415 11 0
                                    


                              အခန်း  ( ၄ )
         သူဌေးက သိုးကို ခပ်ကြမ်းကြမ်းဆွဲထူလိုက်သည်။ သိုး တဆတ်ဆတ်တုန်သော ခြေထောက်ဖြင့် ကြိုးစားရပ်နေလိုက်သည်။
          "ဗြီး…"
          သိုးရဲ့ ခပ်ပါးပါးတီရှပ်အကျီ င်္ကို လည်ပင်းအစွပ်မှ ဆွဲဆုပ်ပစ်လိုက်သည်။ သိုး သူ့ရင်ဘတ်ကို လက်ဖြင့် တွန်းထောက်ထားလိုက်သည်။ သူက သိုးကို အတင်းသိုင်းဖက်လာသည်။ တွန်းထားသော သိုးလက်များ ပျော့ခွေလာသည်။ သိုး မျက်ရည်များ တာကျိုးသလို စီးကျလာကြသည်။
         သူဌေးရဲ့ ခေါင်းက သိုးမျက်နှာနားသို့ တိုးကပ်လာသည်။ နှမှုတ်သံပြင်းပြင်းနှင့် ရမ္မက်ခိုးဝေနေသော မျက်နှာကို သိုး ရွံလည်းရွံ ကြောက်လည်း ကြောက်သည်။ သူဌေး သိုးရဲ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ထိန်းချုပ်ကာ သူ့မျက်နှာဆီသို့ ဆွဲကပ်လိုက်သည်။ သိုး ငိုယိုကာ အားတင်းရုန်းသော်လည်း ကြောက်စိတ်ကြောင့် အရာမထင်ပေ။ နီးကပ်လာသော သူ့မျက်ဝန်းထဲမှ ရမ္မက်နှင့် အမုန်းတရားကို အထင်းသား မြင်နေရသောကြောင့် သိုး ကြောက်သည်။
           သူဌေး သိုးကို နမ်းရှိုက်ဖို့ကြိုးစားနေသည်။ နမ်းရှိုက်သည်ဆိုသည်ထက် သိုးနှုတ်ခမ်းများကို ကြမ်းရှစွာ စုပ်ငုံလိုပုံပင်။ ထို့ထက်ပို၍ သိုးနှုတ်ခမ်းများကို နာကျင်အောင် ကိုက်ဆွဲချင် ဆွဲလိမ့်မည်။ မျက်နှာက နီမြန်းကာ ဘီလူးသရဲ စီးနေပုံပေါက်နေသည်။ သိုး ခေါင်းကို အတင်းငုံချလိုက်သည်။ မရ သူ သိုးခေါင်းကို ဆွဲမဖို့ ကြိုးစားသလို သူ့ခေါင်းကိုပါ ငုံ့ချ၍ မရမက နမ်းလေသည်။ လက်တစ်ဖက်က သိုးခေါင်းကို ထိန်းကိုင်ကာ ကျန်တစ်ဖက်က သိုး မေးကို မေ့ထားစေသည်။ ထို့နောက် သိုး၏ နှုတ်ခမ်းများကို ခပ်ကြမ်းကြမ်းစုပ်ငုံလိုက်သည်။
             သိုး တန်ဖိုးထားသော သိုးခန္ဓာကိုယ်ကို သိုး မကြည်ဖြူဘဲ၊ ယောက်ျားတစ်ယောက်အနေဖြင့် မဟုတ်ဘဲ သိုး ပေးဆပ် ဆုံးရှုံးလိုက်ရတော့မည်။ ဘယ်သူ့ကိုမှ မနမ်းဖူးသော၊ ဘယ်သူကမှ မနမ်းဖူးသော ပထမဆုံးအနမ်းကို သိုး ချစ်ဦးသူနှင့်သာ ပေးအပ်ရယူဖို့ စိတ်ကူးလှလှလေး ယဉ်မိသည်။ ယခုတော့ သိုးက မချစ်သော၊ သိုးကို မချစ်သောသူက သိုး မြတ်နိုးသော ပထမအနမ်းတို့ကို ပက်ပက်စက်စက် ဖျက်ဆီးခဲ့လေပြီ။ ဝမ်းနည်းစိတ်၊ ယူကျုံးမရစိတ်၊ ရှက်ရွံစိတ်တို့က သိုးကို ပို၍နာကျင်လာစေသည်။
