အခန်း ( ၈)
သိုး အိမ်ပြန်ရောက်ရောက်ချင်း မေမေ့ရင်ခွင်ထဲ ပြေးဝင်ကာ ငိုလိုက်ချင်ပေမယ့် မေမေနှင့် မမတို့က အပျော်ကြီး ပျော်နေကြသည်ကို ကြည့်ပြီး မေမေတို့စိတ်ချမ်းသာဖို့ သိုး အဆင်ပြေ ဟန်ဆောင်ခဲ့သည်။ နောက်ကွယ်တွင်တော့ အခန်းတံခါးပိတ်ကာ သိုး အားရပါးရ ငိုမိသည်။ သိုး မပျော်တော့ပေ။ သိုးရဲ့ အရင်ဘဝလေးကို ပြန်လိုချင်မိသည်။"ကလင်…ကလင်"
သိုးရဲ့ ဖုန်းလေး မြည်သံကြောင့် သိုး အံ့သြမိသည်။ သိုးရဲ့ ဖုန်းကို ဆက်မည့်သူ ရှိသေးသားပဲ။ သက်တံ့ကိုတော့ ဖုန်းနံပါတ် ပေးထားမိသည်။ ဖုန်းလေးကို ကောက်ကိုင်လိုက်ချိန်မှာ သော့တွဲလေးကို ခိုက်မိသွားသည်။
"ချောက်"
စားပွဲပေါ်မှ ကြမ်းပြင်သို့ ပြုတ်ကျသွားသော သော့တွဲလေးကို ကြည့်ရင်း သိုး သူဌေးကို သတိရမိသည်။ အခန်းကို အမှောင်ချကာ ကိုယ်တုံးလုံးဖြင့် သူဌေးကို အခန်းထဲတွင် ထားခဲ့သည်။ မည်သူနှင့်မျှ ဆက်သွယ်မရအောင် သူဌေး၏ ဖုန်းကိုလည်း ယူလာကာ သော့ကိုလည်း အပြင်မှ ပိတ်ထားလိုက်သည်။ မီးကိုလည်း အောက်ထပ်ရှိ မီးစက်မှ ဖြတ်တောက်ထားမိသည်။ ပတ်ဝနကျင်က မှောင်မိုက်လို့ လာသည်။ သူဌေး သတိရပါ့ဦးမလား။ အအေးပတ်နေမလား။ သတိရလာလျှင်ရော ကြောက်နေမည်လား။ အမှောင်ထဲတွင် နေရဲပါ့မလား။
သူဌေး သတိရ၍ လွတ်မြှောက်လာလျှင် သိုးကို အခြောက်ဖြစ်အောင် လုပ်မည်ဟု ပြောဖူးသည်။ သူဌေး ပြောဖူးသည်။ " ငါက အခြောက်။ ဟုတ်တယ်။ အေး အဲလိုခြောက်အောင် ဝိုင်းအစော်ကားခံရတာကွ။ အဲဒီတော့ မင်းကို အခြောက်ဖြစ်အောင် ငါ ပြန်လုပ်ချင်တယ်။ မင်းအစားပြန်ပေးဆပ်ရလိမ့်မယ်။ မင်းစကားတွေကို မင်းကိုယ်တိုင် သိပ်နားလည်ပုံမရဘူး။ မင်း ငါ နားလည်အောင် လုပ်ပေးမယ် " တဲ့။
ဘာဖြစ်သေးလဲ။ သိုး လက်ဦးမှု ယူရမည်။ သူဌေးကို ထို့ထက်ပို လုပ်သင့်လျှင်လုပ်ရမည်။ သူဌေး ဝဋ်လည်တော့မည်။ သိုးကို ရက်ပေါင်းများစွာ ထိုသို့ထားခဲ့သည်ပဲ။ ယခု သူ့အလှည့်ပင်။ သူဌေး ကြောက်ရွံ့နေပါစေ။ သိုးကို ပြောသလို ရူးသွပ်သွားပါစေ။ သိုး ပျော်နေမည်။ သိုး ကျေနပ်နေမည်။

YOU ARE READING
နှင်းဆီဖြူပုံပြင်
Romansaကတိတစ်ခုကြောင့် သမီးပျိုနှစ်ယောက်ရှိတဲ့အိမ်ကို ဇနီးလောင်းရွေးဖို့လာခဲ့ရင်း အဲဒီအိမ်က ၁၈နှစ်အရွယ် အငယ်ဆုံးသားလေးကို တွေ့ပြီး စိတ်ကူးပြောင်းသွားတဲ့ မောက်မာတဲ့ သူဌေးနဲ့ ငွေနဲ့အဝယ်ခံလိုက်ရတဲ့ ဖြူစင်တဲ့ဆင်းရဲသားကောင်လေးတို့ကြားက အမုန်းနဲ့ ဖြူစင်မှု အားပြ...