Unicode Version
ရုံးမှပြန်ရောက်ရောက်ချင်း
Wang Yibo တန်းသွားမိတာ
Xiao Zhan ရဲ့အခန်းဆီအတော်ကြာတံခါးခေါက်လည်းမဖွင့်နိုင်တာကြောင့်
လက်ကိုင်ဆွဲလှည့်မိတော့ lock မချထားတာနဲ့
Wang Yibo အခန်းထဲဝင်ခဲ့မိသည်Xiao သခင်မကြီးမှာထားတဲ့လက်ဝတ်ရတနာတွေ
သွားယူမယ်ဆိုပြီးနေ့လည်လောက်ကုမ္မဏီကနေ
ထွက်သွားပြီးတော့မှပြန်လာတော့
မောင်မင်းကြီးသားကပါမလာ ...နေမကောင်းချင်သလိုဖြစ်လာလို့
အိမ်မှာဝင်နေခဲ့တယ်လို့မှာလိုက်သတဲ့( ဖျားများဖျားနေပြီလား )
Wang Yibo အခန်းထဲရောက်ရောက်ချင်း
ကြည့်မိတော့ခုတင်ပေါ်မှာခေါင်းငိုက်စိုက်ချပြီး
ထိုင်နေတဲ့ Xiao Zhan ကိုတွေ့လိုက်ရသည်" Ge .. "
( Ge ဘာဖြစ်နေတာလဲ )
" Yibo .. "
Wang Yibo ၏ခေါ်သံကြား၍
လှည့်ကြည့်လိုက်သည့် Xiao Zhan
မျက်နှာလေးမှာမျက်ရည်များအရွဲသားနှင့် ..ဘုရားရေ Ge ငိုနေတာပါလား
" Ge ဘာဖြစ်တာလဲ ဘာဖြစ်ထားလို့လဲ "
မြင်ကွင်းကြောင့်ထိတ်လန့်ကာ Wang Yibo စိုးရိမ်တကြီးခုတင်နားလျှောက်လာရင်းမေးမိတော့
သူ့ပုခုံးပေါ်ကျလာခဲ့တဲ့ Xiao Zhan ရဲ့ခေါင်းလေးတသိမ့်သိမ့်ရှိုက်ငိုနေပြန်တဲ့သူချစ်ရတဲ့လူကြီးလေး
" Ge .. ဘာဖြစ်တာလဲကျွန်တော့်ကိုပြော
ကျွန်တော်စိတ်ပူလာပြီ ... "Wang Yibo တုန်လှုပ်စွာပြောရင်း
သူ့ပုခုံးပေါ်အပ်ထားတဲ့ Xiao Zhan ရဲ့
ခေါင်းလေးကိုဖယ်ဖို့လုပ်တော့ .." ဟင့်အင်း Yibo ငါခဏငိုပါရစေ ...
ငါ့ကိုဖက်ထားပေးပါ .. ငါအရမ်းဝမ်းနည်းနေလို့ "Wang Yibo စိုးရိမ်စိတ်ကိုဖိနှိပ်၍
သက်ပြင်းသာချလိုက်ရင်း
မိမိလက်မောင်းပေါ်အားပါးတရ
ငိုကြွေးနေသူလေးရဲ့ပုခုံးကိုဆွဲလှည့်လိုက်ပြီး
မျက်နှာလေးကိုရင်ခွင်ထဲထည့်ထားလိုက်သည်Ge ဘာဖြစ်နေတာလဲဟုတီးတိုးတွေးရင်း
ကျွန်တော့်ရင်ခုန်သံတွေကိုချိုးနှိမ်ရင်းနှင့်သာ ....
YOU ARE READING
Just Me and You 💚
Lãng mạnUnicode Version ကျရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ မင်းနဲ့သာအတူရှိနေရရင် အရာအားလုံးကထိုက်တန်ပါတယ် .. ဘဝတစ်လျှောက်လုံးမှာ ခံစားချက်တွေကသန်းပေါင်းများစွာ .. အမှတ်တရတွေလည်းထောင်ပေါင်းများစွာ .. ချစ်ရသူကတော့မင်းတစ်ယောက်တည်းပါ ZawGyi Version ကျရှုံးသည်ဖြ...