{{{Unicode}}}🌺🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿
"ဟူး...တစ်နေကုန်ပြေးလွှားနေရတာနဲ့.
ညောင်းကိုက်နေရောပဲ..."မျက်မှန်ကိုဆွဲချွတ်လိုက်ပြီး ကုတင်ပေါ်ခုန်တတ်လိုက်တော့...
"ကျွီ...ဖြောင်း..ဘုတ်..."
"ဟာ...သေလိုက်တော့.."
တစ်ကျွီကျွီမြည်သံပေးကာ..ဖြောင်းခနဲကျိုးကျသွားသော..ကုတင်ဒေါက်တစ်ဖက်၊
ရီပေါ်..စိတ်ညစ်ညစ်နဲ့ခေါင်းကိုသာလှိမ့်ကုပ်နေမိသည်..။ ထိုအခါဂုတ်ထောက်ဆံပင်များက..ပွယောင်းယောင်းဖြစ်လာကာ..လူကလဲ ပို၍နုံချိလာသလို..။
"အား..စိတ်ညစ်ရတယ့်အထဲကွာ..
တောက်..၊ ဒီကုတင်က တစ်မျိုး.."တောက်..တစ်ချက်ခေါက်ကာ..ဝတ်ထားသော Suit ကိုအတင်းဆွဲချွတ်ပြီးနံရံကိုပစ်ပေါက်လိုက်သည်..။
အဆင်မပြေဘူး..၊
ဘာတစ်ခုမှ..အဆင်မပြေဘူး..၊1...နှစ်ကျော်တွဲလာတယ့်ချစ်သူကလဲအကြောင်းပြချက်မရှိပဲနဲ့လမ်းခွဲသွားတယ်။
Boss ဆိုတယ့် အကွေးကောင်ကိုလဲ သည်းမခံနိုင်လို့အလုပ်ပြုတ်တော့မယ်..။ရီပေါ်..ပြတင်းပေါက်မှတစ်ဆင့်အပြင်ကိုငေးကြည့်နေမိသည်..။ လ ချုပ်နဲ့ငှါးထားရသော ဒီအခန်းလေးက..ဒီလကုန်ရင် စပေါ်ငွေပေးရတော့မှာဖြစ်သည်..။
ဪ..ချမ်းသာတယ့်လူတွေကလဲ..ချမ်းသာပြီးရင်ချမ်းသာကာ..၊ကိုယ်လိုလူတွေကျတော့..ဆင်းရဲပြီးရင်ဆင်းရဲလာသည်..။
ဝမ်ရီပေါ်ဆိုတယ့်..ကျနော့်အကြောင်းပြောရရင်..အနည်းငယ်ရိုးရှင်းပါသည်..။
မိဘမဲ့..၊တစ်ကောင်ကြွက်တစ်ယောက်..၊
မိဘမဲ့ကျောင်းမှာကြီးပြင်လာပြီး..ခက်ခက်ခဲခဲနဲ့..ပညာတတ်ဖြစ်လာသူ၊ ဘွဲ့ရတာမကြာသေးတာမို့.လုပ်ငန်းအတွေ့အကြုံကလဲသိပ်မရှိ..၊ခုလဲ..MC Group မှာ 3 လလောက်သာ
စက္ကထရီလုပ်ရသေးသည်..။ လစာကလဲအရမ်းနှိမ်ကာ..စက္ကထရီဆိုတာအမည်ခံသက်သက်..၊ Boss ရဲ့တောက်တိုမယ်ရအကုန်လိုက်လုပ်ပေးရပြီး..၊သူ့အကောင်တွေနဲ့ရှုပ်သမျှကိုလဲလိုက်ရှင်းပေးရသေးသည်..။
![](https://img.wattpad.com/cover/203136041-288-k770046.jpg)
YOU ARE READING
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...