516 12 0
                                    

                       အခန်း ( ၃ )
               "ဒီနေ့ကစပြီး ဒီအိမ်ကို အစ်မပိုင်ပြီ။ အစ်မရဲ့ အကြွေးတွေဆပ်ပြီးတဲ့အပြင် သိုးရဲ့အဖိုးအခအဖြစ် သုံးနှစ်စာ သိန်းတစ်ရာကို  အစ်မရဲ့ ဘဏ်အကောင့်ထဲ ထည့်ထားပါတယ်။ သုံးနှစ်မပြည့်မခင် သူ ပြန်လာခဲ့ရင် သုံးဆ ပြန်လျှော်ဖို့ကိုပါ သဘောတူကြောင်း လက်မှတ်ထိုးပေးရပါ့မယ်။"
             သုံးနှစ်တဲ့။ တစ်သက်လုံးထက်စာလျင် တော်ပါသေးသည်ဟု ဖြေတွေးရလေမလား။ အကြာကြီးပဲဟု ငိုကြွေးရလေမလား မသိတော့ပေ။ သေချာသည်ကတော့ သိုး သူပြောသမျှကို လက်ခံရလိမ့်မည် ဖြစ်သည်။ သိုး အရာရာကို စိတ်လျော့ပြီး လက်ခံရတော့မည်။
         "သူဌေး သားကို ဘာလို့ ရွေးချယ်ခဲ့တာလဲ။ ကိုမောင်နဲ့ သူဌေးကြားမှာ ဘာတွေဖြစ်ခဲ့လဲ ကျမ မသိပေမယ့် သားနဲ့ မဆိုင်ဘူးဆိုတာကို သိထားစေချင်တယ်။ သားက ကလေးပဲ ရှိသေးတာပါ။ ဘာအပြစ်မှ မရှိပါဘူး။ သားကို ဒုက္ခမပေးဘဲ နေကြရအောင်လား။"
               စာချုပ်နဲ့ ဘဏ်စာအုပ်ကို တစ်ချက်မှ မကြည့်ဘဲ သူဌေးကိုသာ သဲကြီးမဲကြီး အကဲခတ်နေသော မေမေကိုကြည့်ရင်း မနက်က အထင်လွဲခဲ့သည်တို့ကို နောင်တရမိသည်။ မေမေ့စိတ်ပူပန်မှုက အထွတ်အထိတ်သို့ ရောက်နေလေပြီ။ သိုး ဘာဆက်လုပ်သင့်လဲ။ မေမေမြင်သော အန္တရာယ်ကို သိုးလည်း မြင်နေသည်။ သိုး ဘာလုပ်ရမလဲ မေမေရယ်။
                "ကိုမောင်ကြောင့်မဟုတ်ဘဲ အစ်မရဲ့သားက ကျတော်က ချစ်လို့ဆိုရင်ရော အစ်မက ကြည်ဖြူမှာမို့လား။"
                မေမေ ဘာမျှ မပြောနိုင်ဘဲ စွံအစွာ သူဌေးကို ကြည့်နေမိသည်။ သားတစ်ယောက်အတွက် နောက်ထပ် ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ရွေးချယ်ရမလား။ အမုန်းကို ရွေးချယ်ရမလား မေမေ တွေးရခက်နေလိမ့်မည်။ သားယောက်ျားလေးအတွက် တခြားယောက်ျားတစ်ယောက်၏ အချစ်ရောအမုန်းကို မေမေ့လိုချင်လိမ့်မည် မဟုတ်ပေ။ သူဌေးက သိုးကိုသာမက မေမေ့ကိုပါ စိတ်ဒုက္ခပေးချင်ပုံ ရသည်။
               " ကဲပါဗျာ မထူးပါဘူး။ ကျတော်က gay ပါအစ်မ။ ဒါကြောင့်အစ်မသားကို ချစ်မိလို့ အပိုင်လိုချင်တာပါ။"
