၁၁

252 5 0
                                    

သိုးရောက်သွားချိန်တွင် အခန်းကို အပြင်က သံပန်းတံခါးကို ပိတ်ထားခဲ့သည်။ သူဌေးရှိပုံမရ။ သိုးရင်ထဲ ဟာသွားသည်။ သူဌေးရှိနေသည်ဟူသော အသိဖြင့်ပင် သိုး အလွမ်းပြေလောက်သည်။ အခုတော့ ထိုသို့ မဟုတ်ပေ။ သိုး ပြန်ရန် ပြင်လိုက်သည်။ သုံးလွှာမှာ လှေခါးထစ်များကို နင်းဖြတ် ဆင်းလာသည်။ လှေခါးတစ်ဝက်အရောက်တွင် သိုး တိုက်ခန်းလေးကို သမင်လည်ပြန် ကြည့်လိုက်မိသည်။ ပြီးတော့မှ စိတိကိုပိုင်းဖြတ်ကာ ဒုတိအလွှာသို့ ဆင်းလာခဲ့သည်။
ဒုတိယထပ်ရောက်တော့ ရောက်လာတော့ သိုးရဲ့ ခြေလှမ်းများ အလိုလိုရပ်သွားပြန်သည်။ သိုး ပြန်တက်သွားချင်သည်။ သူဌေးကို မမြင်ရတောင် သူဌေးရဲ့အငွေ့အသက်တို့တော့ သိုး ခံစား၍ ရနိုင်သည်ပဲ။ သိုး ပြန်သွားမည်။ သိုး ပြန်သွားမည်။ ဟင့်အင်း ပြန်မသွားဘူး။ နောက်ဆုံးတော့ သိုးရဲ့ ခြေလှမ်းတွေကို နောက်ပြန်လှည့်လိုက်သည်။ သိုးမှာ သော့ရှိနေတာပဲ။

သံပန်းတံခါးကို အသာဖွင့်ပြီး အခန်းတွင်းတံခါးရှေ့ ရပ်လ်ုက်မိသည်။ တံခါးလက်ကိုင်ဖုကို လှည့်လိုက်ချိန်မှာ သိုး အံ့သြသွားမိသည်။ တံခါးကို လော့ခ်ချမထားပေ။ တံခါးကိုဖွင့်လိုက်တာ့ အနံ့သင်းသင်းတစ်မျိုးကို သိုး ရလိုက်သည်။ သိုး စိတ်လှုရှားတေမိသည်။ ထိုအနံ့ကို သိုး သိသည်။  အခန်းအတွင်းသို့  ဝင်လာမိလေ အနံ့က ပိုသင်းလာလေဖြစ်သည်။  သိုး သိချင်စိတ်ဖြင့် မီးခလုတ်ကို လက်ဖြင့်စမ်းကာ ဖွင့်လိုက်သည်။

"ချောက်"

ဖျတ်ခနဲ လင်းလာသော မီးရောင်အောက်တွင် သိုး အံ့သြမိသည်။ အခန်းကို သိပ်မမှတ်မိချင်တော့။ တစ်ခန်းလုံး သပ်ရပ်သန့်ရှင်းကာ ခမ်းနားလှသည်။ သိုး ထိတ်ခနဲ ပျော်သွားသည်။ တစ်ခန်းလုံး နှင်းဆီဖြူတို့ဖြင့် ဝေဆာနေသည်။ ဘုရားစင်ထက်တွင် ဧည့်ခန်းရှိပန်းအိုးထဲတွင်၊ ကုတင်ဘေးက စားပွဲတွင်၊ ထမင်းစားခန်းက စားပွဲတွင် အိုး ဝရန်တာထက်က ပန်းအိုးထဲတွင် နှင်းဆီဖြူတို့ လှပစွာ ပွင့်လန်းနေကြသည်။
ပြတင်းဘေးတွင် တန်းလန်းဆွဲထားသော ပန်းအိုးလေးလည်း နှင်းဆီဖြုတစ်ပွင့် ပွင်နေပြန်သေးသည်။ သိုး အသည်းယားလာက ပန်းလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ ရနံ့သင်းသင်းလေးက သိုးကို လန်းဆန်းကြည်လင်စေသည်။ နှင်းဆီဖြူများကို သိုး ချစ်သည်။ ဆူးရှိသော်လည်း ဖြူစင်လှပလို့နေသည်။
သိုး သူဌေးကို နားမလည်တော့ပေ။ သိုး နှင်းဆီဖြူကြိုက်သည်က သူဌေးများ သိထားသလား။ သို့မဟုတ် မေမေ့အတွက်များလား။ မေမေက နှင်းဆီအဝါကို ပိုကြိုက်သည်ဟု သိုး ထင်သည်။ ဒါမှမဟုတ် သူဌေး ချစ်သူ ကောင်မလေးများ ရနေပြီလားဟူသော အတွေးက သိုးကို မောဟိုက်သွားစေသည်။ သူဌေးဒီကိုများ ချစ်သူနှင့် လာအိပ်တတ်သလားဟူသော အတွေးက သိုးကို ကြေကွဲစေသည်။ သိုးကိုယ်သိုး ရင့်ကျက်ပြီးထင်ထားသော်လည်း တကယ်တော့ သိုး ခံနိုင်ရည်မရှိသေးပေ။ သိုး တစ်ခုခုတော့ သိရမှ ဖြစ်မည်။
သိုး ကုတင်နောက်ရှိ ဗီရိုကို ဖွင့်ကြည့်မိသည် ထို့နောက် အကျီ င်္တို့ကို မွှေနှောက်ရှာဖွေမိသည်။ သိုးကိုယ်တိုင်းနှင့် fit size ကျနေသော အဝတ်အစားများက အရင်ကအတိုင်းပင် ပုံမပျက်ရှိနေသည်။ အဝတ်အစားတွေ လိုက်ကြည့်ရင်း သေတ္တာလေးတစ်လုံးကို သိုး တွေ့သွားသည်။ သိုး စိတ်ဝင်တစားကြည့်မိလိုက်သည်။ ထိုအချိန်တွင် …

နှင်းဆီဖြူပုံပြင်Where stories live. Discover now