285 8 0
                                    

                          အခန်း(၉)
သိုး အခန်းရှေ့ရပ်ကာ ဝင်ရကောင်းမလား စဉ်းစားနေရင်း နောက်ဆုံးတော့ သော့ဖွင့်ကာ ဝင်လိုက်သည်။ အခန်းတစ်ခုလုံး မှောင်မဲနေဆဲပင်။ သိုး မီးဖွင့်ပြီးသည့်အထိ သူဌေးက ကိုယ်တုံးလုံးဖြင့် သတိလစ်နေဆဲလား၊ အိပ်ပျော်နေဆဲလား မသဲကွဲပေ။ သူဌေး အအေးပတ်နေပြီလား။ သတိလစ်တာကြာပြီး သေများသွားပြီလား။ သိုး မတွေးတတ်တွေးတတ်ဖြင့် စိတ်ပူလာကာ သူဌေးနား တိုးကပ်လာမိသည်။
ကုတင်ထက်တွင် ဒူးထောက်ကာ သူဌေးကို အသက်ရှူ၊ မရှူ ငုံ့ကြည့်အခဲခတ်နေမိသည်။ သိပ်မထူးခြားသလို ခံစားရကာ သူဌေး၏နှာခေါင်းနားသို့ သိုးခေါင်းကို တိုးကပ်ကာ စမ်းသပ်ကြည့်မိသည်။

"ဝုန်း"
"အ…"

ရုတ်တရက် သူဌေးက သိုးကို သိုင်းဖက်ကာ ပက်လက်အနေအထားဆွဲလဲပြီး သိုးရဲ့ကိုယ်ပေါ် တက်ခွလိုက်၍ သိုး လန့်သွားမိသည်။ သိုး သူဌေးကို မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူဌေးက သိုးက စူးစူးရဲရဲ ကြည့်နေသည်။ အိပ်ချင်မူးတူး မျက်လုံးနှင့်လည်း မတူပေ။ သူဌေး အိပ်ချင် ယောင်ဆောင်နေသည်ပေါ့။ သူဌေး သိုးကို ဘာလုပ်မှာပါလ်ိမ့်။ သိုး ကြောက်လန့်လာမိသည်။

"သူဌေး သိုးလေ။ သူဌေးကို ဘာမှ မလုပ်ပါဘူး။ သူဌေးကို မစော်ကား…… "
"အွန့်"

စကားမဆုံးခင် သူဌေးက သိုးရဲ့နှုတ်ခမ်းတို့ကို စုပ်ငုံလိုက်သည်။ သိုး ဘာလုပ်ရမှန်းမသိပေ။ စက္ကန့်အနည်းငယ် ကြားပြီးနောက် နှုတ်ခမ်းချင်းခွာကာ သိုးကို စူးစူးရဲရဲ ကြည့်ပြန်သည်။ သိုးလည်း တောင်းပန်ဖို့ကြိုးစားလိုက်သည်။

"မေ့ဆေးအုပ်မိတာ သိုးကို……"
"အွန်…"
"သိုးကို ခွင့်……"
"အွန်း……"

သိုး စကားပြောလိုက်တိုင်း သူဌေးက နမ်းနေသည်။ သိုးလည်း ဘာမှမပြောဘဲ ငြိမ်နေလိုက်သည်။ ခဏကြာတော့ သူဌေး သိုးကိုယ်ပေါ်မှ ဆင်းကာ ပက်လက်လန် အိပ်လိုက်သည်။ ထို့နောက် သိုး၏ လည်ပင်းအောက်မှ လက်ကိုလျှိုသွင်းကာ သူ့လက်ကို ခေါင်းအုံးစေသည်။ သိုး မငြင်းဆန်မိဘဲ အလိုက်သင့် ပြုမူနေလိုက်သည်။ သူဌေး သိုးအပေါ် ကြင်နာဟန်ပြသည့်အတွက် သိုး ပျော်မိသည်။ သိုး တစ်ခုခုကိုလည်း ကြောက်ရွံ့ဝမ်းနည်လာသည်။ သူဌေးသိုးကို ပွေ့ဖက် နှစ်သိမ့်ပေးလိမ့်မည်။ သိုး သိနေသည်။

နှင်းဆီဖြူပုံပြင်Where stories live. Discover now