                 သိုး ကိုယ်နားကို မယုံနိုင်ပေ။ သူဌေးက gayတဲ့။ ပြီးတော့ သိုးကို ချစ်တယ်တဲ့။ မဖြစ်နိုင်ဘူး။ ဟာ ဘယ်အရာက မဖြစ်နိုင်တာလဲ။ gayဆိုတာလား။ သိုးကို ချစ်နေတယ်ဆိုတာလား။ နှစ်ခုစလုံး မဖြစ်နိုင်တာ သေချာပါသည်။ ထိုအပြောသည် စော်ကားခြင်းသက်သက်သာ ဖြစ်သည်။ ယောက်ျားတစ်ယောက်က အမေတစ်ယောက်ဆီမှာ သားလာတောင်းသည်တဲ့။ ဟင့်အင်း လာတောင်းတာ မဟုတ်ဘူး။ လာဝယ်တာ။ ဒီအဖြစ်အပျက်မျိုးကို သိုး တစ်သက်နှင့်တစ်ကိုယ် မကြားဖူးပေ။ လိင်တူချစ်သူကို လက်မခံသော လူမှုပတ်ဝန်းကျင်တွင် ထိုသို့လုပ်သည်မှာ သိုးတို့မိသားစုကို အထင်သေးစော်ကားနေခြင်းသာ ဖြစ်သည်။ သိုး သိသည်။ သိုး ကံဆိုးတော့မည်။ သိုး ဘာလုပ်ရတော့မလဲ။ သိုး မေမေကို တစ်ချက်လှမ်းကြည့်လိုက်ချိန်မှာ လုပ်သင်ါလုပ်ထိုက်သည်ကို နားလည်လိုက်သည်။
          "လက်မှတ်ထိုးပေးလိုက်ပါ မေမေ။ သိုး လည်း သူဌေးကို သဘောကျပါတယ်။ အမေ ဘာမှ စိတ်မပူပါနဲ့။ သူဌေးစိတ်ကို သိုး သိတယ်။ သူ သိုးကို ချစ်တာ မေမေတို့အတွက် နားရှက်စရာဖြစ်ပေမယ့် သိုး ကျေနပ်တယ်။"
             *********************
            "အဲဒါ မင်းနေရမယ့်အခန်းပဲ။"
            အတန်အသင့်ကောင်းမွန်ပြီး အခြေခံ ပရိဘောဂတွေရှိနေပေမယ့် တိုက်ခန်းက တိတ်ဆိတ်မှောင်မဲနေသလို ခံစားရသည်။ အိမ်ယာစီမံကိန်းသစ်က တိုက်ခန်းသစ်ဖြစ်သောကြောင့် ဘေးပတ်ဝန်းကျင်တွင် လူသူ ကင်းမဲ့နေသည်။ သိုးရဲ့ နွေးထွေးတဲ့ အိမ်လေးကို လွမ်းဆွတ်ကာ ငိုချင်လာမိသည်။ အထီးကျန်စိတ်၊ သိမ်ငယ်စိတ်တို့က သိုးကို တရိရိတို့ထိလာကြသည်။
             "သူဌေးကရော ဘယ်မှာနေမှာလဲ။ သိုးနဲ့ အဲ ကျတော်နဲ့  နေမှာလား။"
            "အဟက်။ နေစရာလားကွ။ မင်းလို ငွေနဲ့ အဝယ်ခံထားရတဲ့ ခပ်ပေါပေါ ယောက်ျားနဲ့ နေစရာလား။"
             ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုတာ ဒါမျိုးဖြစ်မည်ဟု စိတ်ပျက်ပျက်ဖြင့် တွေးလိုကိမိသည်။ ခုချိန် သိုးကို ကြင်ကြင်နာနာလေး ဖေးမပါလားလို့သာ တောင်းပန်လိုက်ချင်သည်။
