388 10 0
                                    

                            အခန်း ( ၅ )
        "ဝုန်း"
        သူဌေး သိုးရဲ့ လက်တို့ကို ဆွဲဖြုတ်ကာ သိုးကို တွန်းထုတ်လိုက်သည်။ သိုး ကြမ်းပြင်ပေါ်တွင် ပုံလျက်သား လဲကျသွားသည်။
        "မင်း အိပ်မရလို့ ရူးသွားတော့ ပိုကောင်းတာပေါ့ကွာ။ ငါက မင်းနဲ့ အိပ်ပေးရမယ် ဟုတ်လား။ မင်း သိပ်ပြီး စိတ်ကူးယဉ်မနေနဲ့။ မင်းဖြစ်ချင်သလို ဖြစ်မလာစေရဘူး။ မင်း မဖြစ်ချင်တာတွေပဲ ဖြစ်လာစေရမယ်။"
       သူဌေးက ပြောပြောဆိုဆိုဖြင့် အခန်းပြင်ထွက်လိုက်သည်။ သိုး လူးလဲထကာ တံခါးရွက်နှစ်ခုကို လက်ဖြင့် တွန်းထားလိုက်သည်။
        "သူဌေး မသွားနဲ့နော်။ မသွားနဲ့လို့ သိုးတောင်းပန်နေတယ်။ သိုးကို သနားပါ။"
         သူဌေးက လှောင်ပြုံးပြုံးကာ တံခါးကို ဆွဲပိတ်နေသည်။ သိုး ဘယ်လောက်တောင်းပန်နေပါစေ သူဌေး အရေးမစိုက်ပေ။ တောင်းပန်လို့ရမယ့်သူလည်း မဟုတ်လောက်ပေ။ သိုး အားငယ်စိတ်တွေက ဒေါသကို ဦးတည်လာသည်။
          "သူဌေး ပြန်လာခဲ့နော်။ သိုးခုထိ သူဌေးကို မမုန်းသေးဘူးနော်။ သူဌေး သ်ုးကို ဆက်နှိပ်စက်မယ်ဆို သူဌေးကို သိုး မုန်းမိတော့မှာနော်။"
       သိုး မျက်ရည်များဖြင့် အရူးတစ်ယောက်ကဲ့သို့ သွေးရူးသွေးတမ်း အော်ဟစ်နေမိသည်။ ကြေက်ရွံ့အားငယ်စိတ်ကတစ်လှည့် ဒေါသက တစ်ပြန် သွေးရဲ့အသိစိတ်တို့ကို လွှမ်းမိုးနေကြသည်။
        "မုန်းစမ်း။ သေအောင်မုန်း။ မင်းမုန်းလေ ငါပျော်လေပဲ။"
         "ဝုန်း"
        "ချောက်"
        သူဌေးသိုးကို တွန်းလဲကာ တံခါးပိတ်လိုက်သည်။ ကြမ်းပြင်ထက်မှာ လဲကျနေလျက်က တံခါးကို မျှော်လင့်ချက်မဲ့စွာ  စိုက်ကြည့်နေမိသည်။ ဖိနပ်နဲ့ ကြမ်းပြင်ထိခတ်သံကို နားစွင့်ရင်း မျှော်လင့်ချက်ရေးရေးလေးကို အသက်သွင်းနေမိသည်။ သို့သော် တဖြည်းဖြည်း တိုးတိတ်၍ ဝေးကွာသွားသော ခြေသံများကိုသာ ကြားရသဖြင့် သိုး ပိုမို နာကျင်လာသည်။
          "မုန်းတယ်။ သူဌေးကို မုန်းတယ်။
           အား…။ အရမ်းမုန်းတယ်။"
           သိုး အာခေါင်ခြစ်ကာ သွေးရူးသွေးတမ်း ငိုယို အော်ဟစ်ရင်း အသံတို့က တဖြည်းဖြည်း တိုးတိမ် ပျောက်ကွယ်သွားကြသည်။ သိုးရဲ့ မျှော်လင့်ချက်တွေ သေဆုံးရပြန်ပြီ။ သူဌေး အရမ်းရက်စက်လွန်းသည်။
