[[ UNICODE ]]
အမဲသားက 2 kg၊
ကြက်သားရယ်၊ ငရုတ်ပွသီးရယ်၊ အင်း ပြီးတော့ဟင်းရွက်နည်းနည်းထပ်ဝယ်ရမယ်။ဘာလုပ်နေလဲလို့ မမေးလေနှင့်၊ Honey တစ်ယောက် သူ့လင်ပိုင်တယ့် Shopping Centreမှာစျေးဝယ်ထွက်နေခြင်း၊ ဟိုပစ္စည်းကိုင်ကြည့်လိုက် ပြန်ပစ်ချလိုက်၊ ပါးစပ်က ပတွတ်ပတွတ်ရေရွတ်လိုက်၊ နှာခေါင်းရှုံ့လိုက် ခေါင်းခါလိုက်နှင့် တစ်ယောက်ထဲတိုင်ပတ်တယ်ဆိုတာဒါမျိုးကို ခေါ်တာနေမှာ..။
"ဒိန်း.."
ဟုတ်ကဲ့ ဒါက Shopping Mallထဲမှာဖြစ်လေ့ဖြစ်ထရှိတယ့် အသေးစားမတော်တဆမှုတစ်ခုပါ၊ စျေးဝယ်လှည်းချင်းပစ်တိုက်သွားတာမို့ နှစ်ယောက်သားအပြန်အလှန်ကြည့်ရင်း..
"ကျွန်မ လောသွားလို့ပါ တောင်းပန်ပါတယ်ရှင်"
"ရပါ..ဟင် မင်း..လီအာ လီအာဟုတ်တယ်မလား?"
[မှတ်မိလားမသိဘူး ပိန်းဥရည်းစားကသူ့ကိုထားသွားပြီး ချမ်းသာတယ့်ကောင်နောက်လိုက်သွားတာလေ]ထိုမိန်းကလေးက ရီပေါ့်ကို ဇဝေဇဝါနှင့်ပြူးကြည့်လာပြီး..
"ဘယ်သူလဲ မသိဘူး ကျွန်မကိုသိလို့လား?"
"ငါလေ ဝမ်ရီပေါ်"
"ဟင်.."
လီအာ ဆိုသောမိန်းကလေးမှာ ရှေ့ကကောင်ချောလေးကိုကြည့်ပြီး 5 စက္ကန့်လောက်ဆွံအနေခဲ့သည်။ သူနဲ့တွဲခဲ့တယ့် ဝမ်ရီပေါ်က ဒီလို အဆင်လေးမှမဟုတ်တာကို..။ ဒီကောင်လေးက ကြည့်ကောင်းပြီးအရမ်းကို Perfectဖြစ်နေတာလေ၊ သူကတကယ်ကြီးကို ဝမ်ရီပေါ်ပဲ..အားးချောလိုက်တာ..။
အငမ်းလွန်တယ်လို့ မှတ်ချက်ပြုရမလိုပင်၊
"အ...ငါ့ ခြေထောက်..အ "
ခြေထောက်ကို ကိုင်ပြီးထိုင်မရ ထမရဖြစ်နေတယ့် သူမပုံစံက တကယ့်ကိုဟာသဆန်တာကြောင့် ရီပေါ့်မျက်နှာက ပြုံးဖြီးဖြီးပင်ဖြစ်လာသည်။ သို့သော် ယောကျာ်းကောင်းတို့မည်သည် သနားစဖွယ်မိန်းကလေးများကို မလှောင်ရယ်သင့် ဆိုသောစကားအတိုင်း၊
"ဟာ ရရဲ့လား? လီအာ မင်း အရင်လိုဖိနပ်အမြင့်တွေစီးနေတုန်းပဲနော်၊ ကြည့်ပါဦး ဝတ်ထားတယ့် စကတ်ကလဲတော်တော်တိုတာပဲ"

DU LIEST GERADE
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...