အခန်း (၁၄)
"သိုး ဘာလို့ ဘာမှ မပြောတာလဲ။ သိုး သေချာနားထောင်နော်။ နေရာကိုမပြောချင်နေ ခုချက်ချင်း ဆင်းနော် လိမ္မာတယ်နော်""ဟို......"
သိုး ဘာလုပ်၊ ဘာပြောရမှန်းမသိပေ။ သိုးလည်း စိတ်ပူလာသည်။ သူဌေး ကားမောင်းရင်း ဖုန်းပြောနေသည်။ မတော်တဆ တစ်ခုခုသာ ဖြစ်လျှင် သိုး ဘာလုပ်ရမည်နည်း။
" ကိုယ်ပြောတာ မကြားဘူးလား။ သိုး က်ုမိုးကို သဘောမကျဘူး မဟုတ်လား။ သဘောကျလို့လည်း မရဘူးနော်။ သိုး ခုချက်ချင်း ကားရပ်ခိုင်းလိုက်နော်။ သိုးကို ကိုယ် ဆုံးရှုံးမခံဘူး။ သိုးကို ကိုယ် "
သူဌေး၏စကားမဆုံးခင် ကိုမိုးက ဖုန်းကို ဆွဲလုလိုက်သည်။ ထို့နောက် ကိုမိုးဘက်က ပြောသံကိုသာ သိုးကြားရသည်။
"အခု ငါ အင်းလျားကန်ကနေ မင်းကို စောင့်မယ်။ မိနစ် ၃၀ပဲ အချိန်ရတယ်။ အဲဒီအချိန်အတွင်း မင်း ရောက်အောင် လာနိုင်ရင် သိုးကို ငါ တစ်သက်လုံး လက်လွှတ်ခံလိုက်မယ်။"
"..................... "
"အိုကေလေ ငါ ကတိတည်စေရမယ်။ နာရီဝက်အတွင်းနော်။ see you"
ကိုမိုး ဖုန်းချပြီး သိုးဘက်ကို လှည့်လာသည်။ သိုး ဘာလုပ်ရမှန်း၊ ဘာပြောရမှန်း မသိသေးပေ။ က်ုမိုးက သိုးကို ခိုးပြေးမည်ဆိုသည်ကို သိုးယုံရမလား။ သူဌေးလာမည်ဆိုသည်ကို သိုး ယုံရမလား။ ပြီးတော့ ကိုမိုးက မိနစ်သုံးဆယ်အထိ မစောင့်မှာကို စိုးရိမ်ရမလား။ သူဌေးနာရီဝက်အတွင်း မရောက်မှာက်ု စိုးရိမ်ရမည်လား။ ကိုမိုးက သိုးကို ယဲ့ယဲ့လေး ပြုံးပြသည်။ သိုး စိုးရိမ်မှုများ လျော့ကျသွားသည်။
"သိုး စိတ်ရှုပ်နေလား။ ဒါမှမဟုတ် ဘာကို စိတ်ပူရမှန်းမသိ ဖြစ်နေတာလား။ ကိုယ် နားလည်ပါတယ်။ သိုး တစ်ခုပဲ စိတ်ပူပါ။ သိုး မျှော်လင့်သလို ဖြစ်မလာရင်လည်း ပြိုလဲမသွားပါနဲ့။"
သိုး ဘာမှန်းမသိဘဲ ယောင်ရမ်းကာ ကိုမိုးကို ခေါင်းညိတ်ပြလိုက်သည်။ လုံခြုံစိတ်ချမှုဟူသော ခံစားချပ်ကိုတော့ သိုး ခံစားရသလိုပင်။
"ကိုယ် သိုးကို ခိုးမပြေးပါဘူး။ ဒီနေရာမှာပဲ ချထားပေးပါ့မယ်။ သူ နာရီဝက်အတွင်း ရောက်လာရင် သိုးဘက်က နှစ်ခုတွေးရလိမ့်မယ်။ တစ်က သိုးဘဝကို ကိုယ့်လက်ထဲမှာ ညစ်နွမ်းမသွားစေချင်တဲ့ စေတနာကြောင့်။ နှစ်က သိုးကို သူ ချစ်သွားလို့။ တကယ်လို့ ရောက်မလာခဲ့ရင် သိုး ဘာမှ မမျှော်လင့်ပါနဲ့။"
"ကိုမိုးကရော သူဌေး လာမယ်လို့ ထင်လား။"
"အမှန်ပြောရ ရင် သူ လာလိမ့်မယ်။ ဒါပေမယ့် ဘယ်အချက်ကြောင့်လည်းဆိုတာတော့ ကိုယ်မသေချာဘူး။"