         ***********************
        "ရွတ်"
        "ဟေး…ရွတ်"
        သိုး ပြတင်းပေါက်နားထိုင်ရင်း ငေးနေတုန်း ဘေးဘက်တိုက် သုံးလွှာက အခန်းပြတင်းပေါက်ကနေ ခေါ်သံကြောင့် သိုး ကြည့်လိုက်မိသည်။ သိုးနှင့် ရွယ်တူ ကောင်လေးတစ်ယောက်ပါလား။ သူက သိုးကို လက်များဝှေ့ရမ်းကာ နှုတ်ဆက်သည်။ သွားစွယ်ကလေးများပေါ်အောင် ပြုံးပြသည်။ ကောင်လေးက ချစ်စရာလေးပင်။ ထို့နောက် ကပ်ပြားလေးတစ်ခု ထောင်ပြသည်။ ကပ်ပြားလေးတွင် စာအချို့ကို ဆော့ပင်န်ဖြင့် စာလုံးကြီးကြီး စာရေးထားသည်။ အော်ပြောဖို့မလိုသော သူနှင့် သိုးအတွကိအတွက် အဆက်အသွယ်တစ်ခုပေါ့။
         "အပြင်မထွက်ဘူးလား။" တဲ့ သိုး ခေါင်းခါပြလိုက်သည်။ သူ နောက်တစ်ခု ထောင်ပြပြန်သည်။ "ငါလည်း အပြင်မသွားရဘူး" ။ ဘာဖြစ်လို့လဲဟု သိုး ဘယ်လို မေးရမလဲ စဉ်းစားရင်း။ သိုးရဲ့အိတ်ထဲက စာအုပ်နဲ့ ဘေလ်ပင်ကို သတိရကာ စာလုံးအကြီး ကန့်လန့်ဖြတ်ရေးပြလိုက်သည်။
         "ဘာဖြစ်လို့လဲ"
        "ငါက အောက်ပိုင်း သေနေတာ"
         ဟာ သနားစရာလေးပါလား။ သိုးက အပြင်မထွက်ရတာ သုံးလေးရက်ပဲ ရှိသေးသည်။ သူက ဘယ်လောက်များ ကြာနေပါ့လိမ့်။ သူ စာရွက် ထောင်ပြ ပြန်သည်။
          "ပျင်းနေရင် ငါ့ဆီ လာလည်လေ"
          "အပြင်ထွက်လို့မရဘူး"
           သိုးရဲ့ စာကြောင့် သူ အံ့သြသွားသည်။ သိုးကို စိတ်ဝင်တစား ကြည့်လာသည်။ ပြီးတော့ စာရေးပြီး ထပ်ထောင်ပြတယ်။
          "အပြင်ကနေ သော့ခတ်ထားတာလား"
          သိုး ခေါင်းညိတ်ပြလိုက်သည်။ သူ စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ငြိမ်ကျသွားသည်။ ထို့နောက် စာရွက်လေးကို ထောင်ပြပြန်သည်။
          "ရှင်သန်ခြင်းတိုင်းမှာ အဓိပ္ပါယ်တွေ မျှော်လင့်ချက်တွေ ရှိတယ်။ အားမလျော့နဲ့" တဲ့။  သိုး စဉ်းစားကြည့်မိသည်။ ရှင်သန်ခြင်းတိုင်းမှာ အဓိပ္ပာယ်ရှိတယ် တဲ့။ ကောင်လေးက သူ့ဘဝကိုသူ အရှုံးမပေး။ ကံတရားကိုလည်း ထူးမထောက်ပေ။ သိုးကသာ သူဌေးထံမှာ ထူးဒေါက်နေရသည်။ သိုး အနိုင်ယူရမည်။
