Chapter (9)

10.8K 1.1K 56
                                    

(((((Unicode)))))

"Honey...ဒီစာရင်းလေးစစ်ပေးဦး..."

Computer ရှေ့မှာအလုပ်ရှုပ်နေတယ့် ရှောင်းကျန့်၊ စာရင်းစာအုပ်ကိုနောက်ပြန်လှမ်းပေးတာမို့ စူပုတ်ပုတ်မျက်နှာပေးနှင့်သာ ရီပေါ်လှမ်းယူလိုက်မိသည်။ စိတ်ကသိပ်မကြည့်တော့ဘူးရယ် ၊

မနက်ဖြန်...မိန်းကလေးလိုဝတ်ရမှာမို့လို့ညစ်နေတယ့်ကြားထဲ ဒီအကွေးကောင်ကခိုင်းဖို့ဘဲချောင်းနေတယ်၊ ခုနကလဲ Coffeeဖျော်ခိုင်းလို့ ဖျော်ပေးပြီးသွားပြီ၊ခုလဲ လာပြန်ပြီနောက်တစ်မျိုး၊

"စာရင်း နည်းနည်းကွာနေသလားလို့၊
Honey တစ်ချက်စစ်ကြည့်လိုက်"

"ဘာပြန်ရမှာလဲ...???"

ပက်ခနဲမေးသံထွက်လာတာမို့ ရှောင်းကျန့်ကတော့ ရယ်ဖို့ဘဲတတ်နိုင်တော့သည်၊ ဒီ Honey ဟာလေ မိန်းကလေးအကျီဝတ်ရမယ်ဆိုကတည်းက စူပုတ်နေတာ၊ ခုလဲကြည့်...မေးလိုက်ပုံက

"ဖြေလေ...စာရင်းစစ်ပေးရင်
ဘာရမှာလဲလို့..."

ရွှေဝါရောင် ဆံပင်များကိုသပ်တင်ရင်းမေးလိုက်ပုံက...ကြေးစားလူမိုက်စတိုင်နဲ့၊ ဒါပေမယ့် ကျွန်တော့်မျက်စိထဲမှာ ချစ်ဖို့ကောင်းလွန်းနေသည်။ မနက်ဖြန် Party မှာမိန်းကလေးလိုဝတ်လိုက်ရင်ဖြင့်..အဟင်း ၊ ကိုယ့်ရဲ့ ကွေး နေတယ့်သက်တန့်ကြီးတောင် ဖြောင့် သွားနိုင်တယ်။

"ဟေ့..မေးနေတယ်လေ၊
ရှောင်းကျန့်..."

"ဘယ်က ရှောင်းကျန့်လဲ၊
Bunny လုပ်စမ်းပါ Honeyရာ.."

အပြောနဲ့အတူ ဆုံလည်ကုလားထိုင်ကြီးက ကုတင်နားကျွီးခနဲရွေ့လာတာမို့..ကုတင်ပေါ်အမြန်တတ်ပြေးလိုက်ရသည်။ တော်ကြာထပ်အနမ်းခံနေရမှဖြင့်ဒုက္ခ။

"Ok...ပြီးရော ၊
ဒီစာရင်းတစ်ခုတည်းမလား၊
အောက်ထပ်မှာ TV ကြည့်ရင်း
သွားလုပ်လိုက်မယ် ရတယ်မလား"

File လေးပိုက်ထားသော ထိုလူသားက တံခါးပေါက်နားကိုတောင် ရောက်နေတာမို့ ရှောင်းကျန့် ခေါင်းညိမ့်ပြပြီး...

"ခဏနေရင်...
ကိုယ်ဆင်းလာခဲ့မယ်"

"မလိုဘူး"

💮"Bunny and Honey"💮{{COMPLETED}}Where stories live. Discover now