ကိုမိုး ဘာလို့ ထိုသို့ ဖန်တီးခဲ့သည်ကို သိုး စိတ်ထဲ အံ့သြမိသည်။ အကယ်၍သာ သူဌေးလာပါက ကိုမိုးက သူဌေးစိတ်ကို သိလွန်းလှသည်ဟု သိုး ကောက်ချက်ချမိမှာပင်။ သူဌေးလာခဲ့ရင်တော့ မေးခွန်းတစ်ခုကို သိုး မေးဖို့လိုပေလိမ့်မည်။ ဒါက မနာလိုစိတ်တစ်ခုတည်းကြောင့် မဟုတ်ဘဲ နားလည်မှုတစ်ခုလည်း ပါပေလိမ့်မည်။ သို့သော် သိုး မမေးခဲ့ပေ။
"သိုး ကံကောင်းပါစေ။ သိုးက အရမ်းဖြူစင်တော့ သိုးကို သူ တန်ဖိုးထားမှာပါ။ သခင်က သိုးကို ချစ်လည်း ချစ်စေချင်တယ်။ ချစ်လည်း မချစ်စေချင်ဘူး။"
***************************
ကိုမိုးက နားမလည်နိုင်စရာ စကားများကို ပြောကာ သိုးကို ပြည်လမ်းရှိ အင်းလျားကန်ဘောင်ဘက် ဂုံးကျော်တံတားအောက်တွင် ချထားခဲ့သည်မှာ နှစ်ဆယ့်ငါးမိနစ်ရှိပြီဖြစ်သည်။ သိုး စိတ်ပူပန်စွာဖြင့် စောင်ါနေသော်လည်း သူဌေူ၏ အရိပ်အရောင်မျှ မတွေ့ရပေ။
နှစ်ဆယ့်ခြောက်မိနစ်
နှစ်ဆယ့်ခုနစ်မိနစ်
နှစ်ဆယ့်ရှစ်မိနစ်
နှစ်ဆယ့်က်ုးမိနစ်
နှစ်ဆယ့်ကိုး မိနစ်ရောက်လာပြီ သူဌေး လာတော့မည် မဟုတ်ပေ။ သိုး ငိုချင်လာသည်။ သိုး ဘာလုပ်ရမည် မသိပေ။
ငါးစက္ကန့်
ဆယ်စက္ကန့်
စက္ကန့်သုံးဆယ်
သိုး ခြေလှမ်းများကို အိမ်ဆီ ဦးတည်လိုက်သည်။ သိုး ပြန်သင့်ပြီထက်သည်။
စက္ကန့် ငါးဆယ်
"ကျွီ"ကျွီ"
ကားဘရိတ်အုပ်သံကြောင့် သိုးလန့်သွားမိသည်။ ကားတံခါး ပွင့်လာသည်။ သိုး အသက်ပင် မရှူမိဘဲ ကားကို မမှိတ်မသုန် ငေးကြည့်နေမိသည်။ ကားပေါ်မှ သူဌေး ဆင်းလာသည်။ သိုး ထအော်မတတ် ပျော်မိသည်။ သူဌေး တကယ်လာသည်။"သိုး ကားပေါ်တက်လေ။"
သူဌေး၏မျက်နှာမှာ သိမ်မွေ့နေသလောက် အသံကလည်း နွေးထွေးလှသည်။ သိုး ပျော်ရွှင်နေမိသည်။ သိုး ပျော်လွန်း၍ ငိုပင် ငိုချင်မိသည်။ သိုး ကားထဲဝင်လိုက်ပြီးချိန်ထိ သူဌေး စက်မနှိုးသေးပေ။ သိုးကို ငေးကြည့်ကာ စကားဆိုလာသည်။
"ကိုယ်တို့ တိုက်ခန်းကို သွားရအောင်။ သိုး လိုက်မယ်မလား။"
သိုး သွက်လက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဒီတစ်ခါတော့ သိုး မမူပါရစေနဲ့တော့။
*************************
YOU ARE READING
နှင်းဆီဖြူပုံပြင်
Romanceကတိတစ်ခုကြောင့် သမီးပျိုနှစ်ယောက်ရှိတဲ့အိမ်ကို ဇနီးလောင်းရွေးဖို့လာခဲ့ရင်း အဲဒီအိမ်က ၁၈နှစ်အရွယ် အငယ်ဆုံးသားလေးကို တွေ့ပြီး စိတ်ကူးပြောင်းသွားတဲ့ မောက်မာတဲ့ သူဌေးနဲ့ ငွေနဲ့အဝယ်ခံလိုက်ရတဲ့ ဖြူစင်တဲ့ဆင်းရဲသားကောင်လေးတို့ကြားက အမုန်းနဲ့ ဖြူစင်မှု အားပြ...