Chapter(28)

8.1K 887 36
                                    

[[ UNICODE ]]

"Honey ထတော့လေ ဒီတစ်ပတ်Sunday ပျော်ပွဲစားထွက်မယ်လို့ ကိုယ်ပြောထားရက်သားနဲ့ "

"အင်း ထပြီ"

မျက်ခမ်းစပ်တို့ကို အတင်းဖိပွတ်ရင်း ရီပေါ်အိပ်ရာမှကုန်းထလိုက်သည်။ ထိုလူသားကတော့ မိမိကိုအပြုံးလေးနှင့်သာကြည့်နေပြီး အက်ကြောင်းထပ်နေတယ့်စကား တစ်ခွန်းကိုသာထုံးစံအတိုင်း..

"ချစ်ဖို့ကောင်းလိုက်တာကွာ "

"အွန်း အဲ့ဒါဆိုအာဘွားပေး"

ရှောင်းကျန့် က မျက်လုံးလေးပြူးကာ အံသြသွားတယ့်အမူအရာလုပ်ပြလိုက်ပြီး ထိုးပေးတယ့်ဝါညက်ညက်ပါးပြင်လေးကို အနမ်းတစ်ပွင့်ခြွေကာ..

" သိပ်ကိုတတ်နေတာနော်၊ ဒီနေ့တော့သွားစရာရှိလို့ မသိချင်ယောင်ဆောင်ပေးလိုက်မယ်၊ နောက်နေ့ဆိုရင်တော့ ဟွင်း ဟွင်း ကိုယ့်ဘဝကိုယ်တွေးတော့ "

ကုတင်ပေါ်မှာ ခြေစင်းထိုင်နေရင်း အူမြူနေတယ့် ရှောင်းကျန့်ပေါင်ပေါ်ခြေထောက်တွေ ပစ်တင်ပြီး ရီပေါ်ဇာတ်လမ်းစလိုက်သည်။ ဒီအတိုင်းကြီးဆို အခန်းထဲမှာပျင်းဖို့ကောင်းတယ်မလား???

"ခြေထောက်တွေက ဘာဖြစ်လို့လဲ?"

"တင်ကြည့်တာလေ မရဘူးလား"

"Honey ငရဲကြီးမှာစိုးလို့ပါ"

စကားတတ်လွန်တယ့် ထိုလူသားကို ရီပေါ်တို့ပြန်လည်ချေပလိုက်ပုံက..

"ကျွန်တော့် ပေါင်ကြားထဲ ရှောင်းလူကြီးမင်း ခေါင်းဝင်တာကျတော့ ငရဲမကြီးဘူးလား ခင်ဗျာ..???"

အမေးရှိရင် အဖြေကရှိစမြဲလေ၊ ရှောင်းကျန့်ကလဲ ပြုံးလျက်ပင်..

"ပေါင်ကြားထဲခေါင်းဝင်တာက သမိုင်းပေးတာဝန်လေ၊ အဲ့လိုလုပ်လို့ငရဲကျမယ်ဆိုရင် ငရဲပြည်က လူဦးရေအများဆုံးနေရာ ဖြစ်သွားလိမ့်မယ်"

ရီပေါ်က တဟီးဟီးထရယ်လိုက်ပြီး ပြုံးရွှင်စွာနှင့်စကားကိုဆက်သည်။

"အဲ့တာဆို ငရဲပြည်ကိုနာမည်ပြောင်းလိုက်မယ်၊ အထန်ကောင်တို့စုစည်းရာ နယ်မြေဆိုပြီးတော့.."

💮"Bunny and Honey"💮{{COMPLETED}}Tahanan ng mga kuwento. Tumuklas ngayon