             သိုး မျက်ရည်များ အတားအဆီးမဲ့ကျလာသည်။ သူဌေးက ဟားတိုက်ရယ်မောကာ သိုးရဲ့ မျက်ရညည်များကို လျှာဖြင့်ယက်နေလိုက်သည်။ အိုး ရွံစရာကောင်းလိုက်တာ။ ထိုနောက် သိုးနှုတ်ခမ်းတို့ကို ထပ်နမ်းလာပြန်သည်။ သိုးရဲ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီနေသည်။ နောက်တော့ ပါးစပ်ကိုဟကာ အားရပါးရ ငိုချလိုက်သည်။ သူ ပါးစောင်နှစ်ဖက်ကို ဆွဲဖိကာ ပါးစပ်ကိုပိတ်စေပြီး စုပ်နမ်းနေပေမယ့် အရာမထင်။ သိုးလည်း နာကျင်မှုအတူ ဒူးများခွေကျလာသည်။
            "ဝုန်း"
            "ခွပ်"
             သူဌေး သိုးကို ဒေါသတကြီး စောင့်တွန်းလိုက်သည်။ သိုး ခေါင်းက အုတ်နံရံဖြင့် သွားစောင့်မိသည်။ နောက်ဆုံးတော့ သိုး ကြမ်းပြင်တွင် ခွေခေါက်လဲကျသွားသည်။ သိုး သတိလစ်ပစ်လိုက်ချင်သည်။ လောကကြီးကို မေ့ပစ်လိုက်ချင်သည်။ သို့သော် သိုး မမေ့ပေ။
           "ဝုန်း"
              သူဌေးက တံခါးကို စောင့်ပိတ်ကာ ထွက်သွားသည်။ သိုး သူ့နောက်လိုက်ကာ ထွက်ပြေးဖို့ ကြိုးစားမိသည်။ သို့သော် တံခါးက ဖွင့်မရပေ။ သူဌေး တံခါးကို အပြင်မှ သော့ခတ်သွားပုံရသည်။ ဘုရားရေ။ မိုးက ချုပ်နေပြီ။ သူဌေးသာ ပြန်မလာရင် သိုးတစ်ယောက်တည်း အိပ်ရမလား။ ဟင့်အင်း သိုး ကြောက်သည်။ တစ်ခါမျှ မရောက်ဖူးသောနေရာတွင် သိုး တစ်ယောက်တည်း မနေရဲပေ။
             သိုး ဘေးဘီကိုကြည့်ကာ ကြောက်လာသည်။ ဘေးချင်းကတိုက်၏ သုံးလွှာလောက်တွင်တော့ မီးလင်းနေသည်။ လူရှိသည်ပေါ့။ သိုး တံခါးကို ပိတ်မည်ပြုပြီးမှ မပိတ်ဘဲ ထားလ်ုက်သည်။
          ညက နက်လာသည်။ လေတစ်ဟူးဟူးတိုက်ခတ်လာသံမှာ မကောင်းဆိုးဝါး ညည်းသံလိုလိုပင်။ လေကြောင့် သစ်ပင်၏ အရိပ်မဲမဲများ လှုပ်ယမ်းနေသည်မှာလည်း မကောင်းဆိုးဝါး ကနေသည်နှယ်။ သိုး တံခါးကို ပိတ်ချင်သည်။ သို့သော် တံခါးကိုလည်း သွားမပိတ်ရဲပေ။ သိုး ပုန်း၍ရမည့်နေရာကိုရှာရင်း ကုတင်အောက်ကို တွေ့သွားသည်။ သိုး ကုတင်အောက်ကို ဝင်ကာ နားပိတ်ကာ ကြိုးစားအိပ်လိုက်သည်။ ခြင်များက အဆစ်ဆစ် ကိုက်နေကြသော်လည်း သိုးမလှုပ်ရဲ မရိုက်ရဲပေ။ မိုး မြန်မြန်လင်းပါတော့ဟုသာ ကြိတ်ဆုတောင်းနေမိတော့သည်။
                   ***********-*********
           ပထမတစ်ရက် သိုး ဘာမှမစားမသောက် အိပ်၍လည်း မပျော်ပေ။ ညဘက်ဆိုလျှင် တံခါးခေါက်သံကြားရသည်။
           ဒုတိယတစ်ရက် သိုး နေ့ဘက်တွင် ပြတင်းပေါက်နား ထိုင်၍ ညဘက်ရောက်လျှင် ပြတင်းပေါက်ကို ပိတ်ကာ ကုတင်ထက်တွင် ခေါင်းမြီးခြုံအိပ်သည်။ အစားလည်းမစား။ အိပ်၍လည်း မပျော်ပေ။
