287 8 0
                                    

အရှည်ကြီး တင်ထားတယ်ဗျို့။ အများကြီးဖတ်ပေးကြဦး။

************နှင်းဆီဖြူပုံပြင် (၉)**************

                အခန်း ( ၁၀ )
သိုး ကုတင်ထက် မတက်ရဲဘဲ အခန်းထောင့်ကပ်ကာ ကိုယ်ကို ကြုံ့ထားမိလိုက်သည်။ ထို ကုတင်ကို သိုး ကြောက်သည်။ ထိုကုတင်ထက်တွင် သိုး၏ ဖြူစင်သော ခန္ဓာကိုယ်ကို ဆုံးရှုံးရလိမ့်မည်။ အိုး ဤ အခန်းကိုရော သိုး ကြောက်သည်ပဲ။ ဤအခန်းထဲတွင် သိုးကို ပိတ်လှောင်ကာ စော်ကားကြပေမည်။ သိုး သူဌေးရဲ့အခန်းလေးကို လွမ်းမိသည်။ ထိုအခန်းကမှ သိုးကို ကာကွယ်ပေးနိုင်သေးသည်။
သိုး ထွက်ပြေးရင် ကောင်းမလား။ ဘယ်ကို ထွက်ပြေးရမှာပါလိမ့်။ ပြန်မိရင်ရော ဒီထက်ဆိုးသော နေရာကိုသာ ရောက်ပေမည်။ သိုး၏မိသားစုပါ ဒုက္ခရောက်နိုင်သည်။ သိုး ဘာလုပ်သင့်လဲ။ ၁၈နှစ်အရွယ်မှာ သူဌေးကို ဖေဖေက သူဌေးတစ်ဦးထံ ထိုးကျွေးခဲ့ဖူးသည်။ ထိုအချိန်က သူဌေးကို လူ သုံးယောက်က မညှာမတာ ကျင့်ကြံကြသည်။ ယခု သိုးအလှည့်ပင်။ သိုးကို သူဌေး ပြုမူသမျှအားလုံးသည် ဖေဖေ သူဌေးကို ပြုမူခဲ့သည့်အတိုင်းပင်ဖြစ်သည်။ ဖေဖေက ပိုရက်စက်သည်လား။ သူဌေးက ပိုကြင်နာတတ်သည်လားမသိ။ သိုး ခံစားရသမျှက သိပ်မဆိုးလှပေ။

"ဒေါက်…ဒေါက်"
"အောင်မလေး…"

သိုး လန့်ဖျန့်ကာ တံခါးသွားမဖွင့်ဘဲ နံရံနား တိုးကပ်လိုက်သည်။ ဟင့်အင်း မလာနဲ့။ သိုး ကြောက်သည်။ သိုးကို တစ်ယောက်လား။ နှစ်ယောက်လား။ သုံးယောက်လား မသိသည့် သူများက အဓမ္မကျင့်ကြလိမ့်မည်။ သိုးရဲ သိက္ခာနှငိ့ စိတ်ဓာတ်ကို အပိုင်းပိုင်းချိုးကြလိမ့်မည်။ သိုးကြောက်သည်။

"ဒေါက်……"
"ချောက်"

နောက်ဆုံးတော့ တံခါးခေါက်သူက ကိုယ်တိုင်သော့ဖွင့်ကာ ဝင်လာဟန်တူသည်။ သိုး တံခါးဝကို ကြောက်လန့်တကြား ကြည့်နေမိသည်။ ပထမဆုံး ကိုမိုး ဝင်လာသည်။ ဘယ်သူပါလာဦးမလဲဟု သိုး စိတ်ပူကာ ကြည့်နေသည်။ ကိုမိုးက ကုတင်ထက်ကို လှမ်းကြည့်သည်။ ထို့နောက် တစ်ခန်းလုံးသို့ ဝေ့ကြည့်ရင်း သိုးကို အတွေ့မှာ သက်ပြင်းချကာ ပြုံးပြသည်။ သိုး ကြောက်လန့်ကာ ခြေလက်တို့ အေးစက်နေသည်။
ကိုမိုးက သိုးကို သဘောတကျ ပြုံးလိုက်သည်။ သိုးမျက်လုံးများက တံခါးပေါက်ဆီသို့ မကြာခဏကြည့်သည်ကို ရိပ်မိကာ တံခါးကိုပိတ်၍ လော့ခ်ချလိုက်သည်။ ဦးမိုးတစ်ယောက်တည်းဆိုသောစိတ်က ကြောက်စိတ်တို့ကို အနည်းငယ်ပြေစေသည်။ သို့သော် တစ်ယောက်တည်းဖြစ်စေ သိုး၏ ဖြူစင်သော ကိုယ်ခန္ဓာနှင့် စိတ်နှလုံးကို ဆုံးရှုံးရတော့မည်။

နှင်းဆီဖြူပုံပြင်Where stories live. Discover now