အပိုင်း ( ၁၆ )

4.6K 298 4
                                    

ZawGyi Version

" Ge ... Ge ..... "

သတိလစ်မေ့မြောနေရာမှအသိဝင်လာသလိုလှုပ်ယမ်းကာ
စကားစများထွက်လာသည့် Wang Yibo ကြောင့်
ခုတင်ဘေးထိုင်နေသည့် Yu Chen အားတက်သွားသည်

" Yibo သူငယ်ချင်း မင်းသတိရပြီလား "

Wang Yibo ၏လက်များအားကိုင်တွယ်ရင်း
Yu Chen စိုးရိမ်တကြီးမေးတော့

" Ge မသွားပါနဲ့ .. ကျွန်တော့်ကိုမမုန်းလိုက်ပါနဲ့ "

မျက်လုံးများမှိတ်ထားရက်ကချွေးသီးချွေးပေါက်များကြား
လှုပ်ရမ်းပြောနေသော Wang Yibo ၏အသံမှာ
တဖြည်းဖြည်းကျယ်လာခဲ့သည်

Yu Chen ဘာဆက်လုပ်ရမည်မသိတော့ ...

Wang Yibo နဖူးပေါ်လက်တင်ကာ
ချွေးများသုတ်ပေးရင်းပြောမိသည်

" သူငယ်ချင်း သတိထားပါဦး သူငယ်ချင်း Yibo "

ခန္ဓာကိုယ်ကိုလှုပ်ရမ်းနေရာမှရုတ်တရက်ဆိုသလို
မျက်လုံးဖွင့်ပြီးငုတ်တုတ်ထထိုင်လိုက်သော Wang Yibo

" Ge "

" Yibo မင်းနိုးလာပြီလား သတိထားဦးသူငယ်ချင်း "

" Yu Chen .. "

" ဟုတ်တယ် Yibo ငါ Yu Chen လေ "

" Yu Chen
Ge ... Ge ရောဟင် "

" Ge ဘယ်က Ge လဲ
မင်းအခုအရမ်းအားနည်းနေတယ် Yibo
သုံးရက်လုံးမြောလိုက်ခဏလေးနိုးပြီးပြန်မေ့သွားလိုက်နဲ့ ..
အရင်အနားယူဦး ဟုတ်ပြီလား "

" ငါအခုသိချင်တယ် ငါ့ကိုပြောစမ်းပါ
ငါနောက်ဆုံးမြင်လိုက်ရတဲ့မြင်ကွင်း ...
အဲ့မြင်ကွင်း .... တကယ်မဟုတ်ဘူးလို့ငါ့ကိုပြောစမ်းပါ
Yu Chen ငါ့ကိုပြောစမ်းပါ "

" မြင်ကွင်း .... ဘာတွေလဲ Yibo ရယ်
မင်းအရင်ငြိမ်ငြိမ်နေ ငါမင်းဦးလေးကိုသွားခေါ်လိုက်ဦးမယ်
သူမင်းကိုအားလုံးရှင်းပြလိမ့်မယ် ငါ့စကားနားထောင်နော် "

Yibo ခေါင်းညိတ်ပြပြီးအိပ်ယာထဲအသာပြန်လှဲနေမှ
Yu Chen စိတ်ချသွားဟန်ဖြင့်အောက်ထပ်သို့ဆင်းသည်

( ဘာတွေလဲ ဘာတွေဖြစ်ကုန်ပြီလဲ
ခေါင်းတွေလဲကိုက်လိုက်တာမှသံစုံတီးဝိုင်းလိုပဲ
Ge အမေပြောတာတွေကရောဘာတွေလဲ
အလောတကြီးနဲ့ငါဆုံးဖြတ်မိတာတွေများမှားကုန်ပြီလား
ငါကအိမ်ပြန်ရောက်နေပြီဆိုတော့ Ge ရော ....
Ge တစ်ခုခုဖြစ်နေပြီလား ငါလဲနေတာသုံးရက်ဆိုတော့ ...
ဘုရား ဘုရား Ge ဘေးကင်းပါစေ )

Just Me and You 💚 Where stories live. Discover now