//////Unicode//////"နင့်မှာ မေ့ဆေးပါလား..."
မဆိုင်တယ့်မေးခွန်းမို့ မျက်လုံးတွေဝိုင်းစက်သွားသူက ဟန်စစ်ကျွေးပင်၊ ရှောင်းကျန့်က..ဟက်ခနဲတစ်ချက်ရယ်ပြီး
"Honey ကိုမေ့ဆေးပေးပြီး
ငါတို့သံသယတွေကိုဖြေရှင်းလိုက်ရအောင်"ဆရာဝန်တစ်ယောက်မလို့ အရေးပေါ်ဆေးပစ္စည်းများက အဆင်သင့်ပါလာသော်လည်း..ရှောင်းကျန့်အကြံကိုသဘောတူသင့်၊ မတူသင့်စဥ်းစားနေမိသည်၊
"ငါ့ကိုလိမ်မယ်မကြံနဲ့နော် စစ်ကျွေး"
သူမ သက်ပြင်းကိုသာချလိုက်ရင်း ကျန့်ကျန့်ကိုစိတ်ပျက်စွာဖြင့်သာ ကြည့်လိုက်မိသည်၊
"ကောင်းပြီ၊
ငါ မကူညီရင်လဲ
နင် မဖြစ်ဖြစ်အောင်လုပ်မှာဘဲမလား..?""အဟွန်း...
သိပ်သေချာတာပေါ့ "စစ်ကျွေးက သက်ပြင်းကိုဟင်းခနဲမှုတ်ထုတ်ရင်း ဆုံးဖြတ်ရခက်နေပုံနှင့် အင်တင်တင်ဖြစ်နေသည်။ ရှောင်းကျန့်က ဆေးသေတ္တာကိုဆွဲယူလိုက်ပြီး...
"နင် မကူညီရင်
ငါ့ဘာသာ ငါဆက်လုပ်မယ်""ကောင်းပြီ
ငါကူညီပေးမယ်"
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
အခန်းထဲ ခြေချလိုက်တာနှင့် ကုတင်ပေါ်ကိုးယို့ကားယားအိပ်နေသော Honeyက ဆီးလို့ကြိုနေသည်။မိန်းကလေးဖြစ်ပြီး ဖုံးဖုံးဖိဖိမရှိဘဲ ဗြုတ်စဗျင်းတောင်းအိပ်နေပုံက ပရမ်းပတာဆန်နေတာမို့ စစ်ကျွေးတောင်ပြုံးစိစိ ဖြစ်သွားတာအမှန်ပင်။
ရှောင်းကျန့်က မျက်စပစ်ပြလိုက်တော့ စစ်ကျွေးက ခေါင်းညိမ့်ထောက်ခံရင်း ပုဝါဖြူလေးနှင့် Honeyမျက်နှာပေါ် ခပ်ဖွဖွလေးအုပ်လိုက်ပြီး
"ရပြီ...အချိန်သိပ်မရတော့ဘူးနော်
ကျန့်ကျန့် အမြန်စစ်ဆေးပါ"ရှောင်းကျန့်က စိတ်မြန်လက်မြန်ပင် ညအိပ်ဝတ်အကျီလေးကို အကြမ်းပတမ်းဆွဲချွတ်ပစ်လိုက်သည်။
"ဟင်..."
မိန်းကလေးရင်ဘတ်မဟုတ်ဘဲ ပြားကပ်ကပ်ရင်ဘတ်လေးမှာ...ချယ်ရီရောင်ပွင့်ချပ်နှစ်ခုက အသားဖြူဖြူပေါ်မှာထင်းခနဲ။
YOU ARE READING
💮"Bunny and Honey"💮{{COMPLETED}}
Fanfiction[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...