       သိုး ရေခဲသေတ္တာကို ဖွင့်ကာ တွေ့သမျှ၊ စား၍ရသော စားစရာများကို ပန်းပန်ထဲ ထည့်ကာ ပါးလုတ်ပလောင်း စားနေမိသည်။ စားရင်း မျက်ရည်များကျကာ အားရပါးရ ငိုမိသည်။ မျက်ရည်များက ပန်းကန်ထဲသို့ ပေါက်ခနဲပေါက်ခနဲ ကျနေသော်လည်း ဖယ်ရှယ်ခြင်းမပြုဘဲ စားမြဲစားနေမိသည်။ ရှိုက်ငင်တစ်ခါ၊ အစာမြိုချတလှည့်ဖြင့် နင်းကန်စားနေမိသည်။ နောက်ဆုံးတော့ သိုး ပျို့တက်ကာ စားသမျှကို အန်ချလိုက်မိသည်။
       ***************************
          "ချောက်"
          ဟော သူဌေးလာပြီ။ သိုးကို နှိပ်စက်ဦးမလား။ သိုး ကြောက်သည်။ ဟင့်အင်း သိုး အကြောက်တရားကို တွန်းလှန်ရမည်။ သူဌေးကို အနိုင်ယူကြည့်ရမည်။ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်တစ်ခုကို သိုးရှာဖွေရမည်။ လူတိုင်းမှာ ထွက်ပေါက်ရှိသည်။ သိုး သူ့ကို မုန်းသည်။ သိုး နာကျင်သလို သူလည်း နာကျင်စေရမည်။ ကိုယ်တိုင်က နာကျင်နေသော သူတို့သည် သူတစ်ပါးကို နာကျင်စေလိုကြသည်ဟု သိုး ကြားဖူးသည်။
            "ရီႊး… "
            သိုး လေချွန်ကာ ရေခဲ သေတ္တာထဲမှ ကျန်နေသေးသော စားစရာတို့ကို ယူလိုက်သည်။
            "သြော်။ သူဌေး ပြန်ပြီလား။ နေ့လည်စာ စားမလို့။ စားပါဦးလားဗျ"
           သူဌေး သိုးကို ကြောင်စီစီဖြင့် ကြည့်နေသည်။ အံ့သြမှုလည်း ပါနေပေလိမ့်မည်။ သိုး အခွင့်အရေးကို သိုး ရယူရမည်။
         "သူဌေး ကျတော့်ကို အပြင်ပေးထွက်ပါ။ အလုပ်ပေးလုပ်ပါ။"
          "ဟားဟား။ မင်း သွားသေလိုက်ပါလား။ မင်း ရူးနေလားကွ။"
          "ကျတော် မရူးဘူး။ သူဌေးသာ ရူးနေတာ။ အတ္တရူး ရူးနေတာ။"
         သိုး အသိစိတ်တွေ လွတ်ထွက်ကာဟနာနာကြည်းကြည်း ပေါက်ပေါက်ကွဲကွဲ အော်ဟစ်ပြော ပစ်လိုက်သည်။
          "ဘာကွ။ မင်း နာချင်ပြီလား။"
           သူဌေး ချက်ချင်း ထလာကာ သိုးလက်မောင်းတို့ကို ဆုပ်ကိုင်လာသည်။ သိုး ကြောက်ကြောက်ဖြင့် မော့ကြည့်လိုက်ရင်း ဒေါသထွက်နေသော သူ့မျက်နှာကြောင့် စိတ်ပြောင်းသွားသည်။
        "သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းတာက သိမ်ငယ်တတ်တဲ့၊ အားငယ်တတ်တဲ့၊ သူရဲဘောကြောင်တတ်တဲ့ လူတွေရဲ့ အလုပ်ဗျ။ ခင်ဗျားက လူပျော့လူညံ့ကြီး။ ဒါကြောင့် ခင်ဗျား သိုးကို နှိပ်စက်နေတာ။ "