            တတိယနေ့ သိုး မစားမသောက်ပဲ ပြတင်းပေါက်နားထိုင်လိုက် အိပ်လိုက်သာနေသည်။ ဗိုက်ကမဆာ။ လူကတော့ အိပ်ချင်လာသည်။ မူးရိပ်မူးရိပ် ဖြစ်လာသည်။ သို့သော် အိပ်မပျော်ပေ။
           စတုတ္ထနေ့တွင် သိုးပြတင်းပေါက်နားတွင် ထိုင်လျက်ကပင် အိပ်ပျော်သွားသည်။ သိုး ဘာမှ မသိအောင် အိပ်ပျော်သွားသည်။ သိုး တစ်သက်လုံး အိပ်လိုက်ချင်သည်။ အိပ်ရင်းတစ်ခါတည်း သေသွားချင်သည်။
           သိုး နိုးလာတော့ ထ၍မရအောင် ကိုက်ခဲနေသည်။ သိုး လှုပ်ရှား၍မရ။ လက်မှာ ပိုက်တန်းလန်းဖြစ်နေသည်။ ကုတင်အမိုးတန်းတွင် ဆေးပုလင်းကို ဇောက်ထိုး ချိတ်ထားသည်။ သိုး အိပ်ပျော်တာမဟုတ်ဘဲ သတိလစ်သွားသည်လား။ အိုး တစ်ခါတည်း သေသွားပါလား။ ဘေးဘီတွင်လည်း ဘယ်သူမှ မရှိပေ။ ဘယ်သူတွေက လာလုပ်ပေးကြပါလိမ့်။ သူဌေးများလား။ မဖြစ်နိုင်ပေ။ သူက သိုးကို သေစေချင်ပေလိမ့်မည်။
         "ချောက်"
         "ဂြိုဟ်ကောင် သတိရလာပြီပဲ။"
         တံခါးဖွင့်ကာ ဝင်လာသော သူဌေးကြောင့် သိုး မျက်နှာလွဲကာ ငြိမ်သက်နေလိုက်သည်။ ဂြိုလ်ကောင်တဲ့။ သူဌေး ရက်စက်သည်။
           "မင်း ငါ့ကို ပြဿနာဖြစ်စေချင်တာလား။ ရေခဲသေတ္တာထဲမှာ စားစရာတွေ ထည့်ထားတယ်။ ထမင်းချက်စာလို့ရအောက်လည်း အိုး၊ ဆန်၊ ဆီး၊ဆား၊ ကြက်သွန် အကုန်ထည့်ထားတယ်။ ဘာလို့မစားတာလဲ။ မင်း သေချင်နေလား။"
          သိုးကို နှိပ်စက်ဖို့ အသက်ဆက်ရှင်စေချင်တာ ဖြစ်မည်။ သူ သိုးကို ဘာလို့မုန်းနေလဲ။ သိုး သိချင် မေးချင်လှသည်။
          "မင်းသေသင့်တာ။ ဒါပေမယ့် အချိန်မတန်သေးဘူး။ မင်း နေကောင်းရမယ်။ မင်း အစားအသောက်စားရမယ်။ ဒါ ငါ့အမိန့်ပဲ။ မင်းကြားလား။"
          သိုး သူ့ကို ဘာမှ ပြန်ပြောလိုစိတ်မရှိ။ ဘာမှမရှိသော နံရံတွေက သိုးအတွက်ဘအဖော်ဖြစ်နေသည်မှာ ကြာပြီ။ သူတို့နှင့်သာ သိုး စကားပြောချင်သည်။
          "မင်း ငါပြောတာကို ကြားလား။ ငါ့ဒေါသကိုစွနေတာလားကွ။"
            သူဌေး ဒေါသတကြီးဖြင့် သိုးရဲ့ကုတင်ပေါ် တက်လာသည်။ သိုး သူ့ကို ကြည့်ချင်စိတ်မရှိ။ သိုး ထုံနေ ဟုန်နေပြီ။ ကြောက်ရကောင်းမှန်း မသိတော့။ သိုးဘဝက သေနေပြီ။
            "ဟေ့ကောင် မင်း ငါပြောတာ မကြားဘူးလား။ မင်း လူပါးမဝနဲ့။ ပြောစမ်း။ ငါ့ကို ပြန်ပြောစမ်း။ ငါ့ကို ကြည့်စမ်း။"
          "အား"
            သူဌေး သိုးကို လက်မောင်းက ဆုပ်ကိုင်ကာ ဆွဲခါမေးနေသည်။ သွင်းလက်စ ဆေးပိုက်မှ ကပ်ထားသော တိတ်များကွာကာ အပ်နှင့်တကွ ပြုတ်ထွက်သွားသော့ကြောင့် ဆစ်ခနဲ နာကျင်သွားသည်။ ထို့အတူ ဆွဲခါနေသော အရှိန်ကြောင့် ခေါင်းများ မူးဝေသည်။
