##Unicode##
"အတိတ်မေ့သွားရင်ဘယ်လိုလုပ်မလဲ???"
"ဒါမှမဟုတ် အာရုံကြောထိပြီးနားကန်သွားရင်ရော"
"အောက်ပိုင်းသေရင်ရော ပြန်ကောင်းနိုင်လား???"
ဝမ်ရီပေါ်ကိုစမ်းသပ်နေတယ့် စစ်ကျွေးတစ်ယောက်နားကိုဂွမ်းဆို့ရမည့် အလားအလာဖြစ်နေသည်။ သူငယ်ချင်းအရင်းကြီးမို့သည်းခံနေရသော်လည်း ကျန့်ကျန့်ကနည်းနည်းတော့အကဲပိုလွန်းသည်မလား???
ခေါင်းကွဲသွားကာဘယ်ဘက်ခြေထောက်လဲ ကျိုးသွားသည်တယ့်၊ တစ်ညလုံးသတိလစ်နေတာ နည်းနည်းတော့လွန်လာပြီ။ဒါမှမဟုတ် ပိန်းဥကDramaထဲကလိုသတိရလာပေမယ့်ဟန်ဆောင်ပြီး နားထောင်နေတာလား???
"ဝမ်ရီပေါ်"
"ဝမ်ရီပေါ် ထ လေ"
"ကျန့်ကျန့် နင့်ပါးစပ်ပိတ်ထားလို့ရမလား??အဲ့လိုအော်ဟစ်နေရင် ငါပြန်တော့မှာနော်၊အစကတည်းက ကြိုက်ရင်ဖွင့်ပြောလိုက်ပေါ့၊ခုတော့ မသေတာကံကောင်း"
စစ်ကျွေးကဟင်းခနဲသက်ပြင်းချပြီး ကျင်းရီဆီဖုန်းခေါ်ရန်ပြင်လိုက်သည်။ ဇီးရွမ်းကိုပါခေါ်လာပြီးအကဲဆတ်နေသော သူငယ်ချင်းအားလာချော့မော့ရတ်အတိုချုံး၍ပြောပြလာရသေးသည်။ ကိုယ်က ဆေးရုံသွားရဦးမယ်မဟုတ်လား???
"ငါပြန်မယ် ကျန့်ကျန့်၊တစ်ခုခုထူးခြားရင် ငါ့ဆီကိုဖုန်းဆတ်"
"အင်း..."
စစ်ကျွေးထွက်သွားတော့မှ ရှောင်းကျန့်သက်ပြင်းဖွဖွချကာ ပြတင်းပေါက်ကိုမျက်နှာမူရင်းအတွေးတွေကဝေဝါးနေလျက်။
အလုပ်ထွက်ပြီးနောက်မှာ မိမိဆီကိုခွမ်းဟွားအဖြစ်ရောက်လာတယ့် ဝမ်ရီပေါ်။
HoneyဆိုသောTomboyဘဝနှင့်ပင် ဝမ်ရီပေါ်ကိုချစ်ခဲ့မိသည်။
ယောကျာ်းလေးဖြစ်နေရုံသာမက ဝမ်ရီပေါ်မှန်းသိလိုက်ရသောအခါ ပို၍ပျော်ခဲ့ရသည်။
တစ်ချိန်ကခပ်ဒူဒူ ခပ်အအ မှုန်တေတေနဲ့ကောင်လေးမဟုတ်ဘဲ တစ်မူဆန်သစ်တယ့်သူ့ပုံစံကကျွန်တော့်ရင်ခုန်သံကိုနိုးထအောင်လုပ်ခဲ့ပြီးမှ...
YOU ARE READING
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...