[[ UNICOD ]]
^^ကျွန်တော်တို့ဘာ့မှ မသိပါဘူး၊ ကျောင်းဝတ်စုံနဲ့လဲပေးလိုက်ရုံပါပဲ^^
^^ ဟုတ်ပါတယ် နောက်ပြီးအဲ့ပစ္စည်းတွေကို Second စျေးနဲ့ရောင်းလိုက်တာပါ^^
^^ခိုးရာပါ ပစ္စည်းတွေမှန်းတကယ်မသိလို့ပါ^^^
^^ ကျေးဇူးပြုပြီးတစ်ခါလောက်တော့ခွင့်လွှတ်ပေးပါ^^
ကိုယ်တွေသုံးယောက်ကိုကြည့်ပြီး ထိုကောင်လေးနှစ်ယောက်က လေသံတုန်တုန်နှင့်ထိုစကားများကိုသာ ဆက်တိုက်ပြောနေကြသည်။ စကားအသွားအလာကိုကြည့်ခြင်းအားဖြင့် တစ်ခုခုလွဲနေမှန်းသိနေသော်လည်း ရှင်းပြဖို့စိတ်ကူးတို့ရှိမနေ၊
ထင်ချင်သလို ထင်ချတော့ဟေ့၊ အဲ့ပစ္စည်းတွေက ခိုးရာပါပစ္စည်းတော့မဟုတ်ဘူး၊ ဝမ်ရီပေါ်ဆိုတယ့် ပိန်းဥကောင်ကမှ ငါ့နှလုံးသားကိုခိုးယူပြီးထွက်ပြေးသွားတာ၊ ဟူး..ပိန်းဥကပိန်းတော့ပိန်းပေမယ့် ညဏ်ကောင်တယ်ဆိုတာကို သတိမေ့သွားခဲ့တာပဲ၊ ခုတော့ ဘယ်သွားရှာရမလဲ??
နောက်ဆုံးတော့ Company ကိုသာစိတ်ညစ်ညစ်နှင့် ပြန်လာရသည်။ ဇီရွှမ်းက အလုပ်ကိစ္စကြောင့်အလောတကြီးပြန်သွားသော်လည်း ကျင်းရီကတော့ Photo Shooting ကိုဖျက်ကာ မိမိနှင့်အတူ Company သို့လိုက်လာခဲ့သည်။ ပါးစပ်ကလဲ ပတွတ်ပတွတ်နှင့် ရေရွတ်နေတာကမိန်းမကြီးတစ်ယောက်လိုပဲ ။
"တော်ပါတော့ကွာ စိတ်ညစ်တယ့်ကြားထဲ တိတ်တိတ်နေစမ်းပါ"
"ငါကမင်းအတွက်ပြောနေတာလေ ခွေးကောင်ငကျန့်ရ "
"မင်း အဲ့လိုဗျစ်တောက်ဗျစ်တောက် ပြောနေလဲ ဝမ်ရီပေါ်ကပြန်ရောက်လာမှာလား? အဓိကကခုချိန်မှာ ခေါင်းအေးအေးထားပြီး စဥ်းစားဖို့ပဲ.."
ကျင်းရီ က ဟွန့် ခနဲနှာမှုတ်ရင်းတစ်ဖက်လှည့်သွားကာ မျက်နှာကလဲရှုံ့တွတွ၊ ရှောင်းကျန့်မှာတော့ မျက်လုံးအစုံကိုစုံမှိတ်ရင်း အတွေးများကိုဖြန့်ကျက်နေလိုက်သည်။ ဘယ်မှာလဲ?? ဘယ်မှာလဲ?? ငါ့ပိန်းဥလေး ဘယ်မြေတွင်းထဲမှာသွားပုန်းနေလဲ??
သို့ပေမယ့် ဌက်ဆိုးလိုအသံကနားထဲသို့စူးဝါးစွာနဲ့ အား..ခနဲ
![](https://img.wattpad.com/cover/203136041-288-k770046.jpg)
VOUS LISEZ
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...