမ်းပြီးရုတ်တရက်ကြီး
ပြန်တော့မယ်ဆိုပြီးအခန်းထဲကထွက်သွားတော့
ကိုယ်လေပြန်လဲမခေါ်ရဲ အတင်းလည်းဆွဲမထားရဲခဲ့ဘူး
ဒီညအတွက်ကိုယ့်ကလေးကိုအနိုင်ထပ်မကျင့်ရက်တော့ဘူး
မနက်ရောက်တော့ညကဘာမှမဖြစ်ခဲ့သလိုကလေးပုံက
ကိုယ်ကအသည်းအရမ်းယားစေတယ်သိလား
Project တွေကြည့်နေရလို့သာ
ကိုယ်စကားမစတာ
ကလေးစိတ်ဆိုးမှာကိုယ်သိပ်ကြောက်နေခဲ့တာ "

" ............... "

" ကလေးကိုယ့်ကိုတစ်ခုခုပြန်ပြောပါဦး "

" ကျွန်တော်စဉ်းစားနေတာ Ge
ကျွန်တော်တို့က .... ကျွန်တော်တို့က.. "

" ကိုယ်နားလည်ပါတယ် ကိုယ်လည်းစဉ်းစားပြီးသားပါ
ဒါမယ့်ကလေး ကိုယ့်နှလုံးသားကမင်းကိုမှတမ်းတနေတယ်
မင်းကိုမှလိုအပ်နေတယ် မင်းအနားပဲနေချင်တယ်
မင်းကိုပဲချစ်မိမြတ်နိုးမိတန်ဖိုးထားမိတယ်
ကိုယ်ဒီခံစားချက်တွေကိုဘယ်လိုမှတွန်းမဖယ်နိုင်ဘူး
ကိုယ့်ဘဝရဲ့အချစ်ဖြစ်တည်မှုက
ယောက်ျားလေးတစ်ယောက်ဖြစ်နေလိမ့်မယ်လို့
တစ်ခါမှတွေးမကြည့်ဖူးပေမယ့်
ကိုယ့်အချစ်ကမင်းဖြစ်နေတော့လည်း
ကိုယ်အပြည့်အဝလက်ခံတယ်ကလေး
ကိုယ့်ရဲ့စစ်မှန်တဲ့အချစ်ကိုကိုယ်ယုံလို့
ချစ်ရတဲ့သူကဘာတွေပဲဖြစ်နေနေလက်ခံရဲတယ် "

Just Me and You 💚 Where stories live. Discover now