         သူဌေးမျက်လုံးထဲကို အသေအချာ စိုက်ကြည့်ပြီး သိုး ခပ်ကျယ်ကျယ် ပြောပစ်လိုက်သည်။ သူ့မျက်ဝန်းထဲမှာ အရိပ်အမျိုးမျိုး ဖြတ်ပြေးသွားသည်။ ဒေါသနှင့် နာကျင်မှုဟု စိတ်ထဲကသိနေသည်။ မေးကြောများ ထောင်ထကာ မျက်ရည်ကြည်တို့ ဝေ့ကျလာသည်။ သိုး ကျေနပ်သည်။ သိုး မိသားစုကိုရော သိုးကိုပါ နှိပ်စက်သော သူ့ကို ပြန်လည် နာကျင်စေရမည်။
        "မကျေနပ်လို့ ကျတော်တို့ နှိပ်စက်ချင်လား။ လုပ်လေ။ ခင်များမှ အဖြစ်မရှိဘဲ။ ခင်ဗျားက အနှိပ်စက်ခံရတုန်းက ပြန်မလုပ်ရဲဘူး မဟုတ်လား။ အဲဒါကြောင့် ခင်ဗျားနိုင်တဲ့သူ့ကိူ ပြန်နှိပ်စက်နေတာ မဟုတ်လား။ အားကြီးတဲ့သူနဲ့ တွေ့ရင် ပေခံ၊ အားနည်းသူနဲ့ တွေ့ရင် အနိုင်ပြန်ကျင့်။ ကြီးနိုင်ငယ်ညဉ်း။ အဲဒါ တိရစ္ဆာန်တွေလုပ်တာဗျ။ ဒါမှမဟုတ် ခပ်ညံ့ညံ့မိန်းမတွေ လုပ်တာဗျ။"
        "မင်း…မင်း။ တော်တော့။ ငါ မင်းကို သတ်မှာနော်။"
         သူဌေးက အံကြိတ်ကာ မချိတင်ကဲ လေသံနှင့် ပြောလာသည်။ သိုး မျက်နှာကို ရှေ့တိုးကာ ပေစောင်းစောင်းနေပေးလိုက်သည်။ ပြီးတော့ ပါးစပ်ထဲရှိရာစကားလုံးများကို တစ်လုံးချင်း ပြောလိုက်သည်။
        " ခင်ဗျားက ကျတော့်ကို သတ်ချင်တာလား။ သတ်လိုက်။ ကျတော်မသေရင် ခင်ဗျားနှလုံးသား သေစေရမယ်။ ခင်ဗျားကို ချစ်အောင်လုပ်ပြီး အသည်းခွဲပြမယ်။ ခင်ဗျား အခြောက်ဆိုတော့ ကျုပ်ကို ချစ်လာအောင် လုပ်ပြမယ်။ ခင်ဗျားက အခြောက်မကြီး။ "
       သိုး စကားဆုံးတော့ သူ အံကိုတင်းတင်းကြိတ်ထားကာ ဆုပ်ထားသော သိုးအကျီ င်္လည်ပင်းကို ဆွဲတင်းပစ်လိုက်သည်။ မေးရိုးများ နားထင်ကြောများ ထောင်ထလာသည့်အထိ အံကြိတ်ထားသည်။ ချွေးသီးချွေးပေါက်များကျကာ ခေါင်းကို ခပ်ကြမ်းကြမ်း ယမ်းခါနေသည်။ သိုး သူ့ဘာဖြစ်နေသည်ကို မခန့်မှန်းတတ်တော့။ သူ အရမ်းနာကျင်နေသည်ကို သိုး သိသည်။ ဟုတ်သည်။ သိုး ပျော်ရမည်။
        "ဟား …ဟား။ အနာပေါ် တုတ်ကျသွားသလား။ ခင်ဗျားက တကယ် ငကြောက်၊ ငပျော့။ အခြောက်ပေါ့။ ဟား ဟား။"
         "အား…ကဲကြာ"
         "ခွပ်"
         "ဝုန်း"
          သိုးကို တစ်ချက်ထိုးကာ တွန်းလဲ လိုက်သည်။ သူလည်း ရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။ သူ အရမ်း နာကျင်သွားပုံရသည်။ သိုး လဲနေရာမှ မထနိုင်အောင် နာကျင်ပေမယ့် သိုး ပျော်သည်။ ရှင်သန်ခြင်း၏ အဓိပ္ပာယ်တစ်ခုကို သိုး စတင်တွေ့ရှိပြီ။ သိုးကို အလကားသက်သက် နှိပ်စက်နေသော သူဌေးကို သိုး နာကျင်အောင် လက်စားချေရမည်။ ခဏကြာတော့ သူဌေး ထလာသည်။
          "အေး။ မင်းပြောတာ ဟုတ်တယ်။ အမုန်းခံရသူက တစ်ပါးသူကို ပြန်မုန်းတတ်တယ်။ လူတိုင်းက ကိုယ်ခံစားရဖူးတာကို တခြားသူတစ်ယောက်ကို အစားပြန်ပေးတတ်တယ်။ ငါပေးမယ့်လူက မင်းဖြစ်နေတာတော့ မတတ်နိုင်ဘူး။"
         သူဌေးက တကယ် အနှိပ်စပ်ခံဖူးတာလား။ အဲဒီ ဒဏ်ရာတွေကြောင့် သိုးကို ပြန်နှိပ်စက်ချင်တာလား။ သူ ဘာလို့များ သိုးကို ရွေးချယ်ခဲ့ပါလိမ့်။
         "ပြီးတော့ ငါက အခြောက်။ ဟုတ်တယ်။ အေး အဲလိုခြောက်အောင် ဝိုင်းအစော်ကားခံရတာကွ။ အဲဒီတော့ မင်းကို အခြောက်ဖြစ်အောင် ငါ ပြန်လုပ်ချင်တယ်။ မင်းအစားပြန်ပေးဆပ်ရလိမ့်မယ်။ မင်းစကားတွေကို မင်းကိုယ်တိုင် သိပ်နားလည်ပုံမရဘူး။ မင်း ငါ နားလည်အောင် လုပ်ပေးမယ်။ "
             အခြေအနေတွေက ပိုဆိုးကုန်ပြီလား။ သူ့ရဲ့ အနာကို သိုး စွပေးသလိုများ ဖြစ်နေပြီလား။ သူဌေး ဝိုင်းအစော်ကားခံရတာတဲ့။ သိုးကိုလည်း အဲလိုလုပ်မှာတဲ့။ ဝိုင်းအစော်ကားခံရတယ်ဆိုတော့ ဘယ်နှယောက်ပါလိမ့်။ အဲလိုရော ဘယ်သူတွေ လုပ်တာပါလိမ့်။ သိုးကိုရော ……
        "သိုး နာကျင်ရလေ ခင်ဗျား နောင်တရစရာတွေ များလာလေဆိုတာ ခင်ဗျား မြဲမြဲမှတ်ထား။ ခင်ဗျား ဖဲ့ခြွေနေတဲ့ပန်းက ဆူးရှိတဲ့ နှင်းဆီဆိုတာ ခင်ဗျား မမေ့နဲ့။ ခက်ဗျားနှလုံးသား သွေးစိမ်းရှင်ရှင်ပန်းပြီး ဆူးဆိပ်သင့်စေရမယ်။ ဒါ ကျတော်ရဲ့ သစ္စာစကားပဲ။"
          သူဌေးထကာ လှောင်းပြုံးပြုံးကာ တံခါးနားသို့ ထသွားခဲ့သည်။ သူဌေး ပြန်တော့မည်ပေါ့။ သိုး ပိုဆိုးလာမယ့် နောက်ထပ်ကံတရားကို ကြောက်ရွံ့နေမိသည်။ သူဌေးပြောသလို သိုးကို ဝိုင်း၍သာ အဓမ္မကျင့်ကြလျှင်ဆိုသော စိတ်က သိုးကို တုန်လှုပ်ချောက်ခြားစေသည်။ သိုး တစ်ခုခု လုပ်ရမလား။ ငြိမ်ခံရမှာလား။

နှင်းဆီဖြူပုံပြင်Where stories live. Discover now