၁၀

339 6 0
                                    

"သူက ကျတော်ချစ်ရတဲ့မိန်းမရဲ့ သားဖြစ်နေလို့။ သူကို ဘယ်တော့မှ မချစ်ပေမယ့် သူ့အမေကို အရမ်းချစ်လို့ပဲ။"

သိုး အရမ်းအံ့သြသွားသည်။ မေမေက မမတို့ သို့မဟုတ် သိုးကို သူဌေးလက်ထဲ ထည့်ပေးရဲခြင်းမှာ ထို အချက်လည်း ပါမည်ထင်သည်။ သူဌေးဘာလို့ ထိုမျှလောက် အငြှိုးကြီးသည်မှာ သူ့ချစ်သူကို ဖေဖေက လုသွားခြင်းကြောင့်ဖြစ်ကြောင်း သိုး သိခွင့်ရလိုက်သည်။ သူဌေးက မေမေ့ရဲ့ ချစ်သူတဲ့။ သိုးချစ်သူက သိုးမေမေရဲ့ ချစ်သူတဲ့။ သူက သိုးကိုမချစ်ဘဲ မေမေ့ကို ချစ်နေတာတဲ့။  သိုးချစ်သူက သိုးမျှော်လင့်ခွင့်မရှိသော ယောက်ျားတစ်ဦး ဖြစ်နေသည်။ ထိုအတူ သိုး မေမေ့နှလုံးသားကို လုယူဖို့ကြိုးစားသလို ဖြစ်ခဲ့သည်ပေါ့။ အချစ်သည် သိုးအတွက် အဖြစ်ဆိုးဖြင့် အစပြုကာ၊ အဖြစ်ဆိုးတို့ဖြင့် အဆုံးသတ်သွားသည်။ ကံကြမ္မာရယ် သိုးကို အဲလောက်မရက်စက်ပါနဲ့လား။ ငယ်ငယ်ရွယ်ဖြင့် သိုးကြုံရသည့် အချစ်ဆိုသောအရာမှာ ဆိုးရွားလှသည်။ အချစ်တဲ့
ပူလောင်လွန်းလှသည်။
ခက်ခဲလွန်းလှသည်။
ပင်ပန်းလွန်းလှသည်။
ဆိုးရွာလွန်းလှသည်။ သိုး ချစ်သူဆီက ရတောင့်ရခဲ ရခဲ့သောအနမ်းတွေ၊ ငဲ့ညှာခြင်းတွေက သိုးကိုမချစ်ဘဲ တစ်ခြားတစ်ိယောက်ကြောင့် ပေးခဲ့တာတဲ့။ သိုး လူဖြစ်ရခြင်းကို ကြီးစွာသော ဒုက္ခဟုသာ မြင်လာမိသည်။ ဘဝတဲ့ သိုးအတွက်တော့ ငရဲပင်။ သိုးရဲ့ ဘဝတစ်လျောက်လုံး အမြဲတမ်း
ပင်ပန်းဆင်းရဲနေရသည်။
ပူလောင် ငိုကြွေးနေသည်။
ကယ်သူမဲ့ အားကိုးရာမဲ့ အထီးကျန်လွန်းသည်။
နင်းချေဖျက်ဆီးသူများနှင့်သာ တွေ့ရသည်။
မိမိမလုပ်ခဲ့သော အပြစ်တစ်ခုအတွက် ရက်စက်စွာ ပေးဆပ်စတေးခံနေရသည်။
ဆက်ဆုတ်နာကျင်ဖွယ်ကောင်းလှသည်။
ခက်ထန်ကြမ်းရှလွန်းလှသည်။ သိုး ရှက်စိတ်၊ သိမ်ငယ်စိတ်၊ ယူကြုံးမရစိတ်က သိုးကို ဝါးမြိုလာသည်။ သိုး ရင်ဘတ်တို့ ဆို့ကြပ်လေးလံလာသည်။ ခေါင်းကလည်း ချာချာလည်လို့လာသည်။ ခန္ဓာကိုယ် အင်အားတို့ ဆုတ်ယုတ်ကုန်ပြီး တဆတ်ဆတ်တုန်နေသည်။ နာကျင်လိုက်နောက်ဆုံးတော့ သိုး အရာရာကို မေ့သွားသည်။
*************************

နှင်းဆီဖြူပုံပြင်Where stories live. Discover now