၁၄

267 6 0
                                    

ပြတင်းဘေးတွင် တန်းလန်းဆွဲထားသော ပန်းအိုးလေးတွင် နောက်ထပ် နှင်းဆီဖြုတစ်ပွင့် ပွင်နေသည်။ သိုး အသည်းယားလာက ပန်းလေးကို ခပ်ဖွဖွလေး နမ်းလိုက်သည်။ ရနံ့သင်းသင်းလေးက သိုးကို လန်းဆန်းကြည်လင်စေသည်။

သူဌေးက သိုးကို နောက်ကနေ သိုင်းဖက်လာသည်။ ပြီးတော့ သိုးရဲ့ ကုတ်သားတွေကို ဖွဖွလေး နမ်းလာသည်။ သိုး လည်ပင်းကို နောက်ပြန်လှည့်ကာ သူဌေးကို မော့ကြည့်လိုက်သည်။

"ဘာလို့တစ်အိမ်လုံး နှင်းဆီဖြူတွေပဲ စိုက်ထားတာလဲ။"

"သိုးကြောင့် နှင်းဆီဖြူတွေကို ကိုယ်ချစ်တတ်လာတယ်။ တကယ်တော့ နှင်းဆီဆိုတာ သိုးကို ကိုယ်စားပြုတာပေါ့။ အစက ကိုယ် ပန်းမကြိုက်ဘူး။ အခုတော့ နှင်းဆီဖြူတွေကို ကိုယ် သိပ်ချစ်တတ်နေပြီ။"

"သိုးလည်း နှင်းဆီဖြူကို ချစ်တာပဲ။ ဒါပေမယ့် သိုးနဲ့ ဘာဆိုင်လို့လဲ သူဌေးရ။"

"သိုးကို မြင်မြင်ချင်းထဲက သိုးကို လှပပြီး ဖြူစင်တဲ့ပန်းတစ်ပွင့်လို့ တင်စားခဲ့မိတယ်။ အတူနေတော့မှ အနံ့မပြင်းပေမယ့် သင်းသင်းလေးနဲ့ နက်နက်ရှိုင်းမွေးမြတဲ့ နှင်းဆီရနံ့လို စွဲမက်စရာကောင်းမှန်း သိလိုက်ချိန်မှာ ဆူးတွေက ကိုယ့်နှလုံးသားကို စူးစိုက်နေမှန်း သိလိုက်ရတယ်။ "

သိုး သူဌေးကို မော့ကြည့်ရင်း နမ်းမလို လုပ်ပြီးမှ သိုး စိတ်ကို ထိန်းလိုက်သည်။ နှင်းဆီတွေကို ကြည့်လိုက်တော့ သူတို့က သိုးကို ပြုံးကြည့်နေကြသည်။ သိုး ရှက်ရွံ့စွာ ခေါင်းကို ငုံ့ချလိုက်သည်။ သူဌေးရဲ့ ခံစားချက်တွေ သေချာနေစေဦးတော့ သိုး ဆင်ခြင်ရလိမ့်မည်။ သူဌေးက သိုးကို မြတ်မြတ်နိုးနိုး ငုံ့ကြည့်လာသည်။ သိုးကို သူဌေး ချစ်နေသည်ဟူသော အတွေးကြောင့် သိုး ကြက်သီးလေးများ ထလာသည်။

"ကိုယ် သိုးကို ချစ်နေပြီထင်တယ်။"

သိုး ထိတ်ခနဲ ဖြစ်သွားသည်။ သိုးကို ချစ်နေပြီထင်တယ်တဲ့။ သိုးကို ချစ်တယ်လို့ ပြောရမှာ မဟုတ်ဘူးလား။ ဘယ်လိုစကားကြီးပါလိမ့်။
"ခုချိန်မှာ သိုးကို အဆုံးရှုံးမခံနိုင်ဘူး။ သိုးကို အနားမှာပဲ ရှိစေချင်တယ်။ အဲဒီခံစားချက်ကိုတော့ ကိုယ် အသေအချာသိတယ်။ ဒါပေမယ့် အဲဒါဟာ အချစ်လို့တော့ ကိုယ် လက်မခံနိုင်သေးဘူး။"

နှင်းဆီဖြူပုံပြင်Where stories live. Discover now