         "တစ်အိမ်လုံးကို မီးပိတ်ပြီး မင်းကို အမှောင်ချထားမယ်။ ငါလည်း မလာဘူး။ မင်းဘယ်လောက် ခံနိုင်မလဲ။ ကြည့်ကြသေးတာပေါ့။ အထီးကျန် ခြောက်ချားပြီး ရူးသွားစေရမယ်။"
           သူဌေးအပြောကြောင့် စောစော ပျောက်ဆုံးနေသော ကြောက်စိတ်တို့ ပြန်ရောက်လာသည်။ မလုပ်ပါနဲ့။ အခုတောင် သိုး ရူးတော့မယ်။ သိုး ဆက်သည်းမခံနိုင်တော့ဘူး။ သိုး ကြောက်သည်။ လူက အားနည်နေ၍ ဖြစ်မည် စိတ်က ပိုမို ဝမ်းနည်းအားငယ်မိကာ သိုး ရှိုက်ကြီးတငင် ငိုချလိုက်သည်။ အင့်ခနဲ၊ အင့်ခနဲ ခပ်ပြင်းပြင်း ရှိုက်မိသည်အထိ ငိုမိသည်။
            "ဗုန်း"
           သူဌေး သိုးကို အိပ်ယာထက်သို့ ဆတ်ခနဲ တွန်ူချလိုက်သည်။ သိုး ကြောက်သည်။ သူဌေးကိုလည်း သိုး ကြောက်သည်။ တစ်ယောက်တည်း နေရသည်ကိုလည်း ကြောက်သည်။ သိုး ဒီညလည်း အိပ်ရဲမည်မထင်။ အပြင်မှာ အချိန်မဟုတ် မိုးကလည်း ရွာနေသည်။ သိုး ကြောက်သည်။
              သူဌေး သိုးရဲ့ကုတင်မှ ထကာ ပြတင်းပေါက်နားသို့ လျှောက်သွားနေပြီ။ သိုးကို တစ်ယောက်တည်း ထားခဲ့တော့မည်။ သိုး ဘာလုပ်ရမည်နည်း။ သူဌေးခြေသံတစ်ချက်ကြားလေ သိုး ချောက်ချားလေ ဖြစ်သည်။ သိုး အကြောက်တရားများကို သည်းမခံနိုင်တော့ပေ။
             ဟော နောက်တစ်လှမ်း။ သူဌေး ပြန်တော့မည်။
             နောက်တစ်လမ်း။ သိုး တစ်ယောက်တည်း ကျန်ခဲ့ရမည်။ သိုး ခေါင်းနပန်းများ ကြီးလာသည်။ ညရောက်တော့မည်။ ငှက်ဆိုးများ အော်တော့မည်။
               သူဌေး တံခါးနားရောက်ပြီ။ သူဌေး တံခါးဖွင့်နေပြီ။ ဟော တံခါးက ပွင့်သွားပြီ။ သိုးလည်း ရုတ်တရက်ထကာ သူဌေးနောက် ပြေးလိုက်သွားသည်။
         "သူဌေး မပြန်ပါနဲ့ဗျာ။ သိုးနဲ့ တစ်ညလောက်တော့ အိပ်သွားပါ။ သိုး မအိပ်ရဲလို့ တစ်ညမှ မအိပ်ရသေးဘူး။ တစ်ညတည်းပါ။ သိုး အရမ်း အိပ်ချင်လို့ပါ။ သိုး တောင်းပန်ပါတယ်။ "
         သိုး သူဌေးခါးကို ပြေးဖက်ကာ အပန်းတကြီး ဗလုံးဗထွေး ပြောလိုက်သည်။ သူဌေးကို မျက်ရည်များကြားမှ မော့ကြည့် အသနားခံမိသည်။ ပြီးတော့ ဒူးထောက်ကာ သူ့ခြေသလုံးများကိုဖက်ပြီး ငိုယို တောင်းပန်နေမိသည်။ သိုးမှာ ဘာမာနမှ မကျန်တော့။ သိုး အဖော်ပဲ လိုပါသည်။ သိုးကို မထားခဲ့ဖို့သာ အရေးကြီးသည်။ ယခုအချိန်တွင် သူဌေးဆီမှ ဖေးမမှုနှင့် မေတ္တာကို သိုး လိုချင်နေမိသည်။ သိုး တစ်ညလောက် ငြိမ်းငြိမ်းချမ်းချမ်းလေး အိပ်ပါရစေ။ သိုးရဲ့ မိသားစုရှိတဲ့ အိမ်လေးကို အိပ်မက် မက်ပါရစေ။ သူဌေးက………

နှင်းဆီဖြူပုံပြင်Where stories live. Discover now