            "မင်းသိထားဖို့က မင်းကို ခေါ်လာတာဟာ ချစ်လို့လုံးဝမဟုတ်ဘူး။ မင်းကို မုန်းလို့။ မင်းကို အရမ်းမုန်းလို့ကွ။ မင်း သေတဲ့အထိ မှတ်သွား။"
            သိုး သူ့မျက်နှာကို တအံ့တသြ ကြည့်လိုက်မိသည်။ သူ တကယ် ပြောနေတာဖြစ်မည်။ သူ့မျက်ဝန်းတွင် ရှိနေသေညအမုန်းမှာ နည်းနည်းနောနော အမုန်းများမဟုတ်။ ကြောက်ဖို့ကောင်းလွန်းသည်။ သူက သိုးကို မုန်းသည်တဲ့။ သိုးကို ဘယ်သူကမှ မမုန်းဖူးသလို မုန်းတယ်ဟုလည်း မပြောဖူးပေ။ အချစ်ကို တန်ဖိုးထားသော သိုးအတွက် ပထမဆုံးရသည့် စကားဖြစ်သည်။  သိုးကို မုန်းလို့ဝယ်လိုက်တာတဲ့။ မဟုတ်ဘူးနော်။ သိုးကို ဘယ်သူမှ မမုန်းဘူးလေ။ သိုးကလည်း ဘယ်သူ့ကိုမှ မမုန်းဘူးလေ။ သိုး ခိုရမယ့်အရိပ်ပိုင်ရှင်က သိုးကို မုန်းတယ်ဆိုရင် သိုး ထိုအရိပ်တွင် မည်သို့ခိုလုံရမည်နည်း။ သိုး ကြောက်ကြောက်ဖြင့် အခန်းထောင့်တွင် တိုးကပ်ထိုင်မိသည်။
             "မင်းကို လောကကြီးနဲ့ အဆက်ဖြတ်ထားမှာ။ မင်းကို လူရာမဝင်အောင် လုပ်ပစ်မယ်။ မင်းကို အထီးကျန်ချောက်ခြားပြီး ရူးသွပ်သွားအောင် လုပ်ပစ်မယ်။ မင်း စိတ်ဆင်းရဲစေရမယ်။ မင်း …"
             "အား…။ တော်ပါတော့ဗျာ။ မပြောပါနဲ့တော့ဗျာနော်။ ကျတော် မကြားနိုင်တော့လို့ပါ။ ကျတော် ကြောက်လို့ပါ။"
                 မျက်စိကို စုံမှိတ် နားကိုပိတ်ကာ သိုး အော်ဟစ် တောင်းပန်နေမိသည်။ နားပိတ်ထားသော်လည်း သူ့ကြုံးဝါးသံကို ကြားနေရသည်။ မျက်စိမှိတ်ထားသော်လည်း သူ့အမုန်းမျက်လုံးတွေကို မြင်နေရတုန်းပင်။
                "ဟားဟား။ ကိုကိုမောင်ရဲ့ သားတဲ့ဗျာ။ ကြောက်တတ်ရန်ကော။ အသည်းငယ်ရန်ကော။ ကိုကိုမောင် ခင်ဗျားသားကို လာကြည့်စမ်းပါ။ ခင်ဗျားသားက ကျုပ်မိန်းမ ဖြစ်နေပြီ။ ယောက်ျားဖြစ်နေလျက် ကျုပ်မိန်းမ ဖြစ်နေပြီဗျ။ အမြှောင်မိန်းမလေ။ ဟားဟား"
               သူက ဖေဖေ့ကို တိုင်တည်ပြီး လှောင်ပြောင် ပြောနေသည်။ ဖေဖေ မသိပါစေနဲ့။ ဖေဖေသာရှိလျှင် အရမ်းရှက်နေလိမ့်မည်။ ဒီလို ရက်စက်သော အပြောမျိုး ဖေဖေ မကြားပါစေနှင့်။ သိုး ကြောက်တယ်ဖေဖေ။ သိုး လူတွေကို ကြောက်တယ်။ သိုး သူဌေးကို ပိုကြောက်တယ်။
                "ကဲ ဒီနေ့က အရမ်းကျက်သရေယုတ်တဲ့ မင်္ဂလာဦးပေါ့။ ကဲ ငါ့မိန်းမ သိုးတိရစ္ဆာန်ကောင် ငါ့ကို ပျော်အောင် လုပ်ပေး။ သာယာအောင် လုပ်ပေး။"
              ဘုရာရေ။ မိုက်ရိုင်းလိုက်တာ။ ယုတ်မာလိုက်တာ။ ကျက်သရေယုတ်တဲ့ မင်္ဂလာဦးတဲ့။ ငါ့မိန်းမ သိုးတိရစ္ဆာန်တဲ့။ စော်ကားလိုက်တာ။ ထိုစကားများက နုနယ်သော သိုးရဲ့နှလုံးသားကို ထိုးနှက် နှိပ်စက်နေသည်။ သိုး ထိုသို့ခက်ထန်သော စကားမျိုးကို မကြားနိုင်ပေ။
             "ဗြုတ်"
            သူ အကျီ င်္ကို ဆွဲဖြုတ်လိုက်ချိန်တွင် ကြယ်သီးများ ပြုတ်ထွက်ကာ ကြမ်းပြင်ထက်သို့ ကျလာသည်။ မျက်လုံးတို့ကလည်း စူးရိုင်းကာ ကြမ်းကြုတ်နေသည်။ ဘောင်းဘီကိုပါ ချွတ်ရင်း သိုးနားကို တိုးကပ်လာသည်။ သိုး ကြောက်စိတ်ဖြင့် ဒူးများ တဆတ်ဆတ်တုန်နေသည်။ သိုး ထိုသို့ ပြောဆိုဆက်ဆံခြင်းကို မခံရဖူးပေ။ သိုးနှင့်သူ ခြေလှမ်း ငါးလှမ်းခန့်လောက်သာ ကွာတော့သည်။
               ပထမတစ်လှမ်း။ ဘောင်းဘီ ကျယ်သီးတစ်လုံး ပြုတ်နေပြီ။
             ဒုတိယတစ်လှမ်း။ နောက်ထပ်ကြယ်သီးတစ်လုံး
             တတိယတစ်လှမ်း။ ဘောင်းကို အောက်သို့ လျော့ချလိုက်သည်။
             သိုး ကြောက်လန့်ကာ ရင်တွေ ခုန်နေသည်။ မေးနှစ်ဘက်က တဆတ်ဆတ် ရိုက်ခတ်နေကြသည်။ သိုးကိုယ့်ကိုကျုံ့ကာ ကိုယ့်ကိုယ်ကို ကျစ်ကျစ်ပါအောင် သိုင်းဖက်ထားမိသည်။ ဖြစ်နိုင်လျှင် မြူမှုန်လောက်ထိ သေးကျုံ့ကာ ပျောက်ကွယ်သွားချင်မိသည်။  သိုးကို မည်သူကမျှ အနိုင်ကျင့်ခြိမ်းချောက်မှု မပြုဖူးပေ။ သိုး ရှက်သည်။ ပြီးတော့ ကြောက်သည်။ တစ်ခုခု ပြောချင်ရက် ပြောမရ။ တစ်ခုခု တုန့်ပြန်ချင်ပါလျက် လှုပ်ရှား၍မရ။ အကြောက်တရားက သိုးကို ဝါးမြိုလာသည်။ မျက်ရည်တွေသာ တွေတွေစီးကျလာသည်။ သိုးကို နာကျင်အောင် အနိုင်ကျင့် စော်ကားတော့မည်။ သိုးကို အခြောက်ဘဝရောက်အောင် သူ စော်ကားတော့မည်။
            သူ  စတုတ္ထခြေလှမ်းကို လှမ်းလိုက်သည်။ သူ အောက်ခံဘောက်ဆာလေးဖြင့် သိုးရှေ့တွင် ရပ်တော့မည်။ ဘောက်ဆာလေးကိုပါ အောက်လျောကာချွတ်လိုက်သည်။ ပြီးတော့ သိုး………

နှင်းဆီဖြူပုံပြင်Where stories live. Discover now