အပိုင်း ( ၃၂ )

5.6K 332 31
                                    

Unicode Version

" Xiao Group ဒီနေ့လိုမျိုးရောက်လာခဲ့တာ
အားလုံးရဲ့ကြိုးစားမှုကြောင့်ပါ ...
မင်းတို့သာမရှိရင်ခုလိုနေရာ ..
ခုလိုအောင်မြင်မှုမျိုးလည်းရှိလာမှာမဟုတ်လို့
မင်းတို့အတွက်တကယ်ကိုဂုဏ်ယူမိသလို
လှိုက်လှိုက်လှဲလှဲလည်းကျေးဇူးတင်ပါတယ် ..
ဒီပွဲလေးကမင်းတို့ရဲ့အားထုတ်မှုကို
အသိအမှတ်ပြုတဲ့ပွဲတစ်ခုမို့
လွတ်လွတ်လပ်လပ်ပျော်ပါ ...
အားလုံးပေါ့ပေါ့ပါးပါးပဲကြိုက်သလောက်ကဲပါ ..
Cheer !! "

" Cheer !! "

Xiao Zhan ဂုဏ်ပြုစကားပြောပြီး
Wine ခွက်ကိုအမြှောက်တွင်
ဝန်ထမ်းများအားလုံးလည်း
ခွက်ကိုယ်စီလိုက်မြှောက်ကာ
Company နှစ်ပတ်လည်ပွဲကို
စတင်လိုက်ကြသည် ..

Xiao Zhan စင်ပေါ်မှဆင်းလာလာချင်း
လိုက်ရှာမိသည်က Wang Yibo ကိုသာ

( ဒီကောင်လေးကတော့ .. တကယ်ပဲ
ဖြတ်ခနဲဆိုဖြတ်ခနဲ ..
ဘယ်ပျောက်သွားပြန်ပြီလဲမသိဘူး ... )

လုပ်ဖော်ကိုင်ဖက်များအကုန်စုကာ
ညစာစားပွဲသဘောမျိုးမို့အပိုတွေးများမရှိပဲ
ဝန်ထမ်းများအားလုံးပျော်ပျော်ပါးပါးနှင့်သာ
စုဝေးစားသောက်နေကြသည် ..

Xiao Zhan လူများကြားခြုံကြည့်ရင်း
Wang Yibo ကိုတွေ့မလားရှာမိသော်လည်း
ဒင်းကလေးကပျောက်ချက်သားကောင်းဆဲ ..

( CEO ကသူ့ Secretary ပျောက်လို့
လိုက်ရှာနေရသတဲ့ .. ပြောင်းပြန် ..
မျက်နှာသာပေးရကျိုးမနပ်တဲ့ဟာလေး ..
မင်းကိုမမြင်ရပဲသာနေနိုင်ရင်
အလုပ်ဖြုတ်ပစ်တာကြာပေါ့ Wang Yibo ရေ )

" Zhan Ge .. "

" သြော် Lan Di .. "

" ဟဲဟဲ .. ဂုဏ်ယူကြောင်းလာပြောတာပါဗျာ .. "

လမ်းရှေ့ကိုရောက်ချလာသည့်
Lan Group CEO Lan Yuan ကြောင့်
အတွေးများဖြတ်လိုက်ပြီး Xiao Zhan
ပွဲဆီအာရုံပြန်ရွေ့ထားလိုက်ရသည် ..

Lan Yuan သည်လည်းဟိုအရင်ကသူ့လိုပင်
ဖခင်ကွယ်လွန်ပြီး Company လက်ဆင့်ကမ်းယူစ
CEO ပေါက်စလေးဟုကြားသိထားရ၍
သူ့စိတ်ထဲခင်မင်စိတ်ရှိသည် ..

" အကျိုးတူအောင်မြင်မှုပေါ့ Lan Di ...
အစည်းအဝေးနေ့ကမင်းငါ့ဖက်နေပေးတာလည်း
ကျေးဇူးပါပဲ .. "

Just Me and You 💚 Where stories live. Discover now