{{{ UNICODE }}}
"ကိုယ့်ကို တွဲလျှောက်လေ၊
နာနေတယ့်ခြေထောက်ကို တအားဖိမလျှောက်နဲ့"ရှောင်းကျန့်က ရီပေါ့်ခါးလေးကိုထိန်းဖက်ထားရင်း ပါးစပ်ကလဲမှာတမ်းခြေလို့မပြီးနိုင်မစီးနိုင်။ ခြေထောက်တွေကောင်းမှ ဟင်းးဟင်းးဂလု..။အတွေးတို့နှင့်အတူ ပိန်းဥ ခါးသေးသေးလေးကိုလဲ တင်းခနဲနေအောင်ဖက်ထားလိုက်မိသည်။
"Ya ဘာလို့အသေဖက်ထားတာလဲ? ဒီမှာ ခါးမျက်တော့မယ်ဗျ "
"အယ်..ဟိုလေကိုယ်က စိုးရိမ်လို့ပါ ရီပေါ်ရာ၊ အဲ့လိုနှုတ်ခမ်းကြီးစူမနေပါနဲ့ "
ရီပေါ်က ဟွင်းခနဲနှာမှုတ်ကာ မျက်မှန်ဝိုင်းကြီးကိုပင့်တင်လိုက်သည်။ ထို့နောက်ရှောင်းကျန့်ကို မှင်သေသေကြည့်ရင်း..
"ကျွန်တော့်ခြေထောက်တွေကို တော်တော်စိတ်ပူနေပုံပဲနော်"
"အင်း အရမ်းကိုစိတ်ပူနေတာ"
" စိတ်ပူတာကနည်းနည်း၊ နှာဘူးထချင်တာကများများ၊ ခင်ဗျားတော်တော်ဖြစ်နေတယ်မလား??"
ရီပေါ် စိတ်မရှည်ပဲ ဒဲ့ဒိုးသာမေးလိုက်သည်။ ဟိုက အရှက်မရှိပြန်ဖြေပုံက ထင်တယ့်အတိုင်း..
"ကိုယ်တော်တော်ဖြစ်နေတာကို Honey လဲသိနေတယ်ပေါ့ "
"ဘာ Honey လဲ??
အဲ့လိုမိန်းမဆန်ဆန်ကြီး ကျွန်တော့်ကိုလာမခေါ်နဲ့ ဖယ်..."အပြောနဲ့အတူ သူ့ကိုတွန်းဖယ်ကာ အိမ်ကြီးထဲဝင်သွားတယ့် ရီပေါ်ကြောင့် ရှောင်းကျန့်မှာခပ်မိန့်မိန့်ပြုံးရင်း..
"ဟာ. ပိန်းဥခြေထောက်တွေက..Wow ဟားး ဟားး "
*****
Company ထဲခြေချလိုက်တာနှင့် မျက်လုံးပေါင်းများစွာက မိမိဆီကိုဦးတည်လာတာမို့ ရီပေါ် ခြေလှမ်းမမှားအောင်မနည်းဂရုစိုက်နေရသည်။
ဂုတ်ထောက်ဆံပင်များက တိုတစ်လှည့်ရှည့်တစ်လှည့်ဖြစ်နေပြီး ဂါဝန်ရှည်တစ်ထည်ကိုဝတ်ထားသော ကိုယ့်ပုံစံကဘာရုပ်ထွက်နေလဲမသိတော့ ၊ အတိတ်မမေ့ခင်တုန်းက ငါဘယ်လိုတွေများသရုပ်ဆောင်ခဲ့ပါလိမ့်? ခုချိန်မှာတော့ အတော်လေးသွေးပျက်နေပြီ။
![](https://img.wattpad.com/cover/203136041-288-k770046.jpg)
ESTÁS LEYENDO
💮"Bunny and Honey"💮{{COMPLETED}}
Fanfic[UNICODE +ZAWGYI] ရုပ်ဆိုးဆိုးပိန်းဥလေးကို Version မြှင့်လိုက်ပြီး ဘေထုပ်အကျီမှ Limited Brand ဖြစ်သွားသောအခါဝယ်... ကွေးနေတယ့် ကိုကိုကွေးနဲ့ ဉာဏ်ကောင်းမလိုနဲ့ နည်းနည်းဒူနေတယ့် ပိန်းဥလေးအကြောင်း.. Start (13.10.2019) End (6.6.2020) Ownstory (Zhanyi) Sa...