{{{{{UNICODE}}}}}
🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾🐾
"ဦးလေးခွန်းက ဒီအိမ်ရဲ့အိမ်တော်ထိန်းကြီးဆို"
"ဟုတ်ပါတယ်"
"ကျွန်တော်ဘာဖြစ်လို့အတိတ်မေ့သွားတာလဲဟင်၊ နောက်ပြီး ရှောင်းကျန့်နဲ့လက်ထပ််ဆိုကရော တကယ်လား??"
ဇာတ်လမ်းအစအဆုံးသိနေသော ဦးလေးခွန်းသည်အမှန်ပြောရမည့်အစား သခင်လေးမှားထားသည့်အတိုင်း...
"ဟုတ်ပါတယ် သခင်လေးနဲ့ဒီက Honey အာ.. ဝမ်ရီပေါ်နဲ့က လက်ထပ်ထားတာလေ၊ အတိတ်မေ့သွားတာကတော့ လှေကားပေါ်ကပြုတ်ကျတုန်းက အာရုံကြောထိသွားတာထင်တယ် "
ရီပေါ်က Wheelchair ပေါ်ထိုင်ရင်း ခေါင်းတစ်ဆတ်ဆတ်ညိမ့်ကာ ဪ ဟုတီးတိုးရေရွတ်လိုက်သည်။ အဖြစ်ပျက်တွေက သူပြောတယ့်အတိုင်းကွက်တိပဲ ။
"ဒါနဲ့ ကျွန်တော့်သီချင်းခွေရော ထွက်ပြီလား??"
"ဟမ်.."
ဦးလေးခွန်းခေါင်းရှုပ်သွားသော်လည်း မျက်မှန်ဝိုင်းလေးအောက်မှာ သိချင်စိတ်နှင့်ပြူးကျယ်နေသော မျက်လုံးများကိုမျက်ကွယ်မပြုရက်ပေ။ ထို့ကြောင့်လုပ်ဇာတ်အတိုင်း..
"ဟို သခင်လေးဝမ်ရီပေါ်က အဆိုတော်မဖြစ်သေးပါဘူး၊ နာမည်ကြီး Club တွေမှာလိုက်ဆိုနေတုန်းပါပဲ"
"ဟင် အဲ့လိုကြီးလား???"
ကြားလိုက်ရတယ့် မိမိအကြောင်းတွေက လုံးဝအားရဖွယ်ရာမရှိ၊ လူတစ်ယောက်နှင့်လက်ထပ်ထားသည့်အပြင် အဆိုတော်မဖြစ်သေးတယ့် သူတစ်ယောက်။ ပြောတော့စပွန်ဆာဆို ငါ့ခန္ဓာကိုယ်တစ်ခုလုံးပေးအပ်ထားတာတောင် ဘာလို့အဆိုတော်မဖြစ်သေးတာလဲ??
ဒီကြားထဲမှာ ပျောက်နေတယ့်မှတ်ဉာဏ်တွေက ဘာတွေဖြစ်နိုင်မလဲ?? လှေကားပေါ်က ပြုတ်ကျတာကရော သွေးရိုးသားရိုးဟုတ်ရဲ့လား??
စဥ်းစားသော်လည်း အဖြေတို့ထွက်မလာပေ၊ သေချာသည်ကတော့ မိမိဘဝကတစ်ခုခုပြောင်းလဲနေကာ လူတိုင်းကတစ်ခုခုကိုဖုံးကွယ်နေကြသည်။ ဘာကိုလဲဆိုတာတော့ ရေရေရာရာမသိ..။
"ခြံထဲဆင်းချင်လား သခင်လေး"
"ဟင့်အင်း ကျွန်တော့်ကို ရီပေါ်လိုပဲခေါ်ပါ"
![](https://img.wattpad.com/cover/203136041-288-k770046.jpg)
BINABASA MO ANG
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...