Chapter (6)

11.4K 1.1K 60
                                    

//////Unicode//////

🌺🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿

Woo....
Woo....
Woo....

ရီပေါ်...စိတ်ထဲမှ တစ် Woo ဖြစ်ကာခြံ ကြီးကိုသာလှည့်လည်ကြည့်နေမိသည်။
အရမ်းမိုက်တယ် ။
အရမ်း အရမ်းကိုမိုက်တယ် ။
အကွေးကောင်ချမ်းသာချက်က ထင်မထားလောက်အောင်ပဲ ။ ပန်းပေါင်းမျိုးစုံက..လေယူရာယိမ်းနွဲ့နေပြီး စိမ်းပြာရောင်ရေကူးကန်ကြီးကိုကြည့်ကာ..ချက်ချင်းပင်ရေကူးချင်လာသလို ။ရေလည်မိုက်တယ်ကွာ ။

မိမိဘေးတွင်...လည်ပင်လိမ်မတတ်စပ်စုနေသော ဘောပြားမ ကိုကြည့်ကာရှောင်းကျန့် ဟက်ခနဲရယ်လိုက်မိသည်။ ဖြူစင်တယ် ၊ ဟန်ဆောင်မှုမရှိဘူး ၊ သူ့မျက်နှာမှာဘာတွေးနေသလဲဆိုတာ ခန့်မှန်းလို့ရတယ် ။

"H o n e y......!!!!! "

နားနားကပ်ကာ ခပ်ဆတ်ဆတ်အော်လိုက်သံကြောင့် ရီပေါ်လက်တွေ့ကမ္ဘာထဲပြန်ရောက်လာကာ.....အသံရှင်အားပေစောင်းစောင်းကြည့်လိုက်ပြီး...

"ဘာလဲဗျာ....နားမလေးပါဘူး ၊
ဖြေးဖြေးခေါ်လဲ ရပါတယ် "

"ဪ....မသိဘူးလေ ၊
ကိုယ်က မတ်တပ်ကြီးဝိညာဥ်လွှင့်နေတယ်
ထင်လို့ ၊ ခြံထဲကိုအဲ့လောက်ထိမကြည့်နဲ့လေ ၊ အိမ်ထဲမှာ စိတ်ဝင်စားစရာတွေပိုရှိတယ်.... "

စကားပြောရင်းပင် မိမိလက်ကိုဖြတ်ခနဲလာဆွဲတယ့်...အကွေးကောင်ကြောင့်ရီပေါ် ဆန့်ငင်ဆန့်ငင်နဲ့လိုက်ပါလာရသည်။

အိမ်ထဲခြေချလိုက်တာနဲ့..အတွင်းဖိနပ်နှစ်ရံလာချပေးသော Uniform နဲ့ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ၊ နောက်ပါးမှာလဲမိမိ Luggage ကိုလာသယ်ပေးသော ကောင်လေးတစ်ယောက် ၊ ရီပေါ် စေ့စေ့စပ်စပ်အကဲလိုက်ခတ်နေရင်း...ရှောင်းကျန့်အသံကြားမှ....

"Honey ဘာသောက်မလဲ.."

သူ့စကားလဲအဆုံး အနားထပ်ရောက်လာသောကောင်လေးတစ်ယောက် ၊ ဒါလေးကလဲ အချောလေးပင် ၊ ရီပေါ်ချောင်းတစ်ချက်ဟမ့်လိုက်ရင်း...

"အဟမ်း..ရေအေးအေးလေးသောက်ချင်တယ် "

"Ok...ကိုယ့်အတွက်တော့..
Orange Juice ပဲပေး "

ထိုကောင်လေး က ခေါင်းညိမ့်ပြကာ နေရာမှလှစ်ခနဲထွက်သွားတော့သည်။
အင်း...ဒီခပ်ချောချောကောင်လေးတွေကရော...ရှောင်းကျန့်နဲ့လွတ်ကင်းရဲ့လား ၊
ဒီလောက်ထိ ထကြွနေတယ့်သူက ဘာလို့..ကာလသားရောဂါဖြစ်ပြီးမသေတာလဲ??

💮"Bunny and Honey"💮{{COMPLETED}}Opowieści tętniące życiem. Odkryj je teraz