Chapter(18)

8.6K 997 9
                                    

{{{UNICODE}}}

"ဒါကဘာကြီးလဲ???"

ဖုန်းကိုင်ထားတယ့် ရီပေါ့်လက်တွေကအံ့သြမှုကြောင့်အနည်းငယ် တုန်ယင်နေသည်။ ခြေထောက်တွေသာကောင်းနေရင်တော့ ထခုန်မိမှာမလွဲပေ..။

Hotဖြစ်နေသောထိုသတင်းသည် Caption ကလဲ ဘာကြီးမှန်းမသိ။

#MC Group ရဲ့ အနာဂတ်သခင်မလေး Honey#

"ဒါက ငါ့ပုံတွေမလား??"

စူပုတ်ပုတ်မျက်နှာပေးနှင့် မိမိပုံစံကတကယ့်ကိုမိန်းကလေးတစ်ယောက်ဆိုတာ ယုံမှားဖွယ်မရှိ၊ ရှောင်းကျန့်က မိမိကိုထိန်းဖက်ပေးထားကာ မျက်နှာကလဲပြုံးဖြဲနေသည်။နောက်တစ်ပုံကလဲ နမ်းနေသည့်ပုံ၊

ပုံတွေကိုကြည့်လိုက်၊ Comments တွေကိုကြည့်လိုက်နှင့် ရီပေါ်ခေါင်းထဲတစ်စစ်စစ်နဲ့ ထိုးကိုက်လာကာ ခေါင်းထဲမှာလဲဖမ်းဆုပ်မရတယ့် ပုံရိပ်တွေကပြေးလွှားနေခဲ့သည်။သို့သော်လည်း ရေရေရာရာမမှိတ်မိပေ။

"အ..ကျွတ် ဘာတွေလဲကွာ??၊ ငါကဘာလို့ မိန်းကလေးလိုဝတ်ထားရတာလဲ?"

" ရှောင်းကျန့်
ခင်ဗျားနဲ့ ကျွန်တော့်ကြားမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ???"

""??????? ""ပေါင်းများစွာနှင့်အတူ ရီပေါ့်ခေါင်းတွေချာချာလည်နေပြီး ရင်ထဲမှာလဲသံသယတွေက ထုနဲ့ထည်နဲ့။ အဖြစ်မှန်...အဖြစ်မှန်ကဘာလဲ???

ခေါင်းထဲလက်ခနဲတစ်ချက်ဖြစ်ကာ Wheelchair ကို အားယူတွန်းရင်းအဝတ်ဗီရိုဘေးက Luggage ကိုစူးစိုက်ကြည့်လိုက်သည်။

"စာအုပ် ဟုတ်တယ် ငါ့ရဲ့စာအုပ်ထဲမှာ တစ်နေ့တာဖြစ်စဥ်အကြောင်းရေးထားတယ်"

သို့ပေမယ့်စာအုပ်လေးကိုမတွေ့သည့်အပြင် နားထဲကြားယောင်လာတယ့် ဝူးဝူးဝါးဝါးအသံများကြောင့် နားကိုတောင်ယောင်ယမ်းကာပိတ်ထားလိုက်ရသည်။

" ငါက ကွေးနေရင်တောင် မင်းလိုကောင်မျိုးကိုစိတ်မဝင်စားဘူး"

"ပိန်းဥကောင်၊ တာဇံကောင်"

"Honey မင်းသရုပ်ဆောင်တာသိပ်တော်တယ်"

""အားးးးးးးး!!!!!!!!ဘာတွေလဲ""

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

💮"Bunny and Honey"💮{{COMPLETED}}Onde histórias criam vida